backup og meta

ချဉ်ပေါင်ဖူး ရေနွေးကြမ်းက ဘယ်လိုဆေးဖက်ဝင်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချဉ်ပေါင်ဖူး ရေနွေးကြမ်းက ဘယ်လိုဆေးဖက်ဝင်သလဲ

    ချဉ်ပေါင်ဆိုတာ မြန်မာတွေအတွက် ခံတွင်းမြိန်စေတဲ့ ဟင်းတစ်ခွက်အဖြစ် ကြိုက်နှစ်သက်သူများပါတယ်။ ချဉ်ပေါင်ဟင်း၊ ချဉ်ပေါင်ကြော်ပါရင် ထမင်းမြိန်ကြသလို ဆီပြန်ဟင်းတွေ၊ အကြော်အလှော်တွေနဲ့ အအီပြေချဉ်ပေါင်ဟင်းချိုလေး တွဲစပ်ချက်ပြုတ်ကြတာ အလှူပွဲတွေအထိပါပဲ။ ချဉ်ပေါင်ကို ချက်စားရုံပဲလားဆိုတော့ မဟုတ်ပါဘူး။ ချဉ်ပေါင်ဖူး ကို ယိုထိုးပြီး အချိုပွဲအဖြစ် စားသုံးကြတာ ချိုချဉ်စပ်အရသာလေးနဲ့။

    ဟိုးအရင်တည်းကမြန်မာ့ထမင်းဝိုင်းမှာပြေးမလွတ်တဲ့အထဲ ချဉ်ပေါင်၊ လက်ဖက်၊ ငါးပိရည်နဲ့ ကန်စွန်းရွက်တို့က အခုထိ ပါဝင်နေဆဲပါ။ ဒီလိုနည်းမျိုးစုံနဲ့ စီမံချက်ပြုတ်စားသုံးကြတာဟာ ချဉ်ပေါင်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကြောင့်ဖြစ်မယ်ထင်ပါတယ်။ ဒီလိုစားနေကျ ချဉ်ပေါင်ရွက်အပြင် ချဉ်ပေါင်ဖူးမှာလည်း ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိပါတယ်။

    ချဉ်ပေါင်ဖူးခြောက်ကို ရေနွေးပူပူမှာ ခတ်လိုက်တဲ့အခါ ရေနွေးကြမ်းနီနီလေးက ဘယ်ရီသီးဖျော်ရည်လိုလို ပါပဲ။ ချဉ်ပြုံးပြုံးလေးနဲ့ အအေးလိုသောက်ချင်ရင်လည်း ရပါတယ်။ ကယ်လိုရီနည်းပြီး ကဖင်းမပါတဲ့ လက်ဖက်ရည်ကြမ်းဖြစ်ပါတယ်။

    ချဉ်ပေါင်ဖူး ဆိုတာ

    ချဉ်ပေါင်ဖူးဆိုတာ ချဉ်ပေါင်ပင်ရဲ့ အဖူးပါ။ အနီရဲရဲလေးနဲ့ ချဉ်ပြုံးပြုံး အရသာရှိပါတယ်။ ကြော်စားလို့ရသလို ချဉ်ရည်ချက်စားလို့လည်း ရပါတယ်။ ယိုထိုးစားကြတာမျိုး ရှိသလို ရေနွေးကြမ်းထဲ ထည့်သောက်ကြတာလည်း ရှိပါတယ်။

    ချဉ်ပေါင်ဖူးမှာပါတဲ့ အာဟာရ

    ချဉ်ပေါင်ဖူးမှာ

    ချဉ်ပေါင်ဖူး ရေနွေးကြမ်းက ကျန်းမာရေးအတွက် ဘာအကျိုးကျေးဇူးတွေရနိုင်လဲ

    ချဉ်ပေါင်ဖူး ရေနွေးကြမ်းက လူ့ခန္ဓာကိုယ်ကျန်းမာရေးအတွက် နည်းမျိုးစုံကနေ အကျိုးပြုပါတယ်။

    ဒီရေနွေးကြမ်းကို ပုံမှန်သောက်ပေးရင် သွေးဖိအားကို ကျစေပြီး သွေးတိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ တစ်ပတ်နှစ်ပတ်လောက်အတွင်း ရေနွေးပန်းကန်လုံးနဲ့ တစ်နေ့သုံးခွက် ပုံမှန်သောက်မယ်ဆိုရင် ဆီးရွှင်စေပြီး သွေးတိုးကိုကျစေပါတယ်။

    ချဉ်ပေါင်ဖူး က ခန္ဓာကိုယ်တွင်းက မကောင်းတဲ့ကိုလက်စထရောတွေကို ကျဆင်းစေပြီး နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သွေးကြောတွေကို ထိခိုက်မှုမရှိအောင် ကာကွယ်ပေးပါတယ်။ သွေးတွင်းအဆီဓာတ်ကျစေ၊ သွေးတွင်းသကြားဓာတ်ကျစေတဲ့ အစွမ်းအာနိသင်ကြောင့် ဆီးချိုရောဂါရှိသူတွေအတွက်လည်း အကျိုးရှိစေနိင်ပါတယ်။

    ဓာတ်တိုးဆန့်ကျင်အာနိသင်ကြောင့် အသည်းရောဂါတွေကုသရာမှာ အထောက်အကူပေးပါတယ်။ ခန္ဓာကိုယ်ထဲက ဆဲလ်တွေနဲ့ တစ်ရှူးတွေမှာ free radicalsတွေကို ဓာတ်ပြယ်စေနိုင်တာဖြစ်လို့ ကျန်းမာအသက်ရှည်စေနိုင်ပါလိမ့်မယ်။

    ချဉ်ပေါင်ဖူး က အကျိတ်ကို ကြေစေပြီး ဓာတ်တိုးဆန့်ကျင်အာနိသင်တွေရှိတာကြောင့် ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေပွားများမှုကို နှေးကွေးစေတယ်လို့ သိရပါတယ်။

    • အရောင်ကျစေတယ်၊ ရောဂါပိုးသေစေတယ်

    ဗီတာမင်စီ ကြွယ်ဝတဲ့ ချဉ်ပေါင်ဖူးက ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။ ရောင်ရမ်းမှုကို လျော့ကျစေပြီး ရောဂါပိုးကို ခုခံတိုက်ဖျက်နိုင်စွမ်းကြောင့် အအေးမိ၊ တုပ်ကွေးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဖျားနေတဲ့အခါလည်း ဝေဒနာသက်သာစေဖို့ အထောက်အကူပြုပါတယ်။

    အမျိုးသမီးတွေ ရာသီလာတဲ့အချိန် ကိုက်ခဲမှုဝေဒနာတွေကိုလည်း သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဟော်မုန်းပြန်လည်ထိန်းညှိနိုင်စေပြီး ရာသီလာချိန်မှာဖြစ်တတ်တဲ့ စိတ်အပြောင်းအလဲတွေ၊ စိတ်ကျခြင်းနဲ့ လွန်ကဲစွာ အစားစားခြင်းစတဲ့ လက္ခဏာတွေကို သက်သာလျော့ပါးစေနိုင်ပါတယ်။

    ဗီတာမင်တွေနဲ့ flavonoids တွေ ပါဝင်နေလို့ စိတ်ဓာတ်ကျခြင်းကို သက်သာစေနိုင်ပါတယ်။ ချဉ်ပေါင်ဖူးခြောက်ရေနွေးကြမ်းကို သောက်သုံးခြင်းအားဖြင့် အာရုံကြောစနစ်ကို ကောင်းမွန်စေပြီး စိတ်နဲ့ခန္ဓာပြေလျော့စေတာကြောင့် စိုးရိမ်ပူပန်မှုနဲ့ စိတ်ကျဝေဒနာကို သက်သာစေပါတယ်။

    ချဉ်ပေါင်ဖူးခြောက်ရေနွေးကြမ်းက ဆီးရွှင်၊ ဝမ်းမှန်စေတာကြောင့် အစာချေဖျက်မှုကို ကောင်းမွန်စေပါတယ်။ ဝမ်းချုပ်တဲ့ ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်ကို ကျန်းမာစေလို့ အူကင်ဆာကိုကာကွယ်နိုင်ပါတယ်။

    • ရေငတ်ပြေစေတယ်

    ချဉ်ပေါင်ဖူးရေနွေးကြမ်းကို အအေးအဖြစ်လည်း သောက်ကြပါတယ်။ သူ့ရဲ့သဘောသဘာဝက ခန္ဓာကိုယ်ကို အမြန်ဆုံးအေးမြစေတဲ့အာနိသင်ရှိပြီး နည်းနည်းသောက်ရုံနဲ့ ရေငတ်ပြေစေနိုင်ပါတယ်။

    • ဝိတ်ကျစေတယ်

    ချဉ်ပေါင်ဖူးက ခန္ဓာကိုယ်ရဲ့ ကစီဓာတ်နဲ့ ဂလူးကို့စ်စုပ်ယူနိုင်စွမ်းကို လျော့နည်းစေတာကြောင့် ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူဖြစ်စေပါတယ်။ ကာဗိုဟိုက်ဒရိတ်နဲ့ ကစီဓာတ်စုပ်ယူမှုကို ကူညီပေးတဲ့ amylase ထုတ်လုပ်မှုကို ဟန့်တားပေးလို့ အဆီကျကျစ်လျစ်စေမှာပါ။

    သတိပြုစရာက

    ချဉ်ပေါင်ဖူးခြောက်ရေနွေးကြမ်းဟာ သွေးတိုးကျစေတဲ့အစွမ်းရှိတာကြောင့် သွေးပေါင်ကျတတ်သူတွေ ချင့်ချိန်သောက်သုံးသင့်ပါတယ်။ ချဉ်ပေါင်ဖူးမှာ အချဉ်ဓာတ် ပါတာကြောင့် အများကြီးစားရင် အစာခြေစနစ် ပြဿနာ ရှိနိုင်ပါတယ်။ အလွန်အကျွံ မစားမိဖို့ လိုပါမယ်။

    ဘယ်သူတွေ မစားသင့်ဘူးလဲ

    နို့တိုက်မိခင်တွေနဲ့ အရမ်းငယ်တဲ့ ကလေးတွေ မစားသင့်ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement