backup og meta

ဆေးလိပ်သောက်ခြင်းဟာ အမျိုးသမီးတွေအတွက် ပိုပြီး အန္တရာယ်များပါတယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးလိပ်သောက်ခြင်းဟာ အမျိုးသမီးတွေအတွက် ပိုပြီး အန္တရာယ်များပါတယ်

    ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးအတွက်မကောင်းဘူးဆိုတာကိုတော့ သင်အကြိမ်ပေါင်းများစွာကြားဖူးပါလိမ့်မယ်။ ဒါပေမဲ့ အမျိုးသမီးတွေမှာ ဆေးလိပ်ကြောင့်ဖြစ်နိုင်တဲ့ အန္တရာယ်ဟာ အမျိုးသားတွေထက် အများကြီးပိုမြင့်မားတယ်ဆိုတာကိုရော သင်သိပါသလား။

    ဆေးလိပ်သောက်ခြင်းဟာ အမျိုးသမီးတွေအတွက် ပိုပြီး အန္တရာယ်များပါတယ်

    ဆေးလိပ်သောက်ခြင်းဟာ အမျိုးသမီးတွေအတွက် ပိုပြီး အန္တရာယ်များပါတယ် ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့

    ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေဟာ အဆုတ်ကင်ဆာဖြစ်နိုင်ခြေမြင့်မားပါတယ်။

    လေ့လာမှုတွေကတော့ ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေမှာ (အမျိုးသားတွေနဲ့ သောက်တဲ့ဆေးလိပ်ပမာဏချင်းတူရင်တောင် ) နာတာရှည်အဆုတ်ရောဂါ (COPD) ဖြစ်နိုင်ခြေက ၂ဆရှိပြီး ဒီထဲမှာ Emphysema နဲ့ နာတာရှည်ရင်ကျပ်ရောဂါတွေလည်း ပါဝင်ပါတယ်။ ဆေးလိပ်မသောက်တဲ့ အမျိုးသမီးတွေနဲ့ယှဉ်ကြည့်ရင်တော့ ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေဟာ COPD ကြောင့်သေဆုံးနိုင်ခြေ ၂၂ဆ ပိုများပါတယ်။

    ဆေးလိပ်သောက်သုံးနေကြတဲ့ ကမ္ဘာ့လူဦးရေရဲ့ ၂၀%ဟာ အမျိုးသမီးတွေပါ။

    ကမ္ဘာပေါ်မှာ ၄၀%သောအမျိုးသားတွေက ဆေးလိပ်သောက်ကြပြီး ၉%သော အမျိုးသမီးတွေက ဆေးလိပ်သောက်ကြပါတယ်။ ဆေးလိပ်သောက်တဲ့အမျိုးသမီးရာနှုန်းက အမျိုးသားတွေထက် နည်းပေမယ့်လည်း ဆေးလိပ်သောက်တဲ့အမျိုးသမီးဦးရေက တိုးလို့လာနေဆဲပါ။ WHO ရဲ့လေ့လာချက်အရ အချို့သော နိုင်ငံတွေမှာ ဆေးလိပ်သောက်တဲ့ လူဦးရေဟာ အမျိုးသား၊ အမျိုးသမီးအတူတူပါပဲ။ အသက် ၂၅ကနေ ၄၄နှစ်ကြားက အမျိုးသမီးတွေမှာ ဆေးလိပ်သောက်နှုန်း အမြင့်မားဆုံးပါပဲ။

    တဆင့်ခံဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးရတဲ့ ၆၄%ဟာ အမျိုးသမီးတွေပါ။

    တဆင့်ခံဆေးလိပ်သောက်ခြင်းဟာလည်း ရိုးရိုးဆေးလိပ်သောက်ခြင်းလို အန္တရာယ်များတာပါပဲ။ နှစ်တိုင်း နှစ်တိုင်းမှာ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူမိခြင်းကြောင့် သေဆုံးသူဦးရေ ၄၃၀, ၀၀၀ကျော်ရှိပါတယ်။ ဒီသေဆုံးမှုတွေရဲ့ ၆၄%ဟာ အမျိုးသမီးတွေပါ။ အမျိုးသမီးတွေအတွက် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်ခြင်းဟာ ပုံမှန်ဆေးလိပ်သောက်ခြင်းနဲ့စာရင် အန္တရာယ်ပိုများပါတယ်။

    မာကက်တင်းကုမ္ပဏီတွေဟာ စီးကရက်အပေါ့စား (Light Cigarette )တွေအတွက် အမျိုးသမီးတွေကို အဓိကထားကြပါတယ်။

    ဒါပေမဲ့ Light cigarette အပေါ့စားစီးကရက်တွေဟာ တကယ်တမ်း ပေါ့တာမျိုး ဒါမှမဟုတ် ပိုပြီး အန္တရာယ်ကင်းတာမျိုးတော့မဟုတ်ပါဘူး။ ဒီစီးကရက်အမျိုးအစားတွေက ဘာလုပ်တာလဲဆိုတော့ သောက်သုံးသူတွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ရှူသွင်းစေပြီး နီကိုတင်းပမာဏကို ထပ်ကာထပ်ကာလိုချင်အောင်လုပ်တာမျိုးဖြစ်တာကြောင့် တကယ်တမ်း အန္တရာယ်မကင်းပါဘူး။

    အခြားလှည့်ကွက်တစ်ခုကတော့လွတ်လပ်ခြင်းနဲ့ လွတ်လပ်ခွင့်ရဲ့ ပုံရိပ်အောက်မှာ ဆေးရွက်ကြီးတွေကြော်ငြာတာ ဒါမှမဟုတ် အလေးချိန်ထိန်းနိုင်မယ့် နည်းလမ်းတစ်ခုအနေနဲ့ မဂ္ဂဇင်းမော်ဒယ်လ်တွေလို ဆွဲဆောင်မှု ရှိလာနိုင်မလိုလို ပိုပြီးပိန်သွားစေမလိုလို ကြော်ငြာကြတာပါပဲ။ ဒီနည်းလမ်းဟာ ကြော်ငြာတွေရဲ့ မျက်နှာဖုံးရှင်ဖြစ်လိုတဲ့ ဆယ်ကျော်သက်မိန်းကလေးတွေ အများကြီးကို ဆွဲဆောင်နိုင်ပါတယ်။ မီဒီယာဟာလည်း ဆေးရွက်ကြီးသုံးစွဲခြင်းဟာ အရမ်းကိုမိုက်တယ်ဆိုပြီး အထင်ရောက်စေတဲ့ တရားခံတစ်မျိုးပါပဲ။

    အမျိုးသမီးဆိုတဲ့ ခေါင်းစဉ်အောက်မှာတောင်မှ ဈေးကွက်ဖြန့်ချိပုံချင်းကွဲပြားပါသေးတယ်။ လိင်တူချစ်သူနဲ့ လိင်မခွဲခြား မြတ်နိုးတတ်သူတွေကတော့ ဆန့်ကျင်ဘက်ကိုသာချစ်သူ အမျိုးသမီးတွေနဲ့စာရင် ဆေးလိပ်ပိုသောက်ကြတာကို တွေ့ရှိရပါတယ်။ ဆန့်ကျင်ဘက်ကိုသာ သဘောကျတဲ့ အမျိုးသမီး ၁၅%နဲ့ နှိုင်းယှဉ်ကြည့်ရင် ၂၀၁၃ခုနှစ်မှာ လေ့လာမှုတစ်ခုက လိင်တူနှစ်သက်သူနဲ့ လိင်မခွဲခြား ချစ်တတ်သူတွေရဲ့ ဆေးလိပ်သောက်နှုန်းဟာ ၂၆.၇%ရှိနေတာကို တွေ့ရပါတယ်လို့ ၂ဆိုပါတယ်။

    ဆေးလိပ်သောက်ခြင်းဟာ အမျိုးသမီးတွေနဲ့ အမျိုးသားတွေအပေါ် အကျိုးသက်ရောက်မှု တူညီလေ့မရှိပါဘူး။

    ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်နိုင်ချေ လျော့နည်းသွားသလို အချိန်မတိုင်မီမွေးဖွားခြင်းတွေ၊ ကလေးအသေမွေးဖွားခြင်းတွေနဲ့ မွေးကင်းစကလေးသေဆုံးခြင်းတွေ ဖြစ်နိုင်ချေများပြီး နို့ထွက်နှုန်းလည်း နည်းသွားပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ အောက်ပါ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

    ဆေးလိပ်သောက်ခြင်းက လေဒီတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။

    • အရိုးပွခြင်း
    • Rheumatoid arthritis
    • နှလုံးရောဂါ (Coronary heart disease)
    • သွေးကြောကျဉ်းခြင်း
    • သွားဖုံးရောဂါ
    • အကျိတ်၊ အနာ
    • စိတ်ဓါတ်ကျခြင်း
    • ရာသီစက်ဝန်းပြဿနာ
    • ခံတွင်း၊ လည်မျို၊ လည်ချောင်း၊ အစာရေမြိုပြွန်၊ သရက်ရွက်၊ ကျောက်ကပ်၊ သည်းခြေအိတ်နဲ့ သားအိမ်ခေါင်းကင်ဆာ
    • အရိုးသိပ်သည်းဆနည်းပြီး အရိုးအက်လွယ်ခြင်း
    • အရွယ်မတိုင်မီ အရေးအကြောင်းတွေ ထင်လာစေခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။
     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 20/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement