backup og meta

အစားအသောက်ကြောင့် ခေါင်းတခြမ်းကိုက်စေနိုင်သလား


Yun Sandi Nan Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစားအသောက်ကြောင့် ခေါင်းတခြမ်းကိုက်စေနိုင်သလား

    ခေါင်းတခြမ်းကိုက်ခြင်းကိုဖြစ်စေနိုင်တဲ့အကြောင်းရင်းက အများကြီးရှိနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်းမတူကြပါဘူး။ ဒါပေမယ့် ကိုယ့်မှာဖြစ်တတ်တယ်ဆိုရင်တော့ ဘာတွေကြောင့်ဖြစ်လာလေ့ရှိသလဲဆိုတာလေ့လာပြီး ကြိုးစားရှောင်ကြည့်တာအကောင်းဆုံးပါ။ တတ်နိုင်သလောက် ကာကွယ်ပြီးသားဖြစ်တာပေါ့။

    ခေါင်းတစ်ခြမ်းကိုက်ခြင်းရဲ့အကြောင်းရင်းခံကို သိပ္ပံပညာအရ တိတိကျကျတော့ မသိရသေးပါဘူး။ ဒါပေမယ့် ဦးနှောက်အတွင်းက ရုတ်တရက်ဖြစ်လာတဲ့လှုပ်ရှားမှုအပြောင်းအလဲတွေကြောင့်ဖြစ်လာတာလို့ဆေးပညာက လက်ခံထားပါတယ်။ အဲဒီအပြောင်းအလဲတွေကြောင့် သွေးကြောတွေနဲ့ အာရုံကြောသတင်းပို့စနစ်တွေမှာလည်းထိခိုက်ကုန်တာပါ။ ရလဒ်အနေနဲ့ တဒုတ်ဒုတ်နဲ့ခေါင်းထဲမှာ ထိုးကိုက်တဲ့ဝေဒနာကို ရက်နဲ့ချီပြီး ခံစားရတတ်ပါတယ်။

    အများအားဖြင့်တော့ ကိုယ်သောက်သုံးရတဲ့ဆေးဝါးတွေ၊ဟော်မုန်းအပြောင်းအလဲတွေ၊ အိပ်ရေးပျက်တာတွေ စတဲ့အကြောင်းအချက်တွေကြောင့်ဖြစ်လာတတ်ပါတယ်။နောက်တစ်ချက်က အစားအသောက်ပါ။ခေါင်းတခြမ်းကိုက်ရောဂါခံစားရတဲ့သူတွေမှာ ၁၀ %လောက်က အစားအသောက်ကြောင့်ဖြစ်နေတတ်ပါတယ်။ ဒီတော့ အဖြစ်များတဲ့အကြောင်းရင်းလေးတွေ မှတ်ထားလိုက်ရအောင် –

    ကဖင်း

    ကဖင်းပါတဲ့အစားအသောက်တွေကခေါင်းကိုက်သက်သာစေနိုင်တယ်ဆိုပေမယ့် အသွားနှစ်ဖက်ပါတဲ့ဓါးလိုပါပဲလို့ ပညာရှင်တွေကဆိုပါတယ်။နေ့တိုင်းစားသုံးမယ်ဆို ကဖင်းကိုပဲ မှီခိုစွဲလမ်းစေပြီး ပုံမှန်သောက်နေကျကော်ဖီထက် နည်းနည်းလေးပဲလျော့သွားတာနဲ့ခေါင်းကိုက်လာနိုင်တာဖြစ်ပါတယ်။ကော်ဖီကအစချောကလက်တွေအထိ ကဖင်းပါတဲ့ အစားအသောက်တွေကို စွဲလမ်းတဲ့အထိ မစားသုံးဖို့ ဂရုပြုစေချင်ပါတယ်။

    တာရှည်ခံအသား

    တာရှည်ခံအောင်လုပ်ထားတဲ့အသားတွေမှာ ပါတဲ့ နိုက်ထရိတ်တွေကြောင့်ခေါင်းတခြမ်းကိုက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ အငန်ဓါတ်လည်း ပါဝင်မှုများလို့ရေဓါတ်ခန်းခြောက်စေတာဖြစ်ပါတယ်။

    အရက်

    အရက်ကြောင့်ချည်းပဲ အဲ့လောက်မဆိုးပေမယ့် တန်နင်၊ ဆာလ်ဖိတ်တာရှည်ခံပစ္စည်းတွေနဲ့ တခြားပါဝင်ပစ္စည်းတွေကြောင့် ခေါင်းကိုက်စေတာလို့ ဆိုကြပါတယ်။

    အချိုမှုန့်

    MSG လို့ခေါ်တဲ့ အချိုမှုန့်ကလည်း အာရုံကြောတွေကိုနှိုးဆွပြီး ခေါင်းတခြမ်းကိုက်ခြင်းကိုဖြစ်စေပါတယ်။ အသင့်အမြန်စား အစားအစာတွေမှာ ပါဝင်တာများပါတယ်။

    အချဉ်ပြင်းတဲ့အသီး

    အက်စစ်ပြင်းတဲ့အစားအစာတွေ၊ အချဉ်ပြင်းတဲ့အသီးတွေက အစာအိမ်ပြဿနာဖြစ်စေပြီးခေါင်းတခြမ်းကိုက်စေနိုင်ပါတယ်။

    အပူအစပ်

    ခေါင်းတခြမ်းကိုက်စေတဲ့အထဲ အပူအစပ်တွေ၊ ငရုတ်သီးတွေလည်း ပါဝင်ပါတယ်။

    ဘယ်လိုရှောင်မလဲ

    ကျန်းမာရေးနဲ့ညီတာစားပါ –လတ်ဆတ်တဲ့ အစားအစာတွေပဲစားပါ။ပြုပြင်စီမံထားတာ၊ ရယ်ဒီမိတ်တွေမစားပါနဲ့။

    တနင့်တပိုးမစားပါနဲ့ –အစားအသောက်ကို ပမာဏနည်းနည်းစီအကြိမ်ရေခွဲစားပါ။ တစ်နေ့ ထမင်း သုံးကြိမ် အများကြီးစားမယ့်အစား ၄/၅ ကြိမ်လောက်ခွဲစားပါ။

    ရေအဝသောက်ပါ –ရေဓါတ်လုံလောက်အောင်သောက်ပါ။ အနည်းဆုံး တစ်နေ့ ၈ ဖန်ခွက်သောက်ဖြစ်ပါစေ။

    စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ –စိတ်ထဲ တင်းမာမှုတွေ၊ ဖိစီးမှုကိုလျှော့ပါ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement