backup og meta

ပျားဝတ်မှုန်၏ ကောင်းကျိုးများ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပျားဝတ်မှုန်၏ ကောင်းကျိုးများ

    ပျားတစ်ကောင်ဟာ ဝတ်ရည်ကို စုစည်းချိန်မှာ ပန်းတွေက ဝတ်မှုန်အချို့ဟာ သူတို့နဲ့ ပါလာတတ်ပါတယ်။ ဒီဝတ်မှုန်တွေဟာ ချိုမြိန်တဲ့ အရသာရှိတဲ့ ရွှေရောင် အမှုန့်လေးတွေပုံစံနဲ့ လာတတ်ပါတယ်။ ပျားဝတ်မှုန်ဟာ သွေးမဆုံးခင်ဖြစ်တတ်တဲ့ ရောဂါ (PMS)၊ ဆီးကျိတ်ကြီးခြင်းနဲ့ အခြားအရေပြား ထုတ်ကုန်တွေမှာ သူ့ရဲ့ ကျန်းမာရေးအတွက် ကောင်းတဲ့ ဂုဏ်သတ္တိကြောင့် ထင်ရှားတဲ့ ဖြည့်စွက်ပစ္စည်းအနေနဲ့ ပါဝင်ပါတယ်။

    အောက်ဖေါ်ပြပါအချက်တွေကတော့ ပျားဝတ်မှုန်ကို သင့်နေ့စဉ်အစားအေသာက်ထဲထည့်သွင်းသင့်တဲ့ အဓိက အချက်တွေဖြစ်ပါတယ်။

    ၁။ ပရိုတင်း၊ ဗီတာမင်နဲ့ antioxidants တွေ ပါဝင်ပါတယ်။

    ပျားတွေဟာ ပျားငယ်လေးတွေကို ပျားဝတ်မှုန်တိုက်ကျွေးတယ်ဆိုတာ သင်သိပါသလား။ ပျားဝတ်မှုန်ရဲ့ ၄၀% ဟာ ပရိုတင်းတွေ ဖြစ်ပါတယ်။ သူ့မှာ လူတွေ လိုအပ်တဲ့ အာဟာရမျိုးစုံ ပါဝင်ပါတယ်။ ပျားဝတ်မှုန်မှာ ပါဝင်တဲ့ ပရိုတင်းဟာ စားပြီးပြီးချင်း အသုံးပြုနိုင်တဲ့ amino acid ပုံစံနဲ့ ပါဝင်တာကြောင့် အလွယ်တကူခြေဖျက်နိုင်ပါတယ်။

    Institute of Apiculture ရဲ့ လေ့လာမှုတစ်ခုက ပျားဝတ်မှုန်မှာ သဘာဝအတိုင်းတွေ့ရတဲ့ အစာမျိုးစုံမှာ ပါဝင်တဲ့ ဗီတာမင်ဓါတ်ပါဝင်တယ်လို့ ဆိုပါတယ်။ တကယ်လို့ ပျားဝတ်မှုန်မှာ အခြား အရေးကြီးတဲ့ ပစ္စည်း ဘာမှ မပါဝင်ရင်တောင် သူ့မှာ rutin ဓါတ် အမြောက်အမြား ပါဝင်ပြီး အခြားအရင်းအမြစ် တွေနဲ့ ယှဉ်ရင် အများဆုံးလို့တောင် ပြောလို့ရပါတယ်။

    ၂။ ပိုးသေစေတဲ့ ဂုဏ်သတ္တိ

    ပျားဝတ်မှုန်ကို ယဉ်ကျေးမှု အမျိုးစုံက ရှေးဟောင်းဆေးပညာတွေမှာ သူ့ရဲ့ ပိုးသေစေတဲ့ အစွမ်းကြောင့် အသုံးပြုခဲ့ကြပါတယ်။

    တကယ်တော့ သုတေသီတွေက ပျားဝတ်မှုန်မှာ ပါဝင်တဲ့ အင်ဇိုင်းဟာ ဒုက္ခပေးတဲ့ ဘက်တီးရီးယားတွေဖြစ်တဲ့ Listeria, Staph, Salmonella နဲ့ E.coli တို့ကို သေစေတယ်လို့ ဆိုပါတယ်။

    ၃။ နှလုံးနဲ့ သွေး ကျန်းမာရေး

    ပျားဝတ်မှုန်စားသုံခြင်းဟာ သွေးနီဥနဲ့ သွေးဖြူဥ ထုတ်လုပ်မှုကို တိုးမြှင့်စေခြင်းအားဖြင့် နှလုံးနဲ့ သွေးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ပျားဝတ်မှုန်ဟာ သွေးထဲမှာ ကိုလက်စထရော ပမာဏနဲ့ triglyceride ပမာဏကို ထိန်းညှိပေးပါတယ်။ ပျားဝတ်မှုန်မှာ ပါဝင်တဲ့ rutin ဟာ သွေးကြောတွေကို သန်စွမ်းစေပြီး သွေးလှည့်ပတ်မှုကို တိုးတက်စေကာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို ကာကွယ်ပေးပါတယ်။

    ၄။ ကိုယ်ခံအား တိုးမြှင့်ပေးခြင်း

    သုတေသီတွေက ပျားဝတ်မှုန် စားသုံးတဲ့အခါ သွေးထဲမှာ lymphocytes, gamma globulins, and proteins တွေ တိုးတက်မှုရှိတယ်လို့ ဆိုပါတယ်။ သူတို့တွေထဲမှာ gamma globulin ကို immunoglobulin လို့ခေါ်ပြီး သူဟာ ကူးစက်ရောဂါပိုးတွေ၊ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေနဲ့ mutated cells တွေကို တိုက်ခိုက်ပေးပြီး ကိုယ်ခံအားကို မြင့်တက်စေပါတယ်။

    ၅။ ဓါတ်မတည့်မှုများ

    ပျားရည်လိုမျိုးပဲ ပျားဝတ်မှုန်ကို ဓါတ်မတည့်မှုဖြစ်ပွားတဲ့ ရာသီ မရောက်ခင် ၆ ပတ်လောက် ကြိုတင်သောက်သုံးခြင်းဟာ သူတို့ရဲ့ ရောဂါလက္ခဏာတွေကို သိသိသာသာ သက်သာစေပါတယ်။ ဒီနည်းလမ်းကို desensitisation လို့ ခေါ်ပါတယ်။ သူဟာ သင့်ကို ဓါတ်မတည့်တဲ့ ပစ္စည်းအနည်းငယ်ကို ထည့်ပေးပြီး ကိုယ်ခန္ဓါကို တဖြည်းဖြည်း နေသားကျစေတာဖြစ်ပါတယ်။ Leo Conway, M.D. of Denver, Colorado က သူ့ လူနာ ၉ သိန်းရဲ့ ၉၄%ဟာ ဒီကုသမှုနဲ့ ဓါတ်မတည့်တဲ့ လက္ခဏာတွေ လုံးဝ ပျောက်ကင်းကုန်တယ်လို့ ဆိုပါတယ်။

    ၆။ ကိုယ်ခန္ဓါ ဆောင်ရွက်မှု

    Osteopathic physician, and web entrepreneur of Mercola.com ဖြစ်တဲ့ Dr. Mercola က အားကစားသမားတွေနဲ့ နည်းပြ အတော်များများဟာ ပရိုတင်းတွေနဲ့ အာဟာရတွေ ပါဝင်တဲ့အတွက် ပျားဝတ်မှုန်ကို သောက်သုံးကြပြီး အားအင်နဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေတယ်လို့ ဆိုပါတယ်။ နေ့စဉ်လေ့ကျင့်မှုတွေနဲ့ အတူ သူတို့ဟာ အချိန်တိုအတွင်း ကြီးမားတဲ့ ရလဒ်ကို ရနိုင်တယ်လို့ လဲဆိုပါတယ်။

    ဒါ့ပြင် British Sports Council က ပျားဝတ်မှုန် ပုံမှန်သောက်သုံးခြင်းဟာ အားအင်ကို ၄၀% ကနေ ၅၀%ထိ တိုးတက်စေတယ်လို့ ဆိုပါတယ်။

    ၇။ ကိုယ်ဝန်ရစေခြင်း

    ပျားဝတ်မှုန်ဟာ စိတ်ထိန်းချုပ်မှုကို ကူညီပေးတဲ့ serotonin ပမာဏကို မြင့်တက်စေပါတယ်။ Serotonin ဟာ သင့်စိတ်ကို သဘာဝအတိုင်း ထိန်းညှိပေးပါတယ်။ သူ့ပမာဏဟာ ပုံမှန်ဆိုရင် ပျော်လာမယ်၊ တည်ငြိမ်လာမယ်၊ ပိုပြီး အာရုံစူးစိုက်မှု ရှိလာမယ်၊ စိတ်ပူတာတွေနည်းလာပြီးတော့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်လာပါလိမ့်မယ်။ ပျားဝတ်မှုန်ဟာ မျိုးဥအိမ်ရဲ့ လုပ်ငန်းဆောင်တာကို လှုံ့ဆော်ပြီး ကိုယ်ဝန်ရရှိမှုကို ကူညီပေးပါတယ်။

    ၈။ အရေပြားကျန်းမာရေး

    ယေဘုယျအားဖြင့် ပျားကထွက်တဲ့ ထုတ်ကုန်တွေဟာ အရေပြားရောဂါတွေဖြစ်တဲ့ ဝက်ခြံ၊ အမဲကွက်၊ နှင်းခူနာနဲ့ psoriasis တွေကို ကာကွယ်ကုသပေးပါတယ်။ ပျားရည်လိုပဲ ပန်းဝတ်မှုန်ဟာ ရောင်ရမ်းခြင်းကို တားမြစ်ပြီးတော့ သွေးလှည့်ပတ်မှုကို တိုးမြှင့်ပေးပါတယ်။ သင်ကြိုက်တဲ့ အရေပြားဆီတစ်မျိုးမျိုးနဲ့ အတူ moisturiser အဖြစ် အသုံးပြုလို့ရပြီး သင့်အရေပြားကို ရေဓါတ်ခန်းခြောက်မှုကနေ ကာကွယ်ပေးပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement