backup og meta

သက်သတ်လွတ် သမားတွေမှာ အာဟာရချို့တဲ့မှုကို ကာကွယ်ဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သက်သတ်လွတ် သမားတွေမှာ အာဟာရချို့တဲ့မှုကို ကာကွယ်ဖို့

    သက်သတ်လွတ် သမားတွေမှာ အာဟာရချို့တဲ့မှုကို ကာကွယ်ဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    သက်သတ်လွတ် စားတာကို ဘာသာရေးအရပဲ ဖြစ်ဖြစ်၊ ကျန်းမာရေး အရပဲ ဖြစ်ဖြစ် ဒီခေတ်မှာ တော်တော်များများ လုပ်လာကြပါပြီ။ သက်သတ်လွတ်စားတာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ဘယ်ဟာမဆို ကောင်းကျိုး ဆိုးကျိုး ဒွန်တွဲလေ့ ရှိတာ မို့လို့ရေရှည်စားမယ်ဆိုရင် ဘာတွေ ဖြစ်လာနိုင်လဲဆိုတာ သိထားဖို့ လိုပါတယ်။ သက်သတ်လွတ်သမားတွေ အမျိုးမျိုးရှိပါတယ်။ ဗဟုသုတပြောပြရရင်

    -Lacto-vegetarian တွေကတော့ အသား၊ငါး၊ တွေ၊ အဲ့တာတွေနဲ့ လုပ်ထားတဲ့ အစားအစာတွေကို မစားပါဘူး။ ဒါပေမယ့် နို့နဲ့ နို့ထွက်ပစ္စည်းတွေကိုတော့ စားပါတယ်။

    -Ovo-vegetarian တွေကတော့ အသား၊ ငါး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်ပါတယ်။ ဥတွေတော့ စားပါတယ်။

    -Lacto-ovo vegetarian တွေကတော့ အသား၊ ငါး ရှောင်ပြီး ဥ၊နို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားပါတယ်။

    -Pescatarianကတော့ ငါးကလွဲပြီး ကျန်တာ စားပါတယ်။

    -Veganကတော့ အတင်းကျပ်ဆုံးပါပဲ။ အသား၊ငါး၊ ဥ၊ နို့နဲ့ နို့ထွက်ပစ္စည်းအပြင် တိရိစ္ဆာန်နဲ့ ဆက်စပ်တဲ့ ပျားရည်တို့၊ သိုးမွေးတို့ကိုပါ ရှောင်ပါတယ်။

    ဒါတွေကတော့ သက်သတ်လွတ်အမျိုးအစားတွေပေါ့။ ကိုယ်ယုံကြည်ရာကို လိုက်ပြီး ရှောင်ကြတဲ့အခါ ရေရှည်မှာ အာဟာရချို့တဲ့တာလေးတွေ ဖြစ်လာနိုင်ပါတယ်။ ဘယိလိုအာဟာရတွေ ချို့တဲ့မှာလဲ။ ဘယ်လို ပြန်ဖြည့်လို့ရမလဲဆိုတာ ကြည့်ကြရအောင်။

    သက်သတ်လွတ် သမားတွေမှာ အာဟာရချို့တဲ့မှုကို ကာကွယ်ဖို့

    သက်သတ်လွတ် သမားတွေမှာ အာဟာရချို့တဲ့မှုကို ကာကွယ်ဖို့ ဆိုရင် နေ့စဉ် စားသုံးမှုမှာ

    • ပရိုတင်း

    ပရိုတင်းက အသားဓာတ်လို့ လူသိများပါတယ်။ ဒါကြောင့် အသားက အများဆုံးရတာပဲပေါ့။ ပရိုတင်းချို့တဲ့ရင် အရေပြားတွေ ရှုံ့တွလာမယ်။ ဆံပင်တွေ ကျွတ်မယ်။ လက်သည်းတွေ ကျိုးမယ်။ ဖောမယ် စတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အသားအစားထိုးအနေနဲ့ ပဲတွေ၊ အစေ့အဆန်တွေ၊ အားဆေးတွေ စားရမှာပါ။

    ဗီတာမင် ဘီတွဲက သွေးနီဥတွေကို ထုတ်လုပ်ပေးတာကြောင့် သွေးအားမနည်းအောင် ကာကွယ်ပေးပါတယ်။ ဒီဗီတာမင်က အသားတွေမျာ ပေါပေါများများ တွေ့ရတာကြောင့် သတ်သတ်လွတ်သမားတွေအနေနဲ့ ဘီတွဲရဖို့ ခက်မှာပါ။ ပိုဆိုးတာက သက်သတ်လွတ်သမားတွေမှာ ဘီတွဲချို့တဲ့ရင်တောင် သိပ်မသိကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အသီးအရွက်တွေက ရတဲ့ ဖောလိတ်ဆိုတဲ့ ဗီတာမင်က ဘီတွဲချို့တဲ့တာကို ကာလိုက်လို့ပါပဲ။ ဒါကြောင့် တော်ရုံဆို ဘီတွဲချို့တဲ့မှန်း မသိပါဘူး။

    ဒါတွေကို ပြန်ဖြည့်ဖို့ဆိုရင် အားဆေးသောက်တာ၊ ဘီတွဲဖြည့်ထားတဲ့ cerealတွေ စားပေးတာ၊ တဆေးတွေ စားပေးတာတွေ လုပ်လို့ရပါတယ်။

    • သံဓာတ်

    သံဓာတ်က အနီရောင် အသားမှာ အများကြီးပါပါတယ်။ Heme iron အမျိုးအစား ဖြစ်တဲ့အတွက် စုပ်ယူရ အင်မတန်လွယ်ပါတယ်။ ခန္ဓာကိုယ်မှာ သံဓာတ်ချို့တဲ့ရင် သွေးအားနည်းရောဂါ ဖြစ်တတ်ပါတယ်။ သွေးအားနည်း ရောဂါက မကုဘဲထားလိုက်ရင် နှလုံးပျက်စီးတာအထိ ဖြစ်တတ်ပါတယ်။ သံဓာတ်ချို့တဲ့လို့ သွေးအားနည်းပြီဆိုရင် လူက ဖြူဖျော့နေမယ်။ အမောမခံနိုင်ဘူး။ ဆံပင်တွေကျွတ်မယ်။ လက်သည်းတွေ ချိုင့်မယ် စတဲ့ လက္ခဏာတွေ ပေါ်လာမှာပါ။

    သတ်သတ်လွတ်သမားတွေ သံဓာတ်ပြည့်ဝဖို့ အစိမ်းရင့်ရောင် အရွက်ဖားဖားတွေ (ဥပမာ ဟင်းနုနွယ်)၊ ပဲတွေကို များများစားပေးရမှာပါ။ သူတို့မှာ ပါတဲ့ သံဓာတ်က အသားကရတဲ့ သံဓာတ်လောက်တော့ စုပ်ယူရမလွယ်ပါဘူး။ ဒါပေမယ့် မရှိတာထက်စာရင် တော်ပါသေးတယ်။ သံဓာတ်အားဆေးတွေ သောက်လို့လည်း ရပါတယ်။

    • ကယ်ဆီယမ်

    ကယ်ဆီယမ်က အရိုးနဲ့ သွားတွေ ကြံ့ခိုင်ဖို့ လိုပါတယ်။ အားလုံးသိတဲ့အတိုင်း ကယ်ဆီယမ်ကို နို့က အဓိက ရတာပါ။ နို့နဲ့ နို့ထွက်ပစ္စည်းကို ရှောင်တဲ့ သတ်သတ်လွတ်သမားတွေက ကယ်ဆီယမ်မချို့တဲ့အောင် အစိမ်းရောင် အရွက်တွေ (ဥပမာ ဘရိုကိုလီ)၊ ပဲနို့၊ တို့ဖူး၊ ကယ်ဆီယမ်ပါတဲ့ cerealတွေကို စားပေးဖို့ လိုပါတယ်။

    • ဗီတာမင်ဒီ

    ကယ်ဆီယမ်လိုပဲ ဗီတာမင်ဒီကလည်း အရိုးကျန်းမာဖို့၊ အရိုးမပွဖို့ လိုအပ်ပါတယ်။ သူ့ကိုလည်း နို့ထွက်ပစ္စည်းတွေက ရတဲ့အတွက် နို့ပါရှောင်ထားတယ်ဆိုရင် နေရာင်ခံပေးပါ။ ဒါက အလွယ်ဆုံး နည်းလမ်းပါပဲ။ ဒါမှမဟုတ် ဗီတာမင်ဒီ ဖြည့်စွက်ထားတဲ့ အစားအစာတွေ၊ ပဲနို့တွေ၊ ဆန်နို့တွေ သောက်လို့ရပါတယ်။ နှစ်ခုစလုံးမလုပ်နိုင်တော့မှ ဗီတာမင်ဒီ အားဆေးသောက်ဖို့ စဉ်းစားရမှာပါ။

    • အိုမီဂါ၃ ဖက်တီးအက်စစ် (Omega-3 fatty acids)

    ငါးကြီးဆီလို့ လူသိများကြတယ်ဟုတ်။ တကယ်လည်း ဒီOmega-3 fatty acidsတွေကို ခန္ဓာကိုယ်က မထုတ်နိုင်လို့ အပြင်က အစားအစာတွေကိုပဲ မှီခိုရတာပါ။ EPA, DHAနဲ့ ALA ဆိုပြီး ၃မျိုးရှိပါတယ်။ နှလုံး၊ ဦးနှောက်နဲ့ မျက်လုံးကျန်းမာရေးအတွက် သူတို့ကို လိုအပ်ပါတယ်။ ALAကို သစ်ကြားစေ့တို့၊ flaxseedက ရနိုင်ပြီး EPAနဲ့ DHAကိုတော့ ပင်လယ်ရေညှိက ရနိုင်ပါတယ်။ ဒါတွေ စားဖို့ အဆင်မပြေဘူးဆိုရင် အားဆေးတွေ၊ အိုမီဂါ  ၃ ဖြည့်စွက်ထားတဲ့အစားအစာတွေ စားပေးလို့ရပါတယ်။

    • ဇင့်

    ဇင့်က ခုခံအားစနစ်ကို ကောင်းမွန်စေပြီး ဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးပါတယ်။ သံဓာတ်လိုပဲ အပင်ကရတဲ့ ဇင့်ဓာတ်က အသားကရတာလောက် မကောင်းပါဘူး။ ဒါပေမယ့် နို့သောက်တဲ့သူဆိုရင်တော့ ချိစ်စားပေးလို့ရပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ပဲတို့၊ အစေ့အဆန်တို့၊ အုတ်ဂျုံတို့ စားပေးရမှာပါ။ အားဆေးလည်း သောက်လို့ရပါတယ်။

    • အိုင်အိုဒင်း

    အိုင်အိုဒင်းက သိုင်းရွိုက်ဂလင်း အလုပ်လုပ်ဖို့ လိုအပ်ပါတယ်။ သတ်သတ်လွတ်သမားတွေက အိုင်အိုဒင်းချို့တဲ့တတ်တော့ အခန့်မသင့်ရင် လည်ပင်းကြီး ရောဂါ ဖြစ်လာနိုင်ပါတယ်။ ဒီလို မဖြစ်အောင် ဆရာဝန်နဲ့ တိုင်ပင်ပြီး အားဆေးတွေ သောက်တာမျိုး လုပ်ပေးရပါမယ်။

    သက်သတ်လွတ်စားနေပေမယ့် အာဟာရချို့တဲ့တာမျိုး ဖြစ်လာလို့ သက်သတ်လွတ်စားတာကို လက်လျှော့လိုက်ရတာမျိုး မဖြစ်စေချင်ပါဘူး။ ဒါမှမဟုတ် ကျန်းမာရေးထိခိုက်နေပေမယ့် ယုံကြည်ရာကို မပျက်ချင်တာကြောင့် အထိခိုက်ခံပြီး ဆက်စားနေတာမျိုးလည်း မဖြစ်စေချင်ပါဘူး။ ဘာပဲဖြစ်ဖြစ် နည်းလမ်းရှာရင် ရှိပါတယ်။ သက်သတ်လွတ် စားပေမယ့် အာဟာရချို့တဲ့တာကို ရှောင်လွဲနိုင်ဖို့ အပေါ်က နည်းလမ်းတွေကို လိုက်နာဖို့ လိုပါတယ်။ လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်လို့ ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 14/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement