backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

အဆိပ်မရှိသော မြွေကိုက်ခံရခြင်း


Dr. Phio Thiha မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

အဆိပ်မရှိသော မြွေကိုက်ခံရခြင်း ဆိုတာဘာလဲ

အဆိပ်မရှိတဲ့၊ အိမ်မှာ၊ ခြံထဲမှာ မွေးထားလို့ရတဲ့ မြွေတွေ၊ ဥယျာဉ်ခြံတွေထဲက မြွေတွေကိုက်ခံရခြင်းကို ဆိုလိုတာပါ။ အဲဒီမြွေအမျိုးအစားတွေဟာ အန္တရာယ်မရှိပါဘူး။

လက္ခဏာများ

အဆိပ်မရှိတဲ့မြွေ ကိုက်ခံရတဲ့ လက္ခဏာတွေက ဘာတွေလဲ

ကိုက်ခံရတဲ့နေရာမှာ မြွေရဲ့အဆွယ်နဲ့ ထိုးခံထားရတာကြောင့် အနည်းငယ်နာကျင်မယ်။

ဘာလုပ်သင့်လဲ

သင့်အနေနဲ့ ဘာလုပ်သင့်လဲ

အိမ်မှာတင် စောင့်ရှောက်မှုပေးလို့ရပါတယ်။ အများအားဖြင့် မြွေရဲ့သေးငယ်တဲ့ သွားလေးတွေက အရေပြားမှာ အပေါက်ရာလေးတွေ ကျန်နေခဲ့တတ်တယ်။ အရေပြားကို ဖောက်သွားတာမျိုးမဟုတ်ဘဲ အရာထင်ကျန်နေတာမျိုးပါ။ အဲဒါကို ဆပ်ပြာ၊ ရေတို့နဲ့ သေချာဆေးကြောပါ။ အနာပတ်တီးပတ်လိုက်ရုံနဲ့ မလုံလောက်ပါဘူး။ တကယ်လို့ အရေပြားပေါက်ပြဲသွားရင်တော့ မေးခိုင်ကာကွယ်ဆေးထိုးဖို့ လိုပါမယ်။ ကလေးတွေမှာဆိုရင်တော့ ထိုးထားတာ ၅နှစ်ကျော်ခဲ့ပြီဆိုရင်၊ မထိုးထားရသေးဘူးဆိုရင် ထိုးသင့်ပါတယ်။

ဒီလက္ခဏာတွေအပြင် တခြားလက္ခဏာတွေပေါ်လာရင်တော့ ဆရာဝန်ပြကြည့်သင့်ပါတယ်။

ကာကွယ်မှုများ

ဘယ်လိုကာကွယ်လို့ရမလဲ

မြွေကိုက်မခံရဖို့အတွက်

မြွေများပုန်းအောင်းနေနိုင်တဲ့နေရာများကို ရှောင်ပါ။ (ဥပမာ ကျောက်တုန်းအောက်လိုနေရာမျိုးတွေ)

အဆိပ်မရှိဘူးဆိုပေမယ့်လည်း ကိုယ့်မှာကျွမ်းကျင်မှု မရှိဘူးဆိုရင် မြွေနဲ့ကစားတာမျိုးတွေ မလုပ်ပါနဲ့

တကယ်လို့ ကိုယ်က တောင်တက်လေ့ရှိသူဆိုရင် မြွေကိုက်တာနဲ့ ကုသမှုပေးနိုင်အောင် လက်ဆွဲအိတ်ဆောင် ထားပါ။ သက်တမ်းလွန်နေတဲ့ အိတ်တွေ မသုံးမိဖို့တော့ လိုပါတယ်။

မြွေကို သွားမစပါနဲ့။ အဲ့လိုစလိုက်ရင် မြွေက ပိုပြီး ပြင်းပြင်းထန်ထန် ကိုက်လေ့ရှိပါတယ်။

မှောင်တဲ့နေရာတွေ သွားတဲ့အခါ တစ်နေရာရာထဲ မဝင်မီ တုတ်နဲ့အသံပေးပါ။ ဒါဆိုရင် မြွေက ကိုယ့်ကို ရှောင်သွားပါလိမ့်မယ်။

မြွေပေါတဲ့နေရာတွေဆီ သွားမယ်ဆိုရင်တော့ ဘောင်းဘီရှည်ဝတ်တာ၊ လည်ရှည်ဖိနပ်စီးတာမျိုးတွေ လုပ်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Phio Thiha မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement