backup og meta

ကင်ဆာရောဂါနှင့် ဗီတာမင်အားဆေးများ


Dr. Saw Yu Win မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကင်ဆာရောဂါနှင့် ဗီတာမင်အားဆေးများ

    ကင်ဆာရောဂါနှင့် ဗီတာမင်အားဆေးများ

    ဗီတာမင်ဖြည့်စွက်အားဆေးတွေကို ရောဂါကာကွယ်ဖို့၊ ရောဂါကုသဖို့၊ အသက်ရှည်ကျန်းမာဖို့ စတဲ့ အကြောင်းရင်းအမျိုးမျိုးကြောင့် သောက်သုံးကြပါတယ်။ တချို့ကတော့ ကင်ဆာမဖြစ်အောင် ကာကွယ်ဖို့ရည်ရွယ်ချက်နဲ့ သောက်တာတွေလည်းရှိတယ်။ ကင်ဆာဝေဒနာရှင်တွေကလည်း ကိုယ်ခံအားစနစ်ပိုကောင်းလာအောင်၊ ကုသမှုနောက်ပိုင်း ကင်ဆာရောဂါပြန်ပေါ်လာတာကို ကာကွယ်နိုင်အောင်နဲ့ ကင်ဆာရှိကြောင်းသိရပြီးနောက်ပိုင်း သက်တမ်းပိုရှည်စေဖို့၊ ဓါတုဆေးဝါးနဲ့ဓါတ်ကင်ခြင်းကုထုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ လျော့ပါးသက်သာစေဖို့ဆိုပြီး ဗီတာမင်ဆေးတွေကို အားကိုးကြပါတယ်။

    ကင်ဆာဝေဒနာရှင်တစ်ဦးရဲ့ကိုယ်ခံအားစနစ် အနေအထားဟာ သာမန်လူတစ်ယောက်နဲ့ယှဉ်ရင် ပိုအားနည်းပါတယ်။ ခွဲစိတ်ကုသမှုနောက်ပိုင်းမှာ တစ်ရှူးတွေထိခိုက်မှုကြောင့် အီလက်ထရိုလိုက် နဲ့ သတ္တုဓါတ်ချို့တဲ့မှုကို ခံစားရနိုင်ပါတယ်။ လူနာတွေဟာ ခွဲစိတ်ကုသမှုနောက်ပိုင်းမှာ ပုံမှန်အတိုင်း အစားမစားနိုင်တဲ့အတွက် ဖြည့်စွက်အာဟာရတွေနဲ့ အားဖြည့်ပေးဖို့လိုပါတယ်။ ခံတွင်းပျက်နေတဲ့ လူနာတွေဟာ ဖြည့်စွက်အာဟာရတွေတင်ပေးနေတဲ့အခါမှာတောင် ပျို့အန်မှုနဲ့ ခန္ဓါကိုယ်က စုပ်ယူမှုအားနည်းတာတွေကြောင့် တခြားနည်းလမ်းနဲ့ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ဖို့ လိုအပ်လာပါတယ်။ ဒါ့ကြောင့် လူနာတွေရဲ့အခြေအနေကို ပြန်ထိန်းညှိနိုင်ဖို့၊ ခွဲစိတ်မှုနောက်ပိုင်း ဓါတ်ကင်ခြင်းနဲ့ဆေးဝါးကုထုံးရဲ့ဒဏ်ကိုခံနိုင်ရည်ရှိဖို့အတွက် ဆရာဝန်တွေက ဗီတာမင်အားဆေးတွေ ညွှန်းပေးကြတာပါ။

    ဓါတုဆေးဝါးကုထုံးတွေသုံးတဲ့အခါလည်း ဆေးတွေက ကင်ဆာဆဲလ်တွေတင်မကဘဲ hemopoietic ဆဲလ်တွေ ( RBC, WBC & Platelets ) လို ကွဲပွားမှုမြန်ဆန်တဲ့ပုံမှန်ဆဲလ်တွေကိုပါ ဖျက်ဆီးပစ်တာကြောင့် လူနာတွေမှာ ကိုယ်ခံအားနည်းလာတတ်ပါတယ်။

    ကိုယ်ခံအားကောင်းအောင် တည်ဆောက်ခြင်းက ကင်ဆာအတွက် တကယ့်ကုထုံးတစ်ခုမဟုတ်ပေမယ့် ကင်ဆာလူနာတွေဟာ WBC တွေပျက်စီးရတာ၊ ရောဂါဝင်တာတွေ ဖြစ်လွယ်တဲ့အနေအထားမှာရှိပါတယ်။ ဒါ့ကြောင့် တချို့က ရောဂါပိုးဝင်နိုင်တဲ့ရာခိုင်နှုန်းကိုလျော့နည်းစေဖို့ ုကိုယ်ခံအားကိုမြှင့်တင်ပေးမယ့် အကူကုထုံးတွေသုံးလေ့ရှိပါတယ်။

    ဒါ့အပြင် ကင်ဆာလူနာတွေဟာ ကင်ဆာဆေးဝါးတွေကြောင့် ခံတွင်းပျက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းတွေခံစားရပါတယ်။ ကုထုံးမှာသုံးတဲ့ဆေးတွေဟာ အာရုံကြောနဲ့ပတ်သက်တဲ့ဘေးထွက်ဆိုးကျိုးတွေရှိနိုင်တဲ့အတွက်(ဥပမာ- Paclitaxel က နာကျင်ကိုက်ခဲမှု၊ ထုံကျဉ်ခြင်းအပါအဝင် အာရုံကြောဆိုင်ရာဝေဒနာတွေဖြစ်စေနိုင်တဲ့အတွက် L glutamine သောက်သုံးရင် ဝေဒနာသက်သာစေနိုင်ပါတယ်။) ကင်ဆာဆေးတွေရဲ့ဒဏ်ကို ခံနိုင်ရည်ရှိဖို့လည်း ဗီတာမင်အားဆေးတွေလိုအပ်ပါတယ်။

    ဒါပေမယ့် ကင်ဆာကုထုံးတချို့ကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့အားဆေးတွေရှိတာကြောင့် ကိုယ့်ရဲ့သက်ဆိုင်ရာ ကုထုံးဆရာဝန်နဲ့ကုသရေးအဖွဲ့ကို တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ ဘာကိုမှ ကိုယ့်သဘောနဲ့ကိုယ် မသောက်ပါနဲ့။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Saw Yu Win မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement