backup og meta

ခြေဖဝါးဒဏ်ရာတွေကို ဘယ်လိုကုသမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြေဖဝါးဒဏ်ရာတွေကို ဘယ်လိုကုသမလဲ

    နေ့စဉ် သင့်ကို နေရာအနှံ့ခေါ်သွားနိုင်ဖို့အတွက် သင့်ခြေထောက်တွေဟာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဒါပေမယ့် သင်ဟာ နာကျင်မှု မရရှိမချင်း သူတို့အကြောင်းကို သိပ်စဉ်းစားမိမှာ မဟုတ်ပါဘူး။

    သင့်ခြေထောက် ဒဏ်ရာရရှိခြင်းကို ကုသဖို့နဲ့ ပိုဆိုးခြင်းကနေ ကာကွယ်နိုင်ဖို့အတွက် ဒီဆောင်းပါးက ခြေထောက် ဒဏ်ရာရရှိခြင်းတွေကို ကုသဖို့ အချက်အလက်တွေကိုပေးမှာ ဖြစ်ပါတယ်။

    အဖြစ်များတဲ့ ခြေဖဝါးဒဏ်ရာရရှိမှုများ

    Plantar fasciitis ဟာ ခြေဖဝါးခုံးနာကျင်မှုရဲ့ အဖြစ်အများဆုံး အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ သူဟာ မနက်ပိုင်းမှာ ပိုဆိုးနိုင်ပြီး တဖြည်းဖြည်း ပြန်ကောင်းလာနိုင်ပါတယ်။

    Plantar fasciitis အတွက် ကုသမှုတွေကတော့ နာကျင်မှုသက်သာစေဖို့ အကိုက်အခဲပျောက်ဆေးသောက်ခြင်း၊ ဖြေဖဝါးကို အနားပေးခြင်း၊ ခြေဖဝါးခုံးကို ထောက်ပံ့မှုပေးနိုင်တဲ့ ဖိနပ်တွေကို ဝတ်ဆင်ခြင်း၊ ခြေဖဝါးနဲ့ ခြေဖနောင့်ကြွက်သားတွေကို ဆန့်ထုတ်စေခြင်း၊ ခြေဖနောင့်ကို တစ်နေ့ ဆယ်မိနစ်လောက် ရေခဲကပ်ခြင်းတွေပဲ ဖြစ်ပါတယ်။

    တကယ်လို့ Plantar fasciitis ဟာ ဆက်တိုက်ဖြစ်နေခဲ့ရင် စတီးရွိုက်နဲ့ ထုံဆေးကိုရောပြီး ထိုးပေးခြင်းကလည်း အသုံးဝင်ပါတယ်။

    Bunion ဟာ ခြေမအောက်က အဆစ်မှာ ဖြစ်တဲ့ ကြီးမားတဲ့အဖုဖြစ်ပါတယ်။ အလွန်တင်းကျပ်တဲ့ ဖိနပ်တွေကို စီးခြင်းဟာ Bunion ကို ပိုဆိုးစေပါတယ်။ ပိုမိုသက်တောင့်သက်သာ ရှိတဲ့ဖိနပ်တွေကို ရွေးချယ်ခြင်း (သို့) ဖိအားသက်ရောက်မှု ညီမျှအောင် ပြုလုပ်ခြင်းတွေ လုပ်သင့်ပါတယ်။

    တကယ်လို့ Bunion ရောင်လာမယ်ဆိုရင် ရေခဲကပ်နိုင်ပါတယ်။ တကယ်လို့ Bunion ဟာ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရမယ်ဆိုရင် ခွဲစိတ်မှုလိုအပ်နိုင်ပါတယ်။

    ခြေချောင်းလိမ်ခြင်းနှင့်နာကျင်ခြင်း

    – အနားယူခြင်း၊ ရေခဲကပ်ခြင်း၊ မြှင့်တင်ခြင်းတွေဟာ နာကျင်ရောင်ရမ်းမှုကို သက်သာစေပါတယ်။ Peripheral arterial disease (သို့) ဆီးချိုရောဂါ မရှိသူတွေဟာ ဒဏ်ရာရရှိခြင်းမရှိတဲ့ ကပ်လျက်ခြေချောင်းကို ပူးတွဲတိပ်ပတ်ထားပေးခြင်းအားဖြင့် နာကျင်မှုကို သက်သာစေနိုင်ပါတယ်။

    သူတို့ကို အတူတကွ တိတ်ပတ်မပေးမီ အရေပြားကို ကာကွယ်ဖို့အတွက် ခြေချောင်းတွေကြားမှာ ပျော့ပြောင်းတဲ့ pudding ထားသင့်ပါတယ်။ ထိခိုက်နေတဲ့ ခြေချောင်းဟာ ပြန်ကောင်းသွားစေဖို့ ၂ ပတ်ကနေ ၄ ပတ်အထိ ကြာမြင့်နိုင်ပါတယ်။ ဒီလိုခေါက်ပြီးချိန်မှာ ပိုဆိုးလာတယ်ဆိုရင်တော့ တိပ်ကို ဖယ်ထုတ်သင့်ပါတယ်။

    ခြေဖဝါးဒဏ်ရာရရှိမှု အနည်းငယ်အတွက် ကုသမှု

    ဒဏ်ရာရရှိတဲ့နေရာပတ်လည်က ခြေစွပ် နဲ့ အခြားခြေဝတ်ရတနာတွေကို ဖယ်ထားသင့်ပါတယ်။ အရေပြားအနာကို ရောဂါပိုးမဝင်အောင်၊ အနာအတွင်းကျန်ခဲ့တဲ့ အမှိုက်တွေမှ အမာရွတ်မထင်ကျန်အောင် သန့်ရှင်းရေးလုပ်သင့်ပါတယ်။

    နာကျင်မှုနဲ့ ရောင်ရမ်းမှုတွေကို လျော့နည်းစေဖို့အတွက် RICE နည်းလမ်းကို အသုံးပြုသင့်ပါတယ်။

    သွေးလှည့်ပတ်မှုကောင်းပြီး နာကျင်မှုသက်သာစေဖို့အတွက် ဒဏ်ရာရရှိတဲ့နေရာကို ညင်သာစွာ နှိပ်နယ်ပေးခြင်း၊ ပွတ်ပေးခြင်းတွေ ပြုလုပ်သင့်ပါတယ်။ နာကျင်မှု ဖြစ်ပေါ်လာရင်တော့ နှိပ်နယ်မှုကို ရပ်တန့်သင့်ပါတယ်။

    ပထမ ၄၈ နာရီမှာ ရေပူနဲ့ရေချိုးခြင်း၊ အရက်နဲ့ အခြား အရက်ပါတဲ့အချိုရည်တွေသောက်သုံးခြင်း၊ ဒဏ်ရာရရှိထားတဲ့နေရာကို ရောင်ရမ်းခြင်းတွေ ဖြစ်စေတဲ့ အရာတွေကိုရှောင်ကျဉ်သင့်ပါတယ်။

    တကယ်လို့ ရောင်ရမ်းမှုဟာ ၄၈ နာရီကနေ ၇၂ နာရီအထိ ကြာမြင့်မယ်ဆိုရင် ပျော့ပြောင်းမှုကို ပြန်လည်ရရှိစေဖို့အတွက် ညင်သာတဲ့လေ့ကျင့်ခန်းတွေ လုပ်သင့်ပါတယ်။ နာကျင်မှုသက်သာစေဖို့ အပူကပ်ခြင်းနဲ့ အအေးကပ်ခြင်းတွေကို အလှည့်ကျ ပြုလုပ်နိုင်ပါတယ်။

    သင့်ခြေဖဝါးကို ဂရုစိုက်ပါ။

    ခြေဖဝါးကို နောက်တစ်ကြိမ် ဒဏ်ရာရရှိခြင်းမှ ကာကွယ်ဖို့ ထောက်ပံ့ပေးနိုင်တဲ့ ဖိနပ်တွေကို ဝတ်ဆင့်သင့်ပါတယ်။ သင့်ခြေထောက် ရှေ့ပိုင်းနာကျင်နေတယ်ဆိုရင် အခန်းတွင်းဝတ်တဲ့ ဖိနပ်တွေကို ဝတ်ဆင်သင့်ပါတယ်။

    ခြေဖဝါးနာကျင်မှု လျော့ကျစေဖို့အတွက် ခြေအခုံးကို ထောက်ပံ့ပေးနိုင်တဲ့ orthotic တွေကို အသုံးပြုသင့်ပါတယ်။

    ဆေးလိပ်သောက်ခြင်းဟာ သွေးစီးဆင်းမှုကို နှေးကွေးစေပြီး တစ်ရှူးပြန်လည်ကောင်းမွန်ခြင်းကို ကြာမြင့်စေကာ ပြန်ကောင်းတဲ့ ဖြစ်စဉ်ကို ရှည်ကြာစေတာကြောင့် ဆေးလိပ်နဲ့ ဆေးလိပ်နဲ့ ပတ်သက်တဲ့ ထုတ်ကုန်ပစ္စည်းတွေကို အသုံးမပြုသင့်ပါဘူး။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement