လူဆိုတာ နေမကောင်းတဲ့အချိန်၊ စိတ်ညစ်တဲ့အချိန်မျိုးဆို အစာစားချင်စိတ်တွေ နည်းသွားပြီး ဘယ်အရာမှ ပါးစပ်ထဲ ခံတွင်းမတွေ့ဖြစ်တတ်ပါတယ်။ တစ်ခါတလေဆို ဘာမှမဖြစ်ဘဲနဲ့တောင် အစာစားချင်စိတ် မရှိသလောက် ဖြစ်သွားတတ်တယ်လေ။ များသောအားဖြင့် အစာစားချင်စိတ်နည်းခြင်းဟာ ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင် သိပ်ပြီးစိုးရိမ်စရာ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း နေ့စဉ်ရက်ဆက်ဆိုသလို အစာစားဖို့ ပျက်ကွက်နေတဲ့အခါ ကိုယ်ခန္ဓာက အာဟာရဓာတ်တွေ ရသင့်သလောက် မရတော့ဘဲ ကိုယ်ခံအားကျဆင်းသွားတတ်ပါတယ်။