backup og meta

အပူလောင်ခြင်း အမျိုးအစားအချို့နှင့် ပြုစုနည်းများ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အပူလောင်ခြင်း အမျိုးအစားအချို့နှင့် ပြုစုနည်းများ

    အပူလောင်ခြင်းဆိုသည်မှာ အပူနှင့်ဓာတုဗေဒပစ္စည်းများကြောင့်ဖြစ်စေ၊ အရည်ပူလောင်ကျွမ်းခြင်းကြောင့်ဖြစ်စေ ခန္ဓာကိုယ်၏ အရေပြား (သို့) တစ်ရှူးအသားမျှင်တို့တွင် ဒဏ်ရာရခြင်းကို ခေါ်ပါသည်။

    အရည်ပူလောင်ခြင်းဆိုသည်မှာ ပူသောအရည်၊ အငွေ့များကြောင့် ခန္ဓာကိုယ်၏ အရေပြားတွင် ဒဏ်ရာ ရခြင်းကို ခေါ်ပါသည်။

    အပူလောင်ကျွမ်းခြင်းကြောင့်အရေပြားကို ပြင်းထန်စွာ ထိခိုက်နိုင်ပါသည်။

    အရေပြားသည် ခန္ဓာကိုယ်၏အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အပြင်လွှာ (Epidermis) နှင့် အတွင်းလွှာ (Dermis) ဟူသော တစ်ရှူး (အသားမျှင်) (၂)လွှာဖြင့် တည်ဆောက်ထားပါသည်။ အပေါ်ယံ အရေပြား သည် အဆီလွှာပေါ်တွင်တည်ရှိပြီး ရေလုံစေပါသည်။ အတွင်းလွှာတွင် သွေးကြောများ၊ အာရုံကြောများ၊ ကြွက်သားများ၊ အဆီပြုဂလင်းများ၊ ချွေးဂလင်းများနှင့် မွေးညင်းမြစ်များပါရှိပါသည်။

    အရေပြား၏ အဓိကလုပ်ငန်းစဉ်များမှာ

    • ပြင်ပမှ ရောဂါပိုးမွှားများ မဝင်ရောက်စေရန် ကာကွယ်ခြင်း၊
    • ခန္ဓာကိုယ်မှ အညစ်အကြေးများကို ချွေးအဖြစ်စွန့်ထုတ်ခြင်း၊
    • ခန္ဓာကိုယ်အား အပူဓာတ်၊ အအေးဓာတ်တို့ကို သမမျှတစေခြင်း၊
    • ထိခိုက်ဒဏ်ရာများကို အနာကျက်စေခြင်း၊

    (၁)      မီးလောင်ခြင်း              

    မီးတောက်၊ မီးတောက်နှင့် သက်ဆိုင်စေသည့် အကြောင်းရင်းများ၊ (ဖယောင်းတိုင်မီး)၊ ပွတ်တိုက်မှုကြောင့် အပူလောင်ခြင်း၊ ပေါက်ကွဲမှုကြောင့် အပူလောင်ခြင်း။

    (၂)       ပူသောအရည်အငွေ့       

    ရေနွေးငွေ့၊ ရေနွေးပူ၊ ပူသောအရည်များ (ဥပမာ-လက်ဖက်ရည်၊ ကော်ဖီ)

    (၃)      လျှပ်စစ်ဓာတ်              

    အိမ်သုံးဗို့အားနည်း၊ ဗို့အားကြီး၊ မိုးကြိုးပစ်ခြင်း၊ (သံ၊ သွပ်၊ ကြေးနီ၊ ရေ)

    (၄)      အအေးဓာတ်လောင်      

    နှင်းကိုက်ခြင်း၊ အေးခဲနေသော သတ္တုပစ္စည်းများနှင့် ထိတွေ့ ကျွမ်းခြင်း၊ ကျွမ်းခြင်း ခဲနေသာ အခိုးအငွေ့များနှင့် ထိတွေ့ခြင်း (သို့) အောက်ဆီဂျင် (သို့) နိုက်ထရိုဂျင် အရည်များ လောင်ကျွမ်းခြင်း။

    (၅)      ဓါတုဗေဒပစ္စည်းများ      

    စက်ရုံသုံးဓာတုဗေဒဆေးအရည်၊ အငွေ့၊ အိမ်သုံးဓာတုဗေဒဆေးရည်၊ လောင်ကျွမ်းခြင်း အိမ်သုတ်ဆေး ကော့စတစ်ဆိုဒါ။ ပြင်းထန်သော အက်စစ်နှင့် အဲလ်ကာလီ

    (၆)      နေရောင်ခြည်ကြောင့် နေပူလောင်ခြင်း   

    ခရမ်းလွန်ရောင်ခြည် အပြလွန်၍ လောင်ခြင်း၊ လောင်ကျွမ်းခြင်း ရေဒီယိုဓါတ်ရောင်ခြည်ထိတွေ့ခြင်း။

    ဓာတုဗေဒဆေးရည်လောင်ကျွမ်းခြင်း

    • အရေပြား၏ အပြင်လွှာနှင့်အတွင်းလွှာကို လျှင်မြန်စွာ လောင်ကျွမ်းစေရုံသာမက အပူလောင်ခြင်း တတိယဆင့်ကိုပါ ဖြစ်ပေါ်စေပါသည်။
    • ဆေးရည်ရှိနေသမျှ အပူလောင်ကျွမ်းခြင်းကို ဖြစ်ပေါ်စေပါသည်။

    လက္ခဏာ

    • အရေပြားနီရဲခြင်း
    • အရေပြားပေါ်တွင် ဓာတုဗေဒဆေးရည်စွန်းနေခြင်း
    • ပြင်းထန်စွာနာကျင်ခြင်း
    • ရောင်ရမ်းခြင်း
    • အရေပြားအရောင်ပြောင်းလဲခြင်း

    ပြုစုခြင်း

    (၁)      ထိခိုက်ဒဏ်ရာရထားသော နေရာအနီးတဝိုက်တွင် ဓာတုဗေဒဆေးရည် ကျန်ရှိခြင်း ရှိ/မရှိ ကြည့်ပါ။

    (၂)       လိုအပ်ပါက နေရာပြောင်းရွှေ့ပေးပါ။

    (၃)      ဒဏ်ရာနှင့် အနီးတဝိုက်ကို ရေဖြင့်စင်ကြယ်စွာ ဆေးကြောပါ။ (လက်အိတ်၊ ဖိနပ် ဝတ်ထားပါ။)

    (၄)      ဒဏ်ရာပေါ်တွင်ရှိသော အဝတ်များကို ရေလောင်းနေစဉ် ညင်သာစွာ ချွတ်ပေးပါ။

    (၅)      ဒဏ်ရာကို ခြောက်သွေ့သန့်စင်သော ပိတ်ပါးစအုပ်ပြီး ပတ်တီးဖွဖွစည်းခြင်းဖြင့် ပိုးမွှား မဝင်ရောက် စေရန် ကာကွယ်ပါ။

    (၆)      ဓါတ်ဆားရည်၊ လတ်ဆတ်သောသစ်သီးဖျော်ရည် (သို့) ရေအေးအေးကို ဖြည်းညှင်းစွာ မကြာခဏ တိုက်ပါ။

    (၇)      လူနာကို ချမ်းတုန်ခြင်းမဖြစ်ပေါ်စေရန် နွေးနွေးထွေးထွေးထားပါ။

    (၈)      သွေးဆုတ်၊ သွေးလန့်ခြင်းမှ ကာကွယ်ပါ။

    (၉)      ဓာတုဗေဒဆေးရည်အမည်သိရှိပါက ဆေးရည်အမည်နှင့် အတူဆေးရုံ၊ ဆေးခန်းသို့ပို့ပါ။

    ထုံး (သို့) ဓာတုဗေဒပစ္စည်းသည် အမှုန့်ဖြစ်ပါက-

    (၁)      ဦးစွာရေမလောင်းရပါ။

    (၂)       ခန္ဓာကိုယ်ပေါ်မှ ဆေးမှုန့်များကို ဦးစွာဖယ်ရှားပါ။

    (၃)      အကာအကွယ်ပစ္စည်းသုံးပြီး ကိုင်တွယ်ဖယ်ရှားပါ။

    (၄)      ဆေးမှုန်များကို စင်ကြယ်စွာ ဖယ်ရှားပြီးမှ ရေလောင်းပြီး ဆေးကြောပါ။

    ဓါတ်လိုက်ခြင်း(လျှပ်စစ်ဓါတ်လောင်ကျွမ်းခြင်း)

    • အိမ်သုံးဗို့အားနည်းသောဓါတ် (တိုက်ရိုက်လျှပ်စီး၊ ပြန်လှန်လျှပ်စီး) သာမက ဗို့အားကြီးသော လျှပ်စစ်ဓါတ်များလောင်ကျွမ်းပါက အသက်အန္တရာယ် စိုးရိမ်ရပါသည်။

    လက္ခဏာ

    • သတိလစ်ခြင်း
    • အပူလောင်ခြင်း (ဒုတိယအဆင့်၊ တတိယအဆင့်)
    • ရောင်ရမ်းခြင်း၊ မခံမရပ်နိုင်အောင် ပူလောင်ခြင်း
    • အရေပြားများတွန့်လိမ်နေခြင်း
    • လျှပ်စစ်ဓာတ်အဝင်ပေါက်နှင့် အထွက်ပေါက်များတွေ့ရခြင်း (လက် (သို့) ခြေထောက်)
    • အရေပြားညိုမည်းခြင်း၊ နီရဲခြင်း၊ အသက်ရှူခက်ခြင်း၊ သွေးခုန်နှုန်းမမှန်ခြင်း

    ပြုစုခြင်း

    (၁)  လျှပ်စစ်ခလုတ်ကို ပိတ်ပါ။

    (၂)   လူနာသတိလစ်နေပါက လေဝင်လမ်းကြောင်းအားဖွင့်ပါ။ အသက်ရှူ/မရှူစစ်ဆေးပါ။

    (၃)  အသက်ရှူအားကူနည်းနှင့် နှလုံးနှိုးဆွနည်းပြုလုပ်ပါ။

    (၄)  ခြောက်သွေ့သန့်ရှင်းသော၊ ပိုးသတ်ထားသော ပိတ်ပါးစအုပ်ပြီး ပိတ်ကျဲစဖြင့် ပြုလုပ်ထားသော ပတ်တီး ဖြင့် ဖွဖွစည်းပါ။

    (၅)  လိုအပ်ပါက ဒဏ်ရာရောင်ရမ်းမလာခင် လောင်ကျွမ်းသော အဝတ်အစားများကို ချွတ်ပေးပါ။

    (၆)  လူနာကို နွေးထွေးစွာထားပါ။

    (၇)  ဆေးရုံ၊ ဆေးပေးခန်းသို့ ပို့ပါ။

    မျက်စိအပူလောင်ခြင်း

    အက်စစ်၊ အယ်ကာလီ၊ ထုံး၊ ပိုးသတ်ဆေး စသည့် ဓာတုဗေဒဆေးရည်များ၊ အခြား အပူလောင်ခြင်းများ ဖြစ်သော ဆီပူလောင်ခြင်း၊ ဆေးလိပ်မီးလောင်ခြင်း၊ ဂဟေဆော်ရာတွင် အနီးကပ် ကြည့်မိခြင်းတို့သည် မျက်စိအား အပူလောင်ခြင်းနှင့် ပြင်းထန်စွာပျက်စီးမှုကို ဖြစ်ပေါ်စေပါသည်။ ၄င်းတို့အနက် ဓာတုဗေဒဆေးရည် လောင်ကျွမ်းပါက မျက်စိ၏ အပြင်ဖက် မျက်နှာပြင် ပျက်စီးခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ ကွယ်ခြင်းများကို ဖြစ်ပေါ် စေပါသည်။

    လက္ခဏာ

    • မျက်စိအတွင်းနာကျင်ခြင်း
    • ဒဏ်ရာရသောမျက်စိ မဖွင့်နိုင်ခြင်း
    • မျက်စိတဝိုက်နီရဲခြင်းနှင့် ရောင်ရမ်းခြင်း
    • မျက်ရည်ကြည်များထွက်ခြင်း
    • မျက်စိတဝိုက် ဓာတုဗေဒဆေးရည်များတွေ့ရခြင်း

    ပြုစုနည်း

    (၁)      ပြုစုသူ၏ လက်ကိုလက်အိတ်စွပ်ပါ။

    (၂)       ဒဏ်ရာရသော မျက်စိအားစောင်း၍ ရေဘုံဘိုင်အောက်တွင် ရေဖြင့်ဆေးကြောပါ။

    (၃)      ဖြစ်နိုင်လျှင် အပေါ်မျက်ခွံ၊ အောက်မျက်ခွံတို့ကို လှန်၍ ဆေးကြောပါ။

    (၄)      အကယ်၍ မျက်ခွံပိတ်ပါက ညင်သာစွာ လှန်ပြီးဆေးကြောပါ။

    (၅)      ဒဏ်ရာမရှိသောမျက်စိ၊ နှာခေါင်းတို့အား ဓာတုဗေဒဆေးရည် မစင်စေရန် ဂရုပြုပါ။

    (၆)      သန့်စင်သော ပိတ်ပါးစခံ၍ ပတ်တီးစည်းပါ။

    (၇)      ဆေးရုံသို့ ပို့ဆောင်ပါ။

     

    လေပြွန်လမ်းကြောင်းအပူလောင်ခြင်း

    • မျက်နှာ၊ ပါးစပ်အတွင်း၊ လည်ချောင်းတို့တွင် အပူလောင်ပါက လေပြွန်လမ်းကြောင်းကို ပြင်းထန်စွာ ထိခိုက်တတ်ပါသည်။
    • အပူသည် လေပြွန်လမ်းကြောင်းကို ပြင်းထန်စွာဖြတ်သန်းပြီး ရောင်ရမ်းမှုကို ဖြစ်ပေါ်စေပါသည်။
    • လေပြွန်ရောင်ရမ်းပါက အသက်ရှူလမ်းကြောင်းပိတ်ဆို့ပြီး သေဆုံးနိုင်ပါသည်။
    • ထို့ကြောင့် ၄င်းအပူလောင်ခြင်းဖြစ်ပေါ်ပါက ဆေးအကူအညီအမြန်ဆုံးရရန်နှင့် လေဝင်လမ်းကြောင်း ဖွင့်ပေးရန် အရေးကြီးပါသည်။

    လက္ခဏာ

    • နှာခေါင်းနှင့် အနီးတဝိုက်တွင် မီးခိုးငွေ့များတွေ့ရခြင်း
    • နှာခေါင်းအမွေးများ မီးမြိုက်ထားသည်ကို တွေ့ရခြင်း
    • လျှာတွင် အပူလောင်ထားပါက နီရဲခြင်း၊ ရောင်ရမ်းခြင်း
    • ပါးစပ်တဝိုက် အရေပြားများ လောင်ကျွမ်းပျက်စီးနေခြင်း
    • အသံဝင်ခြင်း
    • အသက်ရှူခက်ခဲခြင်း

    ပြုစုနည်း

    (၁)      လေဝင်လမ်းကြောင်းဖွင့်ပါ။

    (၂)       လည်ပင်းတဝိုက်ရှိ တင်းကျပ်နေသောအဝတ်အစားများကို လျှော့ပေးပါ။

    (၃)      သတိလစ်ပါက အသက်ရရှူ/မရှူ၊ သွေးခုန်/ မခုန်စစ်ဆေးပြီး လိုအပ်ပါက အသက်ရှူအားကူနည်း၊  နှလုံးနှိုးဆွနည်းပေးပါ။

    (၄)      စိတ်ချရသောဘေးစောင်း အနေအထားတွင် ထားပါ။

    (၅)      လူနာသတိရှိပါက ရေအေးအေးကို ဖြည်းညှင်းစွာတိုက်ပါ။

    အအေးဓာတ်ကြောင့် လောင်ကျွမ်းခြင်း

    (နှင်းကိုက်ခြင်း)

    လက္ခဏာ

  • အရေပြားဖြူဖွေးခြင်း
  • အရေပြားဝါနေခြင်း၊ ထိခိုက်သောအဆစ်ခိုင်နေခြင်း၊ ကွေးဆန့်၍မရခြင်း၊
  • ညိုမည်းသော အရည်ကြည်ဖုများထား၍ အသားမျှင်များပုပ်သိုးလာခြင်း
  • ကိုယ်အပူချိန်ကျဆင်းခြင်း
  • သတိလစ်ခြင်း
  • ပြုစုခြင်း

    (၁)      အေးသောနေရာမှ နွေးသောနေရာသို့ လျင်မြန်စွာ ရွှေ့ပြောင်းပါ။ နှင်းကိုက်သော အစိတ်အပိုင်းအား ညင်သာစွာ ကိုင်တွယ်ပါ။

    (၂)       တင်းကျပ်သောအဝတ်အစားများ လျှော့၊ ချွတ်ပစ်ပါ။

    (၃)      ထိခိုက်သော အစိတ်အပိုင်းကို နွေးအောင်ထားပါ။ ခန္ဓာကိုယ်၏ သဘာဝအပူနှင့် ထိကပ်ထားပါ။

    ရေနွေးနွေးတွင် နီရဲလာသည်အထိ စိမ်ပါ။ ပူနွေး၍ ခြောက်သွေ့သောအဝတ်နှင့် ကပ်ပေးပါ။

    (၄)      လက်ချောင်း၊ ခြေချောင်းများ နှင်းကိုက်ခြင်းဖြစ်ပါက ၄င်းတို့၏ကြားတွင် ခြောက်သွေ့

    (၅)      သန့်စင်သောပိတ် ပါးစလေးများဖြင့် ညှပ်ထားပါ။

    (၆)      ခြောက်သွေ့သန့်ရှင်းသော ဆေးထည့်ပိတ်ပါးစဖြင့် ညင်သာစွာဖုံးအုပ်ပေးပြီး ပတ်တီးဖွဖွ စည်းပေးပါ။

    (၇)      နွေးထွေးသောနေရာတွင် ထားပါ။

    နေပူလောင်ခြင်း

    လက္ခဏာ

    ပြုစုခြင်း

    (၁)      နေရောင်အောက်မှ ဖယ်ရှားပါ။

    (၂)       လေဝင်လေထွက်ကောင်း၍ အရိပ်ရသောနေရာ (သို့) အခန်းတွင်းတွင်ထားပါ။

    (၃)      ရေလောင်းပါ။ ရေအေးတိုက်ပါ။

    (၄)      အရေပြားပျက်စီးပါက ဆရာဝန်ထံပြသပါ။

    ရေးသားသူ-ဒေါက်တာမှူးခင်

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement