ခရီးသွားပြီးနောက် ရတတ်တဲ့ ဖျားနာမှုတွေကို လျှော့ချဖို့အတွက် အဲဒီလိုဖျားနာမှုတွေကို ဖြစ်စေတဲ့၊ (သို့) ဖြစ်ဖို့အားပေးနေတဲ့ အချက်တွေကို ကြိုတင်ကာကွယ်ထား တာပိုကောင်းပါတယ်။ ကြိုတင်ကာကွယ်ထားခြင်းက ကုသခြင်းထက်ပိုမို ကောင်းမွန်ပြီး ထိရောက်ပါတယ်။
လက်ဆေးပါ။
လက်ကိုသန့်ရှင်းအောင်ထားတာက ရောဂါပိုးမဝင်အောင် ထိန်းချုပ်ဖို့ အဓိကကျပြီး ဝမ်းလျှော၊ ပျို့အန်၊ အစာအဆိပ်သင့်၊ အသည်းရောင်အသားဝါ အေပိုးဝင်ခြင်း စတာတွေဖြစ်နိုင်တဲ့ နှုန်းကို နည်းစေပါတယ်။ ဆပ်ပြာနဲ့ ရေမရနိုင်ရင်တော့ လက်ဆေးတဲ့ gel(ဂျယ်လ်)တွေသုံးနိုင်ပါတယ်။ သို့ပေမယ့် ရေ၊ ဆပ်ပြာနဲ့ ဆေးတာလောက်တော့ ထိရောက်မှုမရှိပါဘူး။ ဖြစ်နိုင်ရင် အစာမစားခင် လက်ဆေးသင့်ပါတယ်။ အထူးသဖြင့် အိမ်သာသွားပြီး မဖြစ်မနေ လက်ဆေးရပါမယ်။
ရေသန့်ဘူးလေးတွေ သုံးပါ။
အဲဒီဒေသက ထွက်တဲ့ရေက သန့်၊မသန့် မသေချာဘူးဆိုရင်(သို့) သင်ခရီးသွားတဲ့ နေရာက သန့်ရှင်းမှုသိပ်မရှိဘူးလို့ ထင်ရင် အဲဒီက ထွက်တဲ့ရေကို မသုံးသင့်ပါဘူး။ အဲဒီ ဒေသမှာနေတဲ့ သူတွေက ဘာမှ မဖြစ်ဘူးဆိုရင်တောင် သင့်အတွက် ရောဂါဖြစ်နိုင်ပါသေးတယ်။ ဘာကြောင့်လည်းဆိုတော့ သင့်အစာအိမ်ထဲမှာ ဒေသခံတွေလို ဝင်လာနိုင်တဲ့ ပိုးတွေကိုကာကွယ်ဖို့ ခုခံအား မရှိသေးလို့ပါ။
အစာအဆိပ်သင့်စေနိုင်တာကို သတိထားပါ။
ဖြစ်နိုင်ပါက သင်စားမယ့် အစားအစာတိုင်းက လတ်ဆတ်ခြင်း၊ ကျက်အောင် ချက်ထားခြင်း၊ အဖုံးမဖုံးဘဲ အကြာကြီးဖွင့်မထားခြင်း၊ ပူပူနွေးနွေးချက်ထားခြင်း ရှိမရှိ သေချာအောင်လုပ်ဖို့ အရေးကြီးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။