backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

အရေပြားတွင် ထိုးသွင်းခံရခြင်း


Dr. Phio Thiha မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

ထိုးသွင်းဒဏ်ရာ ဆိုတာဘာလဲ။

ရှည်ပြီးချွန်ထက်တဲ့ အရာဝတ္ထုတခုခုနဲ့ ထိုးသွင်းခံရရင် ဖြစ်နိုင်ပါတယ်။ အဖြစ်များဆုံးကတော့ သံဆူးမိတာပါပဲ။ ချုပ်ဖို့လည်း အနာက သိပ်မကြီးပါဘူး။ အပေါ်ယံက လျင်မြန်စွာ ပိတ်သွားပြီး သွေးထွက်လာတာမျိုးလည်း မရှိတာမို့ ဒီလိုဒဏ်ရာမျိုးဟာ ပိုးဝင်နိုင်ချေ အင်မတန်များပါတယ်။ အပေါ်မျက်ခွံ ထိုးသွင်းဒဏ်ရာ ရရင် (ဥပမာ ခဲတံနဲ့ ထိုးမိပြီး) အထူးသတိထားရပါတယ်။ ဦးနှောက်ပြည်တည်တဲ့အထိ ဖြစ်တတ်လို့ပါ။ ခြေထောက်မှာ ပိုးဝင်သွားရင်လည်း ရောင်ရမ်းမှုတွေက ဒဏ်ရာရအပြီး ၁ပတ်ကနေ ၂ပတ်အထိ ဖြစ်နိုင်ပါတယ်။ တကယ်လု့ိ သင့်ကလေးက မေးခိုင်ကာကွယ်ဆေး ထိုးမထားရင် မေးခိုင်ပိုးဝင်သွားနိုင်ပါတယ်။

လက္ခဏာများ

ထိုးသွင်းဒဏ်ရာရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ထိုးသွင်းမိတဲ့နေရာမှာ နာကျင်ပြီး သွေးအနည်းငယ်ထွက်တတ်ပါတယ်။ ပြတ်ရှသွားတာမျိုး ရှိရင်တော့ ပိုလို့မြင်သာပါတယ်။ ဒါပေမယ့် ဖန်ကွဲစလေးတွေ စူးမိတာမျိုးဆိုရင်တော့ ချက်ချင်းသတိမထားမိတတ်ပါဘူး။ အနာပိုးဝင်သွားရင် ရဲလာမယ်၊ ရောင်လာမယ်။ အရည်ကြည်တွေထွက်မယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘာလုပ်သင့်လဲ

သင့်အနေနဲ့ ဘာလုပ်သင့်သလဲ

ရေနွေးထဲမှာ ၁၅မိနစ်ခန့် စိမ်ပေးပါ။ အနာထဲမှာ အညစ်အကြေးအကြွင်းအကျန်တွေ ကျန်မနေအောင် သေချာဆေးကြောပါ။ သွေးအနည်းငယ် ပြန်ထွက်လာနိုင်ပြီး အဲဒါက ပိုးတွေကို ဖယ်ရှားဖို့ အထောက်အကူပြုပါတယ်။

အနာကိုဖုံးနေတဲ့ အရေပြားအဖတ်တွေကို ဖြတ်ထုတ်ပစ်ပါ။ မဟုတ်ရင် အတွင်းက အညစ်အကြေးတွေကို ဆေးရခက်ပါတယ်။ အဲဒီအတွက် အရက်ပျံနဲ့ သေချာဆေးကြောပြီး ဖြတ်ပစ်နိုင်ပါတယ်။

ပိုးဝင်တာကို ကာကွယ်ဖို့အတွက် ပိုးသတ်နိုင်တဲ့ လိမ်းဆေးတွေ လိမ်းနိုင်ပါတယ်။ ၁၂နာရီတစ်ခါ အနာကို ပြန်ဆေးကြော၊ ဆေးပြန်လိမ်းတာမျိုး ၂ရက်လုပ်ပေးပါ။ အနာသက်သာစေတဲ့ ဆေးတွေလည်း သောက်နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ကလေးရဲ့ ဆရာဝန်နဲ့ ချက်ချင်း ဆက်သွယ်သင့်ပါတယ်။

ညစ်ပတ်တဲ့ ပစ္စည်းတစ်ခုနဲ့ ထိုးမိတာမျိုး ဖြစ်ရင်

ထိခိုက်မိတဲ့အချိန်မှာ အရေပြားက ညစ်ပတ်နေရင်

• ဆေးကြောပြီးတဲ့အခါ အနာမှာ အညစ်အကြေးတွေ တွေ့နေသေးရင်

• ပစ္စည်းရဲ့ထိပ်က အနာမှာ ပြတ်ပြီးကျန်နေခဲ့ရင်

• ခေါင်း၊ ရင်ဘတ်၊ ဗိုက်နဲ့ အဆစ်တွေမှာဖြစ်ရင်

• သင့်ကလေးက မေးခိုင်ကာကွယ်ဆေး မထိုးရသေးရင်

အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင်လည်း သင့်ကလေးရဲ့ ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

• သင့်ကလေးက လွန်ခဲ့တဲ့၅နှစ်အတွင်း မေးခိုင်ကာကွယ်ဆေး (ထပ်တိုးအားဖြည့်အကြိမ်) မထိုးထားရသေးရင်

• အနာက ပိုးဝင်တယ်လို့ထင်ရင်

• နာကျင်မှု၊ နီရဲမှုနဲ့ ရောင်ရမ်းခြင်းတွေက ၄၈နာရီကြာပြီးနောက်ပိုင်း ပိုဆိုးလာရင်

ကာကွယ်မှုများ

ဘယ်လိုကာကွယ်လို့ ရမလဲ

ဓါး၊ ကတ်ကြေးနဲ့ ချွန်ထက်တဲ့ပစ္စည်းတွေကို ကလေးနဲ့ မထိတွေ့မိအောင် ထားပါ။ ကလေးအရွယ်ရလာရင် ဒီပစ္စည်းတွေကို ဘယ်လိုဘေးကင်းအောင် အသုံးပြုရမလဲ သေချာသင်ပေးပါ။

သင့်ကလေး လိုအပ်တဲ့ကာကွယ်ဆေးတွေ ထိုးထားဖို့လည်း ဂရုစိုက်ပါ။ ယေဘုယျအားဖြင့် မေးခိုင်ကာကွယ်ဆေးကို ၁၀နှစ်တစ်ခါ ထိုးဖို့ လိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Phio Thiha မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement