backup og meta

ခေါင်းနှင့်လည်ပင်းကို ရုတ်ချည်းခါဆောင့်မိ၍ ဒဏ်ဖြစ်ခြင်းအား အိမ်တွင်ကုသပေးခြင်းနည်းလမ်းများ


Dr. Thant Zin မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခေါင်းနှင့်လည်ပင်းကို ရုတ်ချည်းခါဆောင့်မိ၍ ဒဏ်ဖြစ်ခြင်းအား အိမ်တွင်ကုသပေးခြင်းနည်းလမ်းများ

    ခေါင်းနဲ့လည်ပင်းကို ရုတ်ချည်းခါဆောင့်မိတာမျိုးဟာ လူတိုင်းလိုလို တကြိမ်လောက်တော့ ကြုံဖူးကြပါလိမ့်မယ်။ သူ့ဖာသာ ပြန်ကောင်းသွားနိုင်သလို ပိုဆိုးသွားတာမျိုးတွေလည်း ရှိပါတယ်။ အသေးအဖွဲဒဏ်ဖြစ်တာလောက်ကိုတော့ အိမ်မှာ ဘယ်လိုကုသနိုင်တယ်ဆိုတာကို Hello Doctor အစီအစဉ်ကနေ ပြောပြပေးပါမယ်။

    အဲဒါဟာ ဘာဖြစ်တာလဲ

    ခေါင်းနှင့်လည်ပင်းကို ရုတ်ချည်းခါဆောင့်မိ၍ ဒဏ်ဖြစ်ခြင်းဆိုတာဟာ ကိုယ်ခန္ဓါဟာ မမျှော်လင့်ဘဲ ရုတ်တရက် နောက်ကိုရွေ့လျားပြီး ချက်ချင်း ရှေ့ကိုပြန်ရွေ့လျားသွားတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီလိုလှုပ်ရှားမှုမျိုးဟာ လည်ပင်းအပိုင်းမှာ ဒဏ်ရာရတတ်ပါတယ်။ လည်ပင်းဇက်ကြောနာခြင်း၊ ဒဏ်ဖြစ်ခြင်း ကြုံရပါတယ်။ ယာဉ်တိုက်မှုမှာဆိုရင် နောက်ကတိုက်တဲ့အခါ ဒီလိုပုံစံမျိုး အများဆုံး ကြုံရပါတယ်။ အားကစားလှုပ်ရှားမှုနဲ့ ရန်ပြုတိုက်ခိုက်ရာမှာလည်း ဒီပုံစံမျိုး တွေ့နိုင်ပါတယ်။

    ခေါင်းနဲ့လည်ပင်းကို ရုတ်ချည်းခါဆောင့်မိလို့ ဒဏ်ဖြစ်ခြင်းကို ကုသခြင်းဟာ ဒဏ်ရာပြင်းထန်မှု အခြေအနေပေါ် မူတည်ပါတယ်။

    ခေါင်းနှင့်လည်ပင်းကို ရုတ်ချည်းခါဆောင့်မိ၍ ဒဏ်ဖြစ်ခြင်းအား အိမ်တွင် ကုသခြင်းနည်းလမ်းများ

    လည်ပင်းလှုပ်ရှားမှုကို ဂရုစိုက်ခြင်း

    လည်ပင်းကို ညင်သာတဲ့ လေ့ကျင့်ခန်းလောက်သာ လုပ်ပေးပြီး ဂရုတစိုက်လှုပ်ရှားပေးဖို့ အရေးကြီးပါတယ်။ ဒါမှသာ ပိုပြီးနာကျင်မှု မဖြစ်စေဘဲ သက်သာပျောက်ကင်းမှုကို မြန်ဆန်စေပါတယ်။ လည်ပင်းကို လှုပ်ရှားရာမှာ နာနေသေးရင် ပုံမှန်အခြေအနေသာ ဖြစ်ပြီး နောက်ထပ်ထိခိုက်မှုတွေ မဖြစ်နိုင်ပါဘူး။

    လည်ပင်းမှာ ကျီးပေါင်းကော်လာကို တပ်ဆင်ခြင်းဟာ သက်သာပျောက်ကင်းမှုကို ပိုမိုနှေးကွေးစေလို့ ကော်လာတွေ တပ်ဆင်ခြင်း မပြုလုပ်ရပါဘူး။

    လေ့ကျင့်ခန်းများ

    လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ သင့်လည်ပင်းကို ဒဏ်ဖြစ်ပြိး နောက်ပိုင်းမှာ ပုံမှန်ပြန်လည် လှုပ်ရှားနိုင်စေဖို့ အထောက်အကူ ပြုပါတယ်။ လေ့ကျင့်ခန်းနဲ့ အကြောလျှော့ခြင်း ပြုလုပ်တဲ့အခါ ကြွက်သားတောင့်တင်းမှုကို လျော့ကျစေပြီး နာကျင်မှုကို သက်သာစေပါတယ်။ ယောဂလို လေ့ကျင့်ခန်းမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ မိမိအင်အားနဲ့ ကိုယ်ဟန်နေထားကို တိုးတက်ကောင်းမွန်စေပြီး ခေါင်းနဲ့လည်ပင်းကို ရုတ်ချည်းခါဆောင့်မိလို့ ဒဏ်ဖြစ်တာမျိုး ကြုံနိုင်ခြေ နည်းပါးစေပါတယ်။

    ကျောရိုးဆစ်ပိုင်းဆိုင်ရာ ကုသပေးသူနဲ့ပြသပြီး လည်ပင်းလှုပ်ရှားမှုကို တိုးတက်အောင် လေ့ကျင့်ခန်း ပြုလုပ်နိုင်ပါတယ်။

    အကြောဆွဲခြင်းဟာ တပတ်ထက်ကျော်နေရင် အနှိပ်ခံခြင်းဟာ သက်သာစေပါတယ်။ နှိပ်တဲ့အခါ လည်ပင်းနဲ့ဇက်ပိုင်း သွေးကြောတွေကို ကျယ်လာစေပြီး သွေးလည်ပတ်မှု ကောင်းလာစေပါတယ်။ လည်ပင်းပိုင်းကို မနှိပ်နယ်ခင်မှာ ရေနွေးနွေးနဲ့ ချိုးခြင်းဟာ အကြောများပိုပြီး ပြေလျော့စေပါတယ်။

    ခေါင်းအုံးနှင့် အိပ်စက်ခြင်း အလေ့အထများ

    ခေါင်းအုံးကြောင့်ပဲ ပိုပြီး ဆိုးရွားစေသလို ပိုလည်း သက်သာစေတာမျိုး ရှိပါတယ်။ ဇက်ကြောနာတာကို သက်သာစေချင်ရင် သင့်တော်တဲ့ ခေါင်းအုံး အမျိုးအစားကို ရွေးချယ်ရပါမယ်။ ဇက်နေရာကို သဘာဝပုံစံအတိုင်း ခုခံပေးမယ့် နူးညံ့တဲ့ခေါင်းအုံးကို ရွေးချယ်နိုင်ပါတယ်။ ခေါင်းအုံးဟာ ဇက်ကြောနာခြင်းများနဲ့ ခေါင်းကိုက်ခြင်းကို သက်သာစေပြီး ကောင်းကောင်းအိပ်ပျော်စေပါတယ်။

    လည်ပင်းမှာ ဒဏ်ဖြစ်ထားတဲ့ တစ်သျှူးတွေ ပိုမဆိုးသွားအောင် မှောက်အိပ်တာမျိုးကို ရှောင်ရပါမယ်။ ပြည့်စုံကောင်းမွန်တဲ့ အိပ်စက်မှုပုံစံ ဖြစ်စေဖို့ ခေါင်းနဲ့ လည်ပင်းကို အနည်းငယ် ကွေးထားရပါမယ်။

    ကောင်းမွန်တဲ့ ကိုယ်နေဟန်ထား

    တောင့်မတ်ကောင်းမွန်တဲ့ ကိုယ်နေဟန်ထားကို အမြဲထိန်းသိမ်းခြင်းပြီး ထိုင်သည်ဖြစ်စေ၊ ရပ်သည်ဖြစ်စေ၊ လမ်းလျှောက်သည်ဖြစ်စေ ကျောရိုးကို တဖြောင့်တည်းထားရပါမယ်။ ကွန်ပျူတာရှေ့မှာ ကြာကြာထိုင်ရမယ်ဆိုရင် ထိုင်ခုံနဲ့ ကွန်ပျူတာကို သင့်တင့်တဲ့အနေအထား ချိန်ညှိထားသိုရပါမယ်။

    အခုဖော်ပြခဲ့တာတွေကတော့ ခေါင်းနဲ့လည်ပင်းကို ရုတ်ချည်းခါဆောင့်မိလို့ ဒဏ်ဖြစ်ခဲ့ရင် အိမ်မှာ ကုသနိုင်မယ့်နည်းလမ်းတွေ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ ဒဏ်ရာနဲ့ကြုံရပြီး ခြောက်လလောက် ခံစားနေရမယ်၊ နည်းလမ်းစုံသုံးနေရက်နဲ့ ပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ထပ်မံပြသတာ အကောင်းဆုံး ဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement