backup og meta

ဗောက်သီး ( Cape Gooseberry)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗောက်သီး ( Cape Gooseberry)

    ဗောက်သီးမှာ ကိုယ်အလေးချိန်လျှော့ချပေးခြင်း၊ ခန္ဓါကိုယ်တွင်းကအဆိပ်အတောက်တွေကိုပြေစေခြင်း၊ဆီးချိုဝေဒနာကိုထိန်းညှိပေးနိုင်ခြင်း၊ ကျောက်ကပ်လုပ်ငန်းဆောင်တာတွေကိုတိုးမြှင့်ပေးနိုင်ခြင်း၊ပြင်းထန်တဲ့ဝေဒနာအချို့ကနေ ကာကွယ်ပေးနိုင်ခြင်း၊နှလုံးကျန်မာသန်စွမ်းမှုကိုတိုးမြှင့်ပေးခြင်း၊ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေခြင်းတို့ဖြစ်ပေါ်အောင်လုပ်ဆောင်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။

    ဗောက်သီး ( Cape Gooseberry) ဆိုတာ

    ဗောက်သီး ( Cape Gooseberry) ဆိုတာက ပူဖောင်းလို အခွံလေးတွေကာရံထားတဲ့ အတွင်းထဲက အဝါရောင်စိုစို အသီးလေးပါ။ ခရမ်းချဉ်သီးလေးတွေနဲ့ ဆင်တူပြီး အရသာက ချိုချိုချဉ်ချဉ်လေးပါ။ ခံတွင်းရှင်းစေနိုင်ပါတယ်။

    ဗောက်သီးမှာ ဘာတွေပါလဲ!

    ဗောက်သီး ကချိုချိုချဉ်ချဉ်လေးနဲ့အရသာရှိတာကြောင့် အချိုပွဲတွေ၊ကိတ်မုန့်၊သကြားလုံးတွေနဲ့ မုန့်တွေပြုလုပ်ရာမှာထည့်သွင်းအသုံးပြုကြသလို သရေစာအနေနဲ့လည်းဗောက်သီးကို အစိမ်းစားတာမျိုးတွေရှိပါတယ်။ဗောက်သီးမှာ ကယ်လိုရီပမာဏနည်းပါးပြီး ဗီတာမင် နဲ့ သတ္တုဓါတ်တွေလည်းအတော်အသင့်ပါဝင်ပါတယ်။ဗောက်သီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေပြီး ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့Polyphenols နဲ့ carotenoidတွေလည်းပါဝင်ပါတယ်။

    ဗောက်သီးကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

    ဆီးချို(Diabetes)– ဗောက်သီးမှာ fructose ကြွယ်ဝစွာပါဝင်တာကြောင့် ဆီးချိုဝေဒနာသည်တွေစားသုံးဖို့သင့်တော်ပါတယ်။

    ရောင်ရမ်းမှုကိုသက်သာစေခြင်း – ဗောက်သီးမှာ polyphenol နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် ပန်းနာရင်ကျပ်သက်သာစေတဲ့ဆေး၊ချောင်းဆိုးပျောက်ဆေး၊ အနာကျက်ဆေး၊ သန်ကျဆေး၊ရောင်ရမ်းမှုသက်သာစေတဲ့ဆေး၊ဝမ်းပျော့ဆေး၊ဝမ်းနုတ်ဆေးတွေထုတ်လုပ်ရာမှာအသုံးပြုသလို အစာအိမ်ဝေဒနာတွေအတွက်လည်းအသုံးပြုလို့ရပါတယ်။

    သွေးတိုးရောဂါ (Hypertension) ကိုထိန်းညှိ –ဗောက်သီးမှာpolyphenols ၊ carotenoid တို့လိုမျိုး phyto-chemical တွေနဲ့သွေးတိုးတာကိုသက်သာစေနိုင်တဲ့ ပိုတက်ဆီယမ်ဓါတ်တွေသင့်တင့်မျှတစွာပါဝင်တာကြောင့်ဗောက်သီးကသွေးတိုးတာကိုထိန်းညှိပေးနိုင်ပါတယ်။ ထိုဇီဝဓါတုဒြပ်ပေါင်းတွေက ကိုလက်စထရောကိုကျဆင်းစေပါတယ်။

    အဆုတ်ကင်ဆာ (Lung Cancer) – မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့လေ့လာမှုတွေအရဗောက်သီးမှာpolyphenol နဲ့ carotenoidတွေပါဝင်နေတာကြောင့် အဆုတ်ကင်ဆာကို ကုသမှုမှာ အကျိုးရှိစေနိုင်တယ်၊လို့တွေ့ရှိရပါတယ်။ဗောက်သီးမှာ ကင်ဆာဆဲလ်တွေကိုတိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် ကင်ဆာကုသမှုမှာ အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။

    အာရုံကြောပြဿနာတွေကို သက်သာစေခြင်း –ဗောက်သီးမှာ free radicalတွေကို ထိန်းချုပ်နိုင်တဲ့ အစွမ်းရှိတာကြောင့် အာရုံကြောဆိုင်ရာရောဂါတွေအပါအဝင်ရောဂါတော်တော်များများကို ခုခံရာမှာ အထောက်အကူပြုပါတယ်။

    အမြင်အာရုံကောင်းမွန်စေခြင်း – ဗောက်သီးမှာ ဗီတာမင်အေ (Vitamin A) ကြွယ်ဝစွာပါဝင်တာကြော်င့နေ့စဉ်လိုအပ်နေတဲ့ ဗီတာမင်အေ ပမာဏကိုလုံလောက်စွာထောက်ပံ့ပေးပါတယ်။ ဗီတာမင်အေ က မျက်လုံးကိုကျန်းမာစေပြီးရေတိမ်ဖြစ်တာနဲ့ မျက်လုံးကြွက်သားတွေပျက်စီးတာကိုကာကွယ်ပေးပါတယ်။

    အရိုးတွေကိုကြံ့ခိုင်သန်စွမ်းစေခြင်း – ဗောက်သီးမှာ အရိုးတွေကြံ့ခိုင်သန်စွမ်းဖို့အတွက်လိုအပ်တဲ့ကယ်လ်ဆီယမ်နဲ့ဖော့စဖရိတ်တွေ စုပ်ယူမှုကို အထောက်အပံ့ပေးတဲ့pectin ပါရှိပါတယ်။ဗောက်သီးက အမျိုးသားတွေမှာဖြစ်တတ်တဲ့ ဒူလာနဲ့ အရေပြားနီမြန်းရောင်ရမ်းတာကိုကုသရာမှာလည်း အသုံးပြုနိုင်ပါတယ်။

    ကိုယ်ခံစနစ်ကိုတိုးမြှင့်ပေးနိုင်ခြင်း – ဗောက်သီးမှာ ဗီတာမင် စီ (Vitamin C) ပါဝင်တာကြောင့် ခန္ဓါကိုယ်ကလိုအပ်တဲ့ ဗီတာမင် စီ ကိုပြည့်ဝစေပါတယ်။ ဗီတာမင် စီက ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။

    အသည်းကျန်းမာစေခြင်း – ဗောက်သီးက ခန္ဓါကိုယ်တွင်းက ကိုလက်စထရောပမာဏကိုထိန်းညှိပေးပြီး အသည်းကျန်းမာရေးကိုကောင်းမွန်စေပါတယ်။

    နှလုံးသွေးကြောကျဉ်းရောဂါ (Atherosclerosis) –ဗောက်သီးဖျော်ရည်မှာ နှလုံးရဲ့ လုပ်ဆောင်မှုတွေကိုကောင်းမွန်စေဖို့အတွက် အထောက်အကူပြုတဲ့ အရေးပါတဲ့phyto-chemical အချို့ပါဝင်ပါတယ်။

    အအေးမိ၊ တုပ်ကွေးတွေကို သက်သာစေခြင်း – ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တဲ့ဗောက်သီးက အအေးမိတုပ်ကွေးဖျားနာမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ဗောက်သီးကို တစ်နေ့နှစ်ကြိမ်ရေနွေးနဲ့စားသုံးပေးမယ်ဆိုရင် နှာခေါင်းပိတ်တာကိုသက်သာစေမှာဖြစ်ပြီးနေလို့သက်သာလာစေမှာဖြစ်ပါတယ်။

    ကျောက်ကပ်ကိုကျန်းမာရေးကောင်းမွန်စေခြင်း –ဗောက်သီးက ကိုယ်တွင်းက အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး ဆီးရွှင်စေတာကြောင့် ခန္ဓါကိုယ်ထဲက ပိုလျှံနေတဲ့ အဆီတွေ၊အငန်ဓါတ်တွေနဲ့ပြန်ရည်ကြောစနစ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားစွန့်ထုတ်ပေးတာကြောင့်ကျောက်ကပ်ကိုကျန်းမာစေပါတယ်။

    ဘက်တီးရီးယားတွေကိုသေစေနိုင်စေခြင်း –ဗောက်သီးမှာပါတဲ့ ဓါတ်တွေက ခန္ဓါကိုယ်အတွက်အကျိုးပြုတဲ့ ဘက်တီးရီးယားတွေကိုရော အကျိုးမပြုတဲ့ ဘက်တီးရီးယားတွေကိုပါသေစေနိုင်တဲ့ အစွမ်းရှိပါတယ်။ဗောက်သီးကE. Coli ဘက်တီးရီးယားအပါအဝင် ဘက်တီးရီးယားတော်တော်များများကိုသေစေနိုင်ပါတယ်။

    ဗီတာမင် စီ ကြွယ်ဝခြင်း –ဗောက်သီးမှာ သံပုရာသီးထက် ဗီတာမင် စီ ၂ ဆလောက်ပါဝင်ပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတာကြောင့်ဗောက်သီးစားသုံးပေးတာက နှလုံးသွေးကြောဆိုင်ရာရောဂါ၊လေဖြတ်ခြင်း( Strokes)၊ ကင်ဆာရောဂါတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်။

    Pectin ပါဝင်ခြင်း –ဗောက်သီးမှာအစာချေအူလမ်းကြောင်းရဲ့လုပ်ဆောင်မှုတွေကို အဆင်ပြေချောမွေ့စေပြီး ဝမ်းမချုပ်အောင်ကာကွယ်ပေးတဲ့ပျော်ဝင်လွယ်တဲ့အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။

    ဗောက်သီးရဲ့ဘေးထွက်ဆိုးကျိုးများ

    မမှည့်သေးတဲ့ ဗောက်သီးမှာ ဓါတ်မတည့်မှုကိုဖြစ်စေနိုင်တဲ့ အဆိပ်ရှိတဲ့alkaloid အနည်းငယ်ပါဝင်နေတာကြောင့် ဗောက်သီးကိုမမှည့်ဘဲမစားသုံးသင့်ပါဘူး။

    ချယ်ရီသီးမျိုးရင်းဝင်၊ ဘယ်ရီသီးမျိုးရင်းဝင်အသီးတွေအပင်တွေနဲ့ ဓါတ်မတည့်သူတွေအနေနဲ့ ဗောက်သီး မစားသုံးသင့်ပါဘူး။

    ဗီတာမင် စီ၊ ဗီတာမင် အေ တို့နဲ့ ဓါတ်မတည့်သူတွေအနေနဲ့လည်းဗောက်သီးကို လုံးဝမစားသုံးသင့်ပါဘူး။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement