backup og meta

ဗိုက်က အဆီတွေကို တာတာ့ပြနိုင်ဖို့ သောက်သင့်တဲ့ ဖျော်ရည်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 29/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗိုက်က အဆီတွေကို တာတာ့ပြနိုင်ဖို့ သောက်သင့်တဲ့ ဖျော်ရည်များ

    ဘယ်မိန်းကလေးကမှ ဗိုက်က အဆီတွေကို ကြည်ဖြူစွာ လက်ခံထားချင်မှာ မဟုတ်ပါဘူး။ ဗိုက်မှာ အဆီတွေရှိနေတာက လူကိုဝသလို ခံစားရစေနိုင်ပြီး အဝတ်အစား ဝတ်ရင်လည်း ဗိုက်ချပ်ချပ်လေး မဖြစ်လို့ မလှဘူးလို့ ခံစားရနေနိုင်ပါတယ်။ ဒီလိုတွေဖြစ်နေပြီဆိုရင်တော့ အဆီတွေ၊ ဗိုက်ခေါက်တွေကို လက်ပြနှုတ်ဆတ်ဖို့ အချိန်တန်ပါပြီ။

    တချို့တွေကတော့ ဗိုက်က အဆီတွေ ကျစေဖို့ အစားအစာ လုံးဝမစားတာမျိုး ရှိပါတယ်။ အစားအလွန်အကျွံရှောင်တဲ့ နည်းလမ်းက ကျန်းမာရေးကို ထိခိုက်စေတာမို့ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်တဲ့ နည်းလမ်းလေးနဲ့ပဲ ဗိုက်ကအဆီတွေကို ဖယ်ထုတ်ကြမယ်နော်။

    အဆီတွေ ကျစေမယ့် ဖျော်ရည်လေးတွေ သောက်လို့ရပါတယ်။ ဘယ်လိုဖျော်ရည်တွေ ဖြစ်မလဲဆိုတာ ဖော်ပြလိုက်ပါတယ်နော်။

    အဆီကျဖို့ဆိုရင်တော့ အမျှင်ဓာတ်များတဲ့ ဖျော်ရည်နဲ့ သကြားဓာတ်နည်းတဲ့ ဖျော်ရည်တွေကို သောက်သုံးရမှာပါ။ ဘာလို့လဲဆိုတော့ အမျှင်ဓာတ်ကပဲ အဆီတွေကို ကျစေတာပါ။ ကိုယ်သောက်သုံးတဲ့ ဖျော်ရည်မှာ အမျှင်ဓာတ်မပါဘူးဆိုရင်တော့ သွေးတွင်းသကြားဓာတ်မြင့်တက်လာပြီး အဝလွန်စေနိုင်ပါတယ်။

    အမျှင်ဓာတ်ကတော့ ကယ်လိုရီနည်းပြီး ကိုယ်အလေးချိန်ကျစေတဲ့ ဓာတ်တစ်မျိုးပါပဲ။ ဖျော်ရည်တွေ နေ့တိုင်းမသောက်ဖြစ်ရင်တောင် ရေတော့ များများ သောက်ပေးပါ။

    ဗိုက်က အဆီတွေကို တာတာ့ပြနိုင်ဖို့ သောက်သင့်တဲ့ ဖျော်ရည်များ

  • မုန်လာဥနီဖျော်ရည်
  • ပုံမှန်ဆိုရင်တော့ မုန်လာဥနီကို အသုပ်၊ တို့စရာအဖြစ်သာ စားသုံးကြပါတယ်။ အဆီကျချင်ရင်တော့ ဖျော်ရည်အဖြစ် ပြောင်းပြီး သောက်နိုင်ပါတယ်နော်။ မုန်လာဥနီဖျော်ရည်က အလေးချိန်ကျစေပြီး ကယ်လိုရီ ပါဝင်မှုလည်း နည်းတဲ့အပြင် အမျှင်ဓာတ်လည်း များများ ပါဝင်ပါတယ်။

    မုန်လာဥနီ ဖျော်ရည် တစ်ခွက်ဟာ ဗိုက်အဆာလည်း ခံတာမို့ တခြား ကယ်လိုရီ ပါဝင်တဲ့ အစားအစာတွေ ထပ်စားမိတော့မှာ မဟုတ်ဘူးနော်။ ဒါဆိုရင်တော့ ဗိုက်က အဆီတွေ ကျမှာပါ။ သတိထားဖို့ကတော့ သကြားတတ်နိုင်သမျှ လျှော့ထည့်ဖို့ပါပဲ။

    • သလဲသီးဖျော်ရည်

    သလဲသီးကတော့ ရာသီစာ ဖြစ်တာမို့ အမြဲတော့ ဖျော်သောက်ဖို့က မသေချာပေမယ့် ဒီအသီးက ဗိုက်က အဆီတွေကို လျှော့ချပေးနိုင်တဲ့ အသီးတစ်မျိုးပါ။ သလဲသီးကို ဖျော်ရည်အဖြစ် သောက်သုံးလို့ ရပါတယ်။ သလဲသီးက အသားအရည်ကို ကြည်လင်စေတဲ့အပြင် အလေးချိန်လဲ ကျစေပါတယ်။

    ဓာတ်တိုးဆန့်ကျင်တဲ့ ပစ္စည်း‌‌တွေနဲ့ linolenic acid လည်း ပါဝင်တာမို့ ဇီဝဖြစ်ပျက်မှုကို ကောင်းစေပြီး ဗိုက်က အဆီတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ နောက်ထပ် အကောင်းဆုံးတစ်ခုကတော့ အစားစားချင်စိတ်ကို ထိန်းချုပ်ပေးတာမို့ ကယ်လိုရီများတဲ့ အစားအစာတွေ အများကြီး စားမိမှာ မဟုတ်ပါဘူး။

    • ဖရဲသီးဖျော်ရည်

    ဖရဲသီးဖျော်ရည်ကတော့ တော်တော်လေး လူကြိုက်များတဲ့ ဖျော်ရည်တွေထဲက တစ်ခုပါ။ သတိပြုရမှာကတော့ ဖရဲသီးဖျော်ရည်သောက်တဲ့အခါမှာ နို့ဆီတွေ၊ သကြားတွေ အများကြီး မထည့်မိဖို့ပါပဲနော်။

    ဖရဲသီး (၁၀၀) ဂရမ်မှာ ကယ်လိုရီ (၃၀) ပဲ ပါဝင်ပြီး ရေဓာတ်ကို ပြည့်ဝစေပါတယ်။ ဖရဲသီးမှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်က အဆီတွေကို လောင်ကျွမ်းစေတာမို့ ဗိုက်က အဆီတွေ၊ အခေါက်တွေကို တာတာ့ပဲနော်။

    • လိမ္မော်သီးဖျော်ရည်

    လိမ္မော်သီးဖျော်ရည်ကတော့ ကယ်လိုရီ အနည်းဆုံးနဲ့ အမျှင်ဓာတ်အများဆုံး အသီးဖျော်ရည်တစ်မျိုးပါ။ လိမ္မော်သီးဖျော်ရည်က ကျန်းမာရေးနဲ့လည်း အရမ်းညီညွတ်ပြီး ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။ ဒါကြောင့် ဗိုက်ကအဆီတွေကို မြန်မြန်လေး နှုတ်ဆက်ချင်တယ်ဆိုရင်တော့ လိမ္မော်ဖျော်ရည်လေး သောက်ပေးနော်။

    တစ်ခုရှိတာက ဒီဖျော်ရည်‌က ဗိုက်အဆီတွေကျဖို့ ဘေးကနေပဲ ကူပေးနိုင်ပါတယ်။ ဖျော်ရည်တွေသောက်နေပေမဲ့ ကယ်လိုရီတွေ စားတာ မလျှော့ဘူး။ အထိုင်များမယ်ဆိုရင်တော့ အဆီတွေ ကျမှာ မဟုတ်ပါဘူး။ ဒါကြောင့် တကယ်အဆီကျဖို့ဆို ဖျော်ရည်တွေ သောက်တာအပြင် ကယ်လိုရီ တွက်ချက်စားဖို့၊ ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့လည်း လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 29/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement