Bubble Tea သောက်ခြင်းနှင့် ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 13, 2020 . 2 mins read
Share now

Bubble Tea ကို အိမ်နီးချင်းနိုင်ငံတွေမှာ ဆယ်စုနှစ်များစွာ စွဲစွဲလန်းလန်း သောက်သုံးခဲ့ပြီးနောက် ဒီခေတ်ရေစီးကြောင်းက ကျွန်တော်တို့ မြန်မာနိုင်ငံဆီကိုပါ ရောက်လာခဲ့ပါပြီ။ Bubble Tea နဲ့ ပတ်သက်ပြီး ကြိုက်တဲ့သူတွေကလည်း ကြိုက်သလို ကျန်းမာရေးအရ မကောင်းဘူး၊ ကောင်းတယ်ဆိုပြီး အငြင်းပွားတဲ့သူတွေလည်း များလာတယ်။ ဒီဆောင်းပါးမှာတော့ Bubble Tea က ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်မှုရှိစေနိုင်လဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

Bubble Tea အကြောင်း

ပုံမှန်အားဖြင့်တော့ Bubble Tea ကို အမျိုးအစားခွဲရင် လက်ဖက်ရည်နဲ့ ပုလဲဆိုပြီး ယေဘုယျအားဖြင့် ထွက်လာပါတယ်။ လက်ဖက်ရည်ကတော့ မြန်မာလက်ဖက်ရည်မျိုးမဟုတ်ဘဲ တခြားသော လက်ဖက်ခြောက်တွေကို စစ်ပြီး အချိုကဲထားတဲ့ နွားနို့၊ ခရင်မ်၊ ချိစ်တွေနဲ့ ရောမွှေထားပါတယ်။ ဒီအတိုင်း လက်ဖက်ရည်သီးသန့်မျိုး ရောင်းတာလည်း ရှိပါတယ်။

ပုလဲလို့ခေါ်တဲ့ Bubble အလုံးလေးတွေဆိုတာ ပီလောပီနံကနေ လုပ်ထားတာဖြစ်ပြီး ကစီဓာတ် ပါဝင်မှုအလွန်များပါတယ်။ အရသာအားဖြင့် မရှိပေမဲ့ ဝါးစားလို့ကောင်းတဲ့အတွက် သောက်တဲ့သူအများစုက ကြိုက်ရခြင်း ဖြစ်ပါတယ်။

Bubble Tea က အာဟာရဖြစ်စေလား။

Bubble Tea မှာ ကျန်းမာရေးအရ ကောင်းကျိုးပေးနိုင်တဲ့ ဗီတာမင်၊ အာဟာရဓာတ်တွေ မပါဝင်ပါဘူး။ ဒီအတွက် ကျန်းမာရေးအတွက်ထက်စာရင် ကိုယ်ကြိုက်လို့ အပျော်သောက်တဲ့ အအေးလို့ဆိုရင် ပိုမှန်ပါတယ်။ ကစီဓာတ် ပါဝင်မှုများတဲ့အတွက် ကိုယ်အလေးချိန်ကို ပိုတက်စေနိုင်သလို ဒီကစီဓာတ်က ကိုယ်ခန္ဓာအတွက် သိပ်ပြီးအကျိုးမပြုတဲ့ ကစီဓာတ်တစ်မျိုးဖြစ်ပါတယ်။

အမျှင်ဓာတ် လုံးဝမပါဝင်လို့ စားသုံးမှုများရင် ဝမ်းချုပ်တာ၊ အစာမကြေတာ၊ ရင်ပြည့်တာမျိုး ဖြစ်စေနိုင်ပါတယ်။ လက်ဖက်ရည်ကိုယ်တိုင်က ရေဓာတ်ဖြည့်ပေးတယ်ဆိုပေမယ့် Bubble Tea သောက်ပြီးသွားရင်တော့ အာခြောက်စေတဲ့အတွက် ရေပိုပြီး သောက်ချင်စိတ် ဖြစ်စေပါတယ်။

ပါဝင်ပစ္စည်းပေါ်မှာလည်း မူတည်ပါတယ်။

သမားရိုးကျ Bubble Tea တွေမှာတော့ လက်ဖက်ရည်၊ အချိုကဲထားတဲ့ နို့၊ ခရင်မ်တွေနဲ့ ပုလဲတွေသာ ပါဝင်လို့ အာဟာရတန်ဖိုး များများစားစား မရှိပါဘူး။ နောက်ပိုင်းမှာတော့ ကျန်းမာရေးရှုထောင့်ကနေ ပုံစံပြောင်းပြီး သစ်သီးတွေ ရောကျိတ်ပြီး လုပ်ထားတဲ့ Smoothies မှာ ပုလဲထည့်ထားတာ၊ ခရင်မ်၊ နို့ကို သကြားလျှော့သုံးပြီး အချို အဆိမ့်ပေါ့အောင် လုပ်တာ၊ သစ်သီးကို လှီးစိတ်ပြီး ထည့်ပေးထားတာမျိုးတွေလည်း ရှိပါတယ်။

Bubble Tea သောက်လို့ ကျန်းမာရေးအန္တရာယ် ရှိနိုင်လား။

ကျန်းမာရေးအရ အကျိုးကျေးဇူး သိပ်မရှိတဲ့တိုင်အောင် အန္တရာယ်ပေးနိုင်တဲ့ အရာတွေထဲမှာတော့ မပါပါဘူး။ သတိထားဖို့ လိုတာက Bubble ပုလဲတွေဟာ သေချာကြေညက်အောင် မဝါးစားဘဲ မျိုချမိရင်တော့ လည်ချောင်းထဲမှာ နင်တာ၊ အစာရေမျိုလမ်းကြောင်းနဲ့ အာသီးကို ထိခိုက်ပွန်းပဲ့စေတာမျိုး ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေဆိုရင်တော့ ပုလဲမပါဝင်တဲ့ ရိုးရိုးအအေးပဲ တိုက်တာ ပိုကောင်းပါတယ်။

တန်ဆေး၊ လွန်ဘေးကို မမေ့ဖို့။

ဘယ်အရာမဆို တန်ဆေး၊ လွန်ဘေးပါပဲ။ ကျန်းမာရေးအတွက် ကောင်းကျိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ Bubble Tea ကြိုက်တဲ့သူတွေကတော့ ဆက်ပြီး သောက်နေဦးမှာပါပဲ။ သောက်တာက ပြဿနာမရှိတဲ့တိုင်အောင် နေ့စဉ်ရက်ဆက် သောက်ရင်တော့ အဆင်မပြေပါဘူးနော်။ တစ်ရက်ကို တစ်ကြိမ်ထက် ပိုမသောက်ဖို့၊ နေ့တိုင်း မသောက်ဖို့ကိုတော့ သတိထားပေးပါ။

Bubble Tea မှာတဲ့အခါ အချိုလုံးဝမပါတာ ဒါမှမဟုတ် အချိုလျှော့တာ၊ သို့မဟုတ် သစ်သီးဖျော်ရည်ပုံစံမျိုးကို မှာယူတာက ကျန်းမာရေးအတွက် ပိုကောင်းနိုင်ပါတယ်။ ပုလဲပါမှ သောက်ရတာ အားရတဲ့သူတွေအနေနဲ့ အအေးထဲက ပုလဲကို မဝါးဘဲ မျိုချလိုက်မိတာမျိုး မဖြစ်စေအောင် သေချာဂရုစိုက်ပြီး သောက်သုံးပေးပါ။ Bubble Tea သောက်ပြီးတိုင်း ရေများများ သောက်ပေးပါ။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နောက်ကျမှ ညစာစားခြင်းဟာ သင့်ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေသလဲ

နောက်ကျမှ ညစာစားခြင်းဟာ သင့်ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေသလဲဆိုတာ သိပြီးရဲ့လား။ မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးကို အတူတူဖတ်ရအောင်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဝမ်းဗိုက်လေး ကျန်းမာစေဖို့ နေ့တိုင်း ထောပတ်သီးစားပါ

ခုရာသီက ထောပတ်သီးတွေကို ပေါပေါသီသီ တွေ့နိုင်တဲ့ ရာသီမျိုးပါ။ ထောပတ်သီးတွေဟာ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

Diet ဆိုပြီး မိနေတဲ့ ချင်း (ဂျင်း) များ

Diet ဆိုတာ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားတာကို ဆိုလိုတာပါ။ အစားရှောင်ခိုင်းတာမဟုတ်မဟုတ်ပါဘူး။ Diet လို့ ခေါင်းစဉ်တပ်ပြီး မိနေတဲ့ ချင်းတွေအများကြီးပါပဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အာလူးမှ အာလူး တမ်းတမ်းစွဲ ဖြစ်သွားစေမယ့် ကောင်းကျိုး ၇ ခု

တချို့တွေက အာလူးလေးတွေရဲ့ ကျန်းမာရေးအကျိုးကျေးဇူးကို မျက်စိလျှမ်းနေတတ်ပါတယ်။တကယ်တော့ အာလူးဟာ အကျိုးကျေးဇူးတွေ အမြောက်အများပေးနိုင်တဲ့ အစားအစာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

နှစ်သစ်မှာ ဝိတ်ချမယ့်သူတွေ မဖြစ်မနေသိထားရမယ့် Myth များ

နှစ်သစ်မှာ ဝိတ်ချမယ့်သူတွေ မဖြစ်မနေသိထားရမယ့် Myth များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 6, 2021 . 3 mins read
ထက်ထက်မြက်မြက် မျိုးဆက်သစ်များ ဖြစ်လာစေဖို့အတွက်

ထက်ထက်မြက်မြက် မျိုးဆက်သစ်များ ဖြစ်လာစေဖို့အတွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 2 mins read
မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 1 min read
ကလေးထိန်းပြီး ဝိတ်ချမလား

ကလေးထိန်း ပြီး ဝိတ်ချမလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 31, 2020 . 2 mins read