ဗိုက်ဆာတယ်ဆိုတဲ့ ခံစားချက်ဟာ တစ်နည်းအားဖြင့် ကိုယ်ခန္ဓာကနေ အစာလိုအပ်နေတယ်ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတစ်ခုပါပဲ။ လူက ဗိုက်ဆာလာပြီဆိုရင် ဝမ်းဗိုက်ကထဲကနေ ဂွီဂွီနဲ့ အသံတွေထွက်နေမယ်၊ စိတ်တိုဒေါသဖြစ်မယ်၊ ဘာကိုမှ အာရုံစုစည်းလို့မရတော့ဘဲ ခေါင်းကိုက်နေမှာပေါ့။