backup og meta

ဂလူတာသိုင်းအုန်းအကြောင်း တစေ့တစောင်း

ဂလူတာသိုင်းအုန်းသည် အရေပြားပေါ်နှင့် ကျန်းမာရေးအတွက် ကောင်းကျိုးများကြောင့်ပို၍ပို၍လူသိများလာသည်။ ဓါတုဓါတ်တိုးဆန့်ကျင်သောအရာများ၏ခေါင်ချုပ်ဖြစ်ပြီး အရေပြားဖြူလိုပါက အရေးပါဆုံးအရာလည်းဖြစ်သည်။ သို့သော် ဂလူတာသိုင်းအုန်းအကြောင်းသီးသန့်တော့မဟုတ်ပါ။

ဂလူတာသိုင်းအုန်းဆိုတာဘာလဲ။

ဂလူတာသိုင်အုန်းသည် ခန္ဓါကိုယ်မှထုတ်သောအလွန်စိတ်ဝင်စားစရာကောင်းပြိး အလွန်သေးငယ်သောမောလီကျူးဖြစ်သည်။ တကယ်တော့ ဂလူတာသိုင်းအုန်းကို ခန္ဓါကိုယ်ရှိဆဲလ်တိုင်းတွင်တွေ့နိုင်သည်။ အရေးပါဆုံးသော ဓါတုဓါတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ခြင်းမှာ ဆဲလ်အတွင်းတိုင်းတွင်ရနိုင်သောကြောင်ဖြစ်သည်။ အရေပြားကိုဂရုစိုက်ရာတွင် ဗီတာမင်စီနှင့် ဗီတာမင်အီးကိုသင့်စိတ်တွင်အရင်ရောက်နိုင်သည်။ သို့သော်ဂလူတာသိုင်အုန်းသည် ဓါတုဓါတ်တိုးဆန့်ကျင်ပစ္စည်းသည်မိခင်ကြီးဖြစ်သည်။ ဗီတာမင်စီနှင့် အီးသည် ဆဲလ်အတွင်းဖြစ်ပြီး ပျက်စီးခြင်းကိုဖြစ်စေတတ်သော ရေဒီကယ်အလွတ်ကိုဓါတ်ပြယ်စေခြင်းကြောင့်ကျန်းမာရေးကိုကောင်းစေသည်။ ဂလူတာသိုင်အုန်းက ဆဲလ်ထဲတွင်ရှိပြီး ရေဒီကယ်များကို ဓါတ်ပြယ်စေသည့်အပြင် ခုခံအားစနစ်ဆဲလ်တွင်နေပြီး ရောဂါများကိုတိုက်ထုတ်ပေးသည်။

ဂလူတာသိုင်အုန်းကိုအစားအစာကနေဘယ်လိုရမလဲ။

အစားအစာစားခြင်းဖြင့်အလွယ်တကူရနိုင်သည်။ ဂလူတာသိုင်အုန်းရနိုင်သောအစာများစွာရှိသည်။ ထောပတ်သီး ကြက်သွန်နီ ကြက်သွန်ဖြူ နနွင်းသစ်ကြံပိုးခေါက် နှင့် အရွတ်တော်တော်များများ ဥပမာပန်းမုန်လာမျိုး ဂေါ်ဖီ ဟင်းနုနွယ် အသားစသည်တို့မှရနိုင်သည်။ ပုံမှန်အားဖြင့်သင်နေ့တိုင်းစားနေသောအစာမှတစ်ဆင့် ဂလူတာသိုင်အုန်းကိုရသည်။ သင်အစာတွင် လတ်ဆတ်သောအသီးအရွတ် အသားများဖြင့်စားခြင်းမှ သင့်ခန္ဓါကိုယ်မှလိုအပ်သောဂလူတာသိုင်အုန်းကိုရစေသည်။

ဂလူတာသိုင်အုန်းကိုရောဂါကာကွယ်ရန်စသုံးသည်။

ဂလူတာသိုင်အုန်းကို အရေပြားဖြူရန်ဂရုစိုက်ရန်အကောင်းဆုံးပါဝင်ပစ္စည်းအဖြစ်လူသိများသော်လည်း အရင်က ဂျပန်ဆရာဝန်များက အသဲအင်ဇိုင်းများ ထိန်းရန် ပြင်ရန် အသုံးပြုခဲ့ကြသည်။ ဂလူတာသိုင်အုန်းကို သောက်ဆေးအဖြစ် အရက်သမားများပန်းနာဥရင်ကြပ် ကင်ဆာ နှလုံးရောဂါနှင့် ခုခံအားစနစ်မကောင်းသောရောဂါ ရှိသူများကိုကုသရန် သို့မဟုတ် ကာကွယ်ရန်ပေးခဲ့ကြသည်။

မတောမဆဆိုသလို ဂလူတာသိုင်အုန်းပေးသောလူများတွင် ကုသမှုမယူမှီအချိန်ထက် အသားအရည်ပိုတောက်ပလာသည်ကိုတွေ့ရသည်။ ထိုနောက် ဂလူတာသိုင်အုန်းကို အသားဖြူချင်သောလူများတွင် အဓိက ပါဝင်ပစ္စည်းအဖြစ်သုံးလာရသည်။ အရေပြားအရောင်ကို မယ်လနိုဆိုက်မှထုတ်သော မယ်လနင်ဖြင့်ထိန်းထားသည်။ ဂလူတာသိုင်အုန်းသည် ထိုမလနိုဆိုက်ကိုနည်းစေခြင်းဖြင့်အရေပြားကိုပိုတောက်ပစေသည်။

ဂလူတာသိုင်အုန်းကို ဗီတာမင်စီဖြင့်ပေါင်းပေးပါက အရေပြားကိုပိုတောက်ပစေသည်။

ဗီတာမင်စီသည် ခုခံအားစနစ်တခုတည်းကိုကောင်းစေရုံသာမက အရေပြားပေါ်တွင်လည်းကောင်းသောအကျိုးအာနိသင်ကိုပေးသည်။ အဓိကအားဖြင့် ဗီတာမင်စီကို ဂလူတာသိုင်အုန်းနှင့်တွဲပေးပါက ဗီတာမင်စီ၏ဓါတ်တိုးပစ္စည်ဆန့်ကျင်သောအာနိသင်ကိုဂလူတာသိုင်အုန်းကများစေပြီး ခန္ဓကိုယ်ရှိဂလူတာသိုင်အုန်းပမာဏကို ဗီတာမင်စီကများစေသည်။ ဗီတာမင်စီနှင့် ဂလူတာသိုင်အုန်းနှစ်ခုလုံးက အရေပြားကိုတောက်ပပြီး ပေါင်းပေးပါက အရေပြားဖြူခြင်းကိုရနိုင်သည်။

လ့ကျင့်ခန်းလုပ်ခြင်းက ဂလူတာသိုင်အုန်းပမာဏကိုများစေသည်။

လေ့ကျင့်ခန်းလုပ်ခြင်း ဥပမာ အယ်ရိုးဗစ် လမ်းလျောက်ခြင်းသန်မာအောင်ကစားခြင်း တို့ကသင့်အားကောင်းကျိုးများစွာရစေသည့်အပြင် ဂလူတာသိုင်အုန်းပမာဏကိုပါ များစေနိုင်ကြောင်းသင်သိပါသလား။ ထိုအပြင် လေ့ကျင်ခန်းလုပ်ခြင်းက ကိုယ်ခံအားစနစ်ကိုကောင်းစေခြင်း အဆိပ်အတောက်ဖယ်ခြင်းကိုကောင်းစေခြင်းနှင့် ဓါတုဓါတ်တိုးပစ္စည်းဆန့်ကျင်သောအာနိသင်ကိုများစေခြင်းတို့လုပ်ပေးနိုင်သည်။

ဂလူတာသိုင်အုန်းက အသက်ကြီးခြင်း ကင်ဆာ နှလုံးရောဂါ အတိတ်မေ့ရောဂါနှင့်တော်တော်များများကိုကာကွယ်ပေးရာတွင်နာမည်ကြီးသည်။ ကုသမှုတော်တော်များများ စိတ်ကွန့်မြူးခြင်းမှ အယ်ဇိုင်းမာရောဂါအထိလိုအပ်နိုင်သည်။ သို့သော် ဂလူတာသိုင်အုန်းကို အချို့သောရည်ရွယ်ချက်များကြောင့်သုံးမည်ဆိုပါကဆရာဝန်နှင့်တိုင်ပင်သင့်သည်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Foods That Increase Natural Glutathione Production. http://www.whatisglutathione.org/how-to-get-more.html. Accessed August 6, 2016.

Gluta 101: 5 Facts About Glutathione. http://www.gluta-c.com/gluta-101-5-facts-about-glutathione/http://www.gluta-c.com/gluta-101-5-facts-about-glutathione/. Accessed August 6, 2016.

Glutathione: The Mother of All Antioxidants. http://www.huffingtonpost.com/dr-mark-hyman/glutathione-the-mother-of_b_530494.html. Accessed August 6, 2016.

Glutathione. http://www.webmd.com/vitamins-supplements/ingredientmono-717-glutathione.aspx?activeingredientid=717. Accessed August 6, 2016.

ယခုပုံစံ

21/03/2022

Nadi မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဖျားနာနေချိန်မှာ ဘာတွေ သောက်လို့ရသလဲ

မိုးရာသီမှာ ကျန်းမာစေဖို့ ဘာတွေ စားသောက်ကြမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Nadi မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/03/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement