မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon
အစားများခြင်းက နှလုံးရောဂါ ဖြစ်နိုင်ခြေကို တိုးစေတဲ့အတွက် အခွံမာသီး နဲ့ အစေ့အဆန်လေး နည်းနည်းတော့ စားပေးသင့်ပါတယ်။ ဗာဒံစေ့၊ သစ်ကြားသီး၊ မြေပဲနဲ့ တခြား အစေ့အဆန်တွေက အကျိုးပြုအဆီဓါတ် (omega-3 fatty acids)၊ မပြည့်ဝဆီတွေ နဲ့ ဗီတာမင် E တို့ကြွယ်ဝတဲ့အတွက် သွေးတွင်းကိုလက်စထရောကို ကျစေပြီး သွေးကြောတွေကို ကာကွယ်ပေးနိုင်ပါတယ်။
အစား များများ စားပြီးတဲ့အခါ ခန္ဓါကိုယ်မှာ လုပ်ဆောင်စရာတွေ များပါတယ်။ ဟင်းနုနွယ်မှာ အဆီတွေ ချေဖျက်တဲ့ ကိုယ်တွင်း ဇီဝဖြစ်စဉ်ကို မြန်စေနိုင်တဲ့ ဗီတာမင်B2 ကြွယ်ဝပါတယ်။ ဗီတာမင် B တွေက ရောဂါတွေကို တိုက်ဖျက်ရာမှာ အကူအညီပေးနိုင်ပါတယ်။ ဒီအရွက်ကို အပူပေးရုံ ပေးပြီး စားပေးတာ အကောင်းဆုံးပါ။ ကြာကြာပြုတ်ရင်တော့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပါသွားနိုင်ပါတယ်။ ဥပမာ ဟော့ပေါ့ စားတယ် ဆိုရင် နောက်ဆုံး ပြီးခါနီးကျ အရွက်ကို ဖျောပြီး စားလိုက်ပါ။
ဗီတာမင် C ကြွယ်ဝပြီး အရသာ ရှိတယ်၊ အအီပြေစေတဲ့ လိမ္မော်သီးလေးက ကိုယ်တွင်း ဇီဝဖြစ်စဉ်ကို မြန်ဆန်စေပြီး အဆီတွေကို ပိုပြီးချေဖျက်စေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ခံအားလည်း ကောင်းစေတယ်။ လိမ္မော်သီး နဲ့ အချိုတည်း ဒါမှမဟုတ် လိမ္မော်ရည်လေး သောက်ပါ။ (အချိုများတဲ့ ပုလင်း အချိုရည်တွေထက် အသီး ဖျော်ရည်က ပိုကောင်းပါတယ်)
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။