backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဓါတုပစ္စည်းများဖြင့် ထိခိုက်မိခြင်း


Dr. Phio Thiha မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဓါတုပစ္စည်းများဖြင့် ထိခိုက်မိခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်

ဓါတုပစ္စည်းများဖြင့် ထိခိုက်မိခြင်း ဆိုတာဘာလဲ။

အယ်ကာလီ၊ အက်ဆစ်၊ ဒါမှမဟုတ် အရေပြားကို ထိမိရင် ပျက်စီးစေတဲ့ ဓါတုပစ္စည်းတွေကြောင့် အရေပြားလောင်သွားခြင်းကို ခေါ်တာဖြစ်ပါတယ်။ အများစုအားဖြင့် နေလောင်ပြီးဖြစ်သလောက်သာ ခံစားရနိုင်ပါတယ်။ အိမ်မှာ ကိုယ့်ဟာကိုယ် ဆံပင်ပြန်ပေါက်အောင် ကြိုးစားရင် ဦးရေပြားလောင်သွားတာမျိုး ဖြစ်တတ်ပါတယ်။ ပြင်းထန်တဲ့ ဓါတုပစ္စည်းတစ်ချို့ကသာ ပြင်းထန်တဲ့ လောင်ကျွမ်းမှုကို ဖြစ်စေတာပါ။

လက္ခဏာများ

ဓါတုပစ္စည်းနဲ့ ထိတွေ့လောင်ကျွမ်းမိရင် ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

• ဗိုက်အောင်ခြင့်

• အသက်ရှူရခက်ခြင်း

• အရေပြားနဲ့ နှုတ်ခမ်းတို့မှာ နီရဲ၊ သို့မဟုတ် အပြာရောင် ဖြစ်လာခြင်း

• တက်ခြင်း

• မူးဝေခြင်း၊ ပျို့အန်ခြင်း၊ အားနည်းခြင်း

• ခေါင်းကိုက်ခြင်း

• အပိန့်ထွက်ခြင်း၊ ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အကြိတ်ထွက်ခြင်း

• စိတ်တိုလွယ်ခြင်း

• ထိတွေ့မိတဲ့နေရာမှာ နာကျင်ခြင်း

• နီရဲခြင်း၊ အပူလောင်ခြင်း၊ သတိလစ်ခြင်းတို့ဖြစ်တတ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘာလုပ်သင့်လဲ

သင့်အနေနဲ့ ဘာလုပ်သင့်သလဲ

ထိမိသွားတဲ့ အဝတ်တွေကို ဖယ်ရှားလိုက်ပြီး သင့်ကလေးရဲ့ လောင်မိတဲ့နေရာမှာကို ရေသန့်နဲ့ မိနစ် ၂၀ ခန့် ဆေးကြောပါ။ ဆေးနေစဉ် အရေပြားကို မပွတ်ပါနဲ့။ အပူသက်သာစေတဲ့ လိမ်းဆေးတွေလည်း မလိမ်းသင့်ပါဘူး။ ဆေးကြောတဲ့အခါ ပိုမိုနာကျင်စေတတ်လို့ပါ။ ဖြစ်တဲ့နေရာက ကြီးရင်တော့ စိုစွတ်ပြီး သန့်ရှင်းတဲ့ အဝတ်တစ်ခုနဲ့ ခပ်ချောင်ချောင်လေး အုပ်ထားပေးလို့ရပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ကလေးရဲ့ ဆရာဝန်နဲ့ ချက်ချင်း ဆက်သွယ်သင့်ပါတယ်။

လောင်မိပြိဆိုတာနဲ့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ပြီးရင် ဆရာဝန်ဆီ ဆက်သွယ်ဖို့ လိုပါတယ်။ သင့်ကလေးမှာ မီးလောင်ဖုတွေ၊ မျက်နှာမှာ လောင်မိတာ၊ ဆိုးဆိုးရွားရွားလောင်မိတာတွေ ရှိရင် ဆရာဝန်က သေချာစစ်ဆေးပေးဖို့ လိုပါလိမ့်မယ်။

ကာကွယ်မှုများ

ဘယ်လိုကာကွယ်လို့ ရမလဲ

• ဓါတုပစ္စည်းများကို ကလေးများ လက်လှမ်းမမီနိုင်တဲ့ နေရာမှာ ထားပါ။ သော့ခတ်ထားတဲ့ ဘီဒိုထဲမှာ သိမ်းပါ။

• အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေကို တခုနဲ့တခု ရောနှောတာမျိုး မလုပ်ပါနဲ့။ အန္တရာယ်ဖြစ်တတ်ပါတယ်။

• အန္တရာယ်နည်းတဲ့ ဓါတုပစ္စည်းများဆိုရင်တော့ အချိန်အကြာကြီး ထိတွေ့တာမျိုး မလုပ်ပါနဲ့။

• မီးဖိုချောင်နဲ့ အစားအသောက်နားမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေ မသုံးပါနဲ့။

• အဆိပ်ဖြစ်စေနိုင်တဲ့ပစ္စည်းတွေ ဝယ်တဲ့အခါ လုံခြုံစွာ ထုပ်ပိုးထားပါ။ လိုသလောက်ပဲ ဝယ်ပါ။

• အိမ်တွင်းသုံးပစ္စည်းတွေမှာ ဓါတုပစ္စည်းတွေ ပါဝင်တာကြောင့် မသုံးခင် သတိထားရမှာတွေ၊ ဆောင်ရန်ရှောင်ရန်တွေကို သေချာဖတ်ပါ။

• နဂိုဗူး သို့မဟုတ် ပုံးထဲပဲ အညွှန်းသေချာရေးပြီး သိမ်းပါ။ အစားအသောက်ထည့်တဲ့အထဲ သွားမသိုလှောင်ထားပါနဲ့။

• အသုံးပြုပြီးသွားရင်လည်း ချက်ချင်းလုံခြုံစွာ သိမ်းဆည်းပါ။

• အိမ်သုတ်ဆေး၊ ဓါတ်ဆီနဲ့ အရောင်ချွတ်ဆေးတွေက အငွေ့ထွက်စေတာမို့ လေဝင်လေထွက်ကောင်းတဲ့နေရာမှာပဲ အသုံးပြုပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Phio Thiha မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement