တစ်ခါတလေ အလောတကြီးဖြစ်တဲ့အခါမျိုးမှာ ဖိနပ်မစီးမိဘဲ ရုတ်တရက် ခပ်မြန်မြန် သွားမိတာမျိုး လူတိုင်းဖြစ်ဖူးမှာပါ။ တစ်ခါတလေကျတော့လည်း စိတ်ထဲရှုပ်လာလို့ ဖိနပ်မစီးဘဲခြံထဲဆင်းလမ်းလျှောက်လိုက်တာမျိုးလည်းရှိတတ်ပါတယ်။မြေကြီးဓါတ်ရအောင်ဆိုပြီး ဖိနပ်မစီးဘဲလမ်းလျှောက်တာမျိုးလည်းရှိကြမှာပါ။ ကိစ္စတိုင်းမှာတော့ အကောင်းဘက်နဲ့ အဆိုးဘက်ရှိတတ်စမြဲပါ။ ဖိနပ်မစီးဘဲလမ်းလျှောက်ရင်ကောင်းတဲ့အကျိုးကျေးဇူးတွေရရှိနိုင်တယ်ဆိုပေမယ့် ဆိုးကျိုးတွေကလည်း ထုနဲ့ဒေးပါ။ အထူးသဖြင့် ဆီးချိုဝေဒနာရသည်တွေခြေထောက်မှာထိခိုက်ပြတ်ရှ တစ်ခုခုဒဏ်ရာရှိထားသူတွေ၊ နာတာရှည်ရောဂါတမျိုးမျိုးရှိလို့ အနာကျက်နှေးတတ်တဲ့သူတွေအနေနဲ့က အကာအကွယ်ဖိနပ်မပါဘဲ အပြင်မှာလမ်းလျှောက်တာမျိုးလုံးဝမလုပ်သင့်ပါဘူး။ သာမန်လူတွေအနေနဲ့လည်း ဖိနပ်မပါဘဲ အပြင်ထွက်လမ်းမလျှောက်သင့်တဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။