brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လူကိုက်ဒဏ်ရာတွေကို ဘယ်လိုကုသမလဲ

နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်း ( NCBI ) အရ လူကိုက်ဒဏ်ရာတွေဟာ အနာတစ်ဝိုက်မှာ ပိုးဝင်ပြီးအန္တရာယ်ဖြစ်စေနိုင်ရုံတင် မဟုတ်ဘဲ ဘက်တီးရီးယား ဗိုင်းရပ်စ်ပိုးတွေပါ ဝင်စေနိုင်တယ်လို့ဆိုပါတယ်။ ဒါကြောင့် လူကိုက်ဒဏ်ရာတွေကို ကောင်းကောင်းကုသနိုင်မယ့် နည်းတွေသိထားသင့်ပါတယ်။

လူကိုက်ဒဏ်ရာတွေကို ဘယ်လိုကုသမလဲ

လူကိုက်ဒဏ်ရာဆိုတာဘာလဲ။

တိရစ္ဆာန်ကိုက်ရာလိုပဲ လူတွေဟာလည်းအခြားလူတစ်ယောက်ကိုက်တာ ခံရနိုင်ပါတယ်။ ထူးခြားတာက အရေးပေါ်ဌာနမှာ တွေ့ရတဲ့ ကိုက်ခံရတဲ့ပြဿနာတွေမှာ ခွေး နဲ့ကြောင်ပြီးရင် လူကိုက်ဒဏ်ရာက တတိယချိတ်ပါတယ်။

အထူးသဖြင့် ကလေးတွေက ပိုဖြစ်တတ်ပါတယ်။

လူကိုက်ဒဏ်ရာတွေကို ဘယ်လိုကုမလဲ။

ဒီအခြေအနေကို ကုသဖို့၃ဆင့်ရှိပါတယ်။

ပထမအဆင့် ။ သွေးတိတ်အောင်လုပ်ပါ

ခြောက်သွေ့တဲ့ ၊ ဖြစ်နိုင်ရင်ပိုးသတ်ထားတဲ့ အဝတ်စတစ်ခုခုနဲ့ ဒဏ်ရာကိုဖိပြီးသွေးတိတ်အောင်လုပ်ပါ။

ဒုတိယ အဆင့် ။ သန့်ရှင်းခြင်းနဲ့ ကာကွယ်ခြင်း

• ရေနဲ့ ဆပ်ပြာသုံးပြီး ဒဏ်ရာကို မိနစ်အနည်းငယ်ကြာအောင် ဘုံဘိုင်မှာဆေးကြောပါ။

• ပိုးသတ်နိုင်တဲ့ ခရင်မ် လူးဆေးတွေသုံးပြီး ဒဏ်ရာကိုပိုးမဝင်အောင်လိမ်းပါ။

• ပိုးသတ်ထားတဲ့ ပတ်တီးနဲ့ အနာကိုပတ်ပြီး ထပ်မထိခိုက်အောင် နေပါ။

တတိယအဆင့် ။ ကျန်းမာရေးအကူအညီရှာဖွေခြင်း

လူနာဟာ ကျန်းမာရေးဝန်ထမ်းလိုအပ်တာ အောက်ပါအချက်တွေကြောင့်ပါ ။

• လူကိုက်ဒဏ်ရာတွေဟာ သေးငယ်တယ်ဆိုရင်တောင်မှ ပိုးဝင်နိုင်ချေရှိပါတယ်။ အနာက နီလာမယ် ရောင်ပြီး ပြည်တွေရှိလာမယ်ဆိုရင် ပိုးဝင်တာဖြစ်ပါတယ်။

• ဒဏ်ရာမှာ တောင့်တင်းတာတွေ ထုံတာတွေရှိမယ်ဆိုရင် အရွတ်တွေ အာရုံကြောတွေထိလို့ပါ

• ကိုက်ရာကနက်ရင် ချုပ်ရတတ်ပါတယ်။

• မေးခိုင်ကာကွယ်ဆေးလည်း ထိုးသင့်ပါတယ်။

တစ်ချို့ကိစ္စတွေမှာလူကိုက် ဒဏ်ရာဟာ အရေးပေါ်အခြေအနေပါ။ တကယ်လို့ ၁၀ မိနစ်ဖိထားလို့မှ သွေးမတိတ်ရင် သွေးကပန်းထွက်နေရင်ပေါ့။

လူကိုက်ဒဏ်ရာဟာ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် အန္တရာယ်ရှိပါတယ်။ ဒါကြောင့်နောက်ဆက်တွဲတွေ ဖြစ်မလာဖို့ကုသမှုခံယူပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Phyo Wai Yan မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။