backup og meta

အသက်ရှည်ကျန်းမာဖို့ ပန်းသီး တစ်နေ့ တစ်လုံး စားပေးကြစို့


Ye Myo Myat မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက်ရှည်ကျန်းမာဖို့ ပန်းသီး တစ်နေ့ တစ်လုံး စားပေးကြစို့

    “ပန်းသီး တစ်နေ့ တစ်လုံး စားပေးမယ်ဆိုရင် ဆေးခန်းပြဖို့ မလိုလောက်အောင် အသက်ရှည်ကျန်းမာစေတယ်” ဆိုပြီး ဆရာဝန်တွေ မကြာခဏ ပြောတတ်ကြတာ ကြားဖူးကြမယ် ထင်ပါတယ်။ သစ်သီးဝလံေတွ၊ ဟင်းသီးဟင်းရွက်ေတွဟာ လူ့ခန္ဓါကိုယ်က နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို လုံလောက်စွာ ပေးစွမ်းနိုင်တဲ့အပြင် အာဟာရလည်း ဖြစ်၊ ရောဂါတွေကိုလည်း ကင်းဝေးစေလို့ နေ့စဉ်အစာအာဟာရထဲမှာ မရှိမဖြစ် စားပေးသင့်တဲ့ အစားအစာလည်း ဖြစ်ပါတယ်။

    ပန်းသီးဟာ တကယ်ပဲ ဆရာဝန်တွေ ပြောကြသလို အစွမ်းထက်တဲ့ သစ်သီးလား။ ဒါဆိုရင် ပန်းသီးမှာ ဘယ်လိုအာဟာရဓါတ်တွေ ပါဝင်နေလဲ။ ပန်းသီးက ဘယ်လိုရောဂါတွေကို မဖြစ်လာအောင် ကာကွယ်တားဆီးပေးနိုင်လဲဆိုတာ ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။

    ပန်းသီးမှာ ပါဝင်တဲ့ အာဟာရဓါတ်တွေ။

    ပန်းသီးဟာ နေ့စဉ်ပုံမှန်စားပေးသင့်ပြီး လူတွေကို ကျန်းမာအသက်ရှည်စေတဲ့ အစားအစာ ၁၀ မျိုးထဲမှာ ပါဝင်တယ်လို့ ကမ္ဘာတစ်ဝှမ်းက ပညာရှင်တွေက ဆိုထားကြပါတယ်။ ပန်းသီးမှာ အရွယ်တင်နုပျိုစေပြီး ကင်ဆာရောဂါ၊ နှလုံး၊ သွေးတိုး၊ ဆီးချိုးကို ကာကွယ်ပေးနိုင်တဲ့ antioxidant တွေ၊ အစာကြေစေတဲ့ အမျှင်ဓါတ်တွေ၊ လူ့ခန္ဓါကိုယ်က နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အများအပြား ပါဝင်ပါတယ်။

    ပန်းသီးဟာ ဦးနှောက်နဲ့ အာရုံကြောကို ကျန်းမာစေတယ်။

    ပန်းသီးမှာ ပါဝင်တဲ့ antioxidant တွေဟာ ဦးနှောက်ကို ကြံ့ခိုင်ကျန်းမာစေပြီး အာရုံကြောတွေကို လန်းဆန်းတက်ကြွစေတယ်။ ပန်းသီးဟာ အသက်ကြီးလာတဲ့အချိန်မှာ ဖြစ်တတ်တဲ့ အယ်လ်ဇိုင်းမားရောဂါတွေကို ကာကွယ်ပေးပြီး မှတ်ဉာဏ်ကို ကောင်းစေပါတယ်။ စိတ်ဖိစီးမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာတွေကို သက်သာစေတယ်။ ဦးနှောက်သွေးကြောပြတ်ခြင်း၊ ရုတ်တရက် သတိလစ်တတ်တဲ့ ဖြစ်စဉ်တွေကိုလည်း ကာကွယ်ပေးနိုင်တာကို တွေ့ရပါတယ်။

    ပန်းသီးဟာ ကိုလက်စထရောတွေကို လျော့ကျစေတယ်။

    ပန်းသီးကို နေ့စဉ်ပုံမှန် စားပေးတဲ့အခါမှာ ခန္ဓါကိုယ်အတွက် ဆိုးကျိုးဖြစ်စေတဲ့ ကိုလက်စထရောတွေကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။

    ဆီးချိုဖြစ်နေခြေကို လျော့နည်းစေတယ်။

    သုတေသီတွေ လေ့လာစမ်းသပ်ချက်အရ တစ်ပတ်ကို ပန်းသီး အနည်းဆုံး ၃လုံး စားပေးတဲ့ သူတွေကို ပန်းသီးလုံး၀ မစားတဲ့သူတွေနဲ့ ယှဉ်ကြည့်တဲ့အခါမှာ အမျိုးအစား (၂) ဆီးချို ဖြစ်နိုင်ခြေကို သိသိသာသာ ကျဆင်းစေနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ကလေးတွေမှာ အဝလွန်ေရာဂါ၊ ဆီးချိုရောဂါ မဖြစ်စေဖို့ ပန်းသီး နေ့စဉ် ပုံမှန်စားပေးသင့်ပါတယ်။

    ရင်သားကင်ဆာကို ကာကွယ်ပေးနိုင်တယ်။

    အမျိုးသမီးထုကို နှစ်စဉ်ခြိမ်းခြောက်နေတဲ့ ရောဂါတွေထဲမှာ ရင်သားကင်ဆာဟာ တစ်ခုအပါအဝင်ပါပဲ။ ပန်းသီးတစ်နေ့ တစ်လုံး ပုံမှန်စားပေးတဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ အလွန်လျော့နည်းပါတယ်။ ပန်းသီးမှာ အမျိုးသမီးတွေ နေ့စဉ် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေအပြင် ခန္ဓါကိုယ်ကိုလည်း ကျန်းမာစေလို့ မှန်မှန်စားပေးသင့်တဲ့အကြောင်းကို အကြံပေးလိုက်ပါတယ်။

    အဝလွန်ခြင်းကို ကာကွယ်ပေးနိုင်တယ်။

    ပန်းသီးမှာ အာဟာရဓါတ်ပေါကြွယ်ဝတာ ပြောစရာတောင် လိုမယ်မထင်ပါဘူး။ ဒါကြောင့် ငယ်ရွယ်စဉ် ကလေးဘဝမှ ကြီးလာတဲ့ အချိန်ထိ ပန်းသီးအပါအဝင် မှန်ကန်တဲ့ နေထိုင်စားသောက်မှုပုံစံ ရှိဖို့ အလွန်အရေးကြီးလှပါတယ်။ ပန်းသီးဟာ အဝလွန်တာကို ကာကွယ်ပေးနိုင်တဲ့အပြင် နောက်ဆက်တွဲ ကျန်းမာရေးအန္တရာယ်တွေဖြစ်တဲ့ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါတွေကိုပါ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။

    ပန်းသီးနဲ့ လူတွေရဲ့ နေ့စဉ်အာဟာရ

    ပန်းသီးမှာ တခြားသော သစ်သီးဝလံတွေထက် အာဟာရဓါတ်တွေ ပိုမိုပေးစွမ်းနိုင်လို့ နေ့စဉ်ပုံမှန်စားပေးသင့်ပါတယ်။

    ကိုယ်ခံအားကို ကောင်းမွန်စေပြီး ရောဂါတွေကို ကာကွယ်တားဆီးပေးနိုင်တဲ့ ဗီတာမင် C လို သဘာ၀ antioxidant တွေ အများအပြား ပါဝင်ပါတယ်။

    ဦးနှောက်နဲ့ အာရုံကြောကို ကျန်းမာစေပြီး သွေးနီဥတွေ ကောင်းစွာလည်ပတ်နိုင်အောင် ထိန်းပေးနိုင်တဲ့ ဗီတာမင် B အုပ်စု၊ သွေးတွင်း ကိုလက်စထရောတွေကို မြင့်တက်မလာအောင် တားဆီးပေးနိုင်ပြီး အစာကြေစေတဲ့ အမျှင်ဓါတ်တွေ ပါဝင်ပါတယ်။

    တခြားသော သတ္တုဓါတ်တွေ ဖြစ်တဲ့ ကယ်လ်စီယမ်ဓါတ်၊ ပိုတက်စီယမ်ဓါတ်တွေအပြင် အသားဓါတ်၊ သံဓါတ်၊ မဂ္ဂနီဆီယ်ဓါတ်၊ ဗီတာမင် A ၊ ဗီတာမင် K တွေလည်း ပါဝင်တာကြောင့် လူတိုင်းမဖြစ်မနေ နေ့စဉ် ပန်းသီး တစ်လုံး စားပေးသင့်တယ်လို့ တိုက်တွန်းပေးလိုက်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement