backup og meta

ကော်ဖီစွဲလမ်းမှု ကို ဘယ်လိုဖျောက်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 12/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကော်ဖီစွဲလမ်းမှု ကို ဘယ်လိုဖျောက်မလဲ

    မိုးအေးအေးလေးမှာ ကော်ဖီလေးသောက်လိုက်ရတာကတော်တော်လေးအရသာရှိတယ်နော်။ မနက်ခင်းမှာ ကော်ဖီမွှေးမွှေးလေးတစ်ခွက် သောက်လိုက်ရရင်ကို တစ်နေ့လုံးတက်တက်ကြွကြွ အလုပ်လုပ်နိုင်တယ်။ မနက်ခင်းကော်ဖီမသောက်ရရင် စိတ်တိုလာတယ်၊ ခေါင်းကိုက်လာတယ်ဆိုတာမျိုးတွေ ဖြစ်နေပြီလား။ ဒါဆိုရင်တော့ သင်ဟာကော်ဖီကို လိုတာထက်ပိုပြီး စွဲလမ်းနေပါပြီ။ ဒါက ကော်ဖီစွဲလမ်းမှု က ကြီးကြီးမားမား ကိစ္စမဟုတ်ပေမယ့် ကျန်းမာရေးကို ထိခိုက်လာနိုင်တဲ့ အခြေအနေဆိုရင်တော့ မွေးမထားတာကတော့ အကောင်းဆုံးဖြစ်မှာပါ။

    ကော်ဖီက စွဲလမ်းစေတတ်လား………….

    ကော်ဖီမှာပါတဲ့ ကဖင်းက စွဲလမ်းစေတတ်ပါတယ်။ တက်ကြွလန်းဆန်းစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် မနက်ခင်းမှာ ကော်ဖီလေးသောက်တတ်ကြသလိုနေ့ခင်းနေ့လယ် ပျင်းတဲ့အခါမျိုး၊ အိပ်ငိုက်တဲ့အခါမျိုးမှာလည်း စိတ်လန်းသွားအောင်ဆိုပြီး ကော်ဖီကို သောက်တတ်ကြပါတယ်။ တစ်ရက်နှစ်ရက်က ပြဿနာမရှိပေမယ့် တစ်ပတ်ကနေ နှစ်ပတ်၊ နှစ်ပတ်ကနေ ၁ လလောက်ကြာလာတဲ့အခါ ကော်ဖီကို အချိန်ကျရင် မသောက်ရမနေနိုင် ဖြစ်လာပါတယ်။ ဒီအခြေအနေကကော်ဖီစွဲလမ်းတဲ့အခြေအနေပါ။

    ကော်ဖီစွဲလမ်းမှု ကို ဘယ်လိုဖြေရှင်းမလဲ…………

    ကော်ဖီကို စွဲနေတာကို ချက်ချင်းဖြတ်ဖို့က ခက်ပါတယ်။ ဖြည်းဖြည်းချင်းပဲ လျှော့ချရမှာပါ။ ဒါမှ ထိခိုက်မှုကင်းကင်းနဲ့ ကော်ဖီစွဲလမ်းမှုကို ဖြေရှင်းနိုင်မှာပါ။

    • တစ်နေ့ကို ၂၅ ရာခိုင်နှုန်းလျှော့ချပေးပါ

    ကော်ဖီကို ချက်ချင်းဖြတ်လိုက်ဖို့က မဖြစ်နိုင်ပါဘူး။ ဒီတော့ တဖြည်းဖြည်းချင်းလျှော့ချတာက အကောင်းဆုံးနည်းလမ်းဖြစ်မှာပါ။ ဒါကြောင့် ပုံမှန်သောက်နေတာက ၄ ခွက်ဆိုရင် ၃ ခွက်လောက်ဖြစ်အောင်လျှော့ချလိုက်ပါ။ တဖြည်းဖြည်းချင်းလျှော့ချမှုက ထိခိုက်မှုနည်းတဲ့ ကော်ဖီစွဲလမ်းမှု ကို ဖြေရှင်းနည်းပါ။

    ကော်ဖီသောက်ချင်လာတဲ့အခါမျိုးမှာဖြစ်ဖြစ် အခြားကျန်တဲ့အချိန်တွေမှာဖြစ်ဖြစ် တစ်နေ့တာမှာ ရေပမာဏကို လုံလောက်အောင်သောက်ပေးပါ။ ရေလုံလောက်အောင် သောက်သုံးမှုကလည်း ကော်ဖီစွဲလမ်းမှု ကို ဖြေရှင်းတဲ့နေရာမှာ အသုံးဝင်ပါတယ်။

    ကော်ဖီသောက်ချင်လာတဲ့အခါ ပရိုတင်းပါတဲ့ စားစရာ တစ်ခုခုကို စားပေးပါ။ ဒီလို ပုံမှန် လုပ်ဆောင်ပေးမှုက ကော်ဖီသောက်ချင်စိတ်ကို ဖြေဖျောက်ဖို့ အကောင်းဆုံး အကူအညီ ပေးနိုင်ပါလိမ့်မယ်။

    ကော်ဖီသောက်ချင်လာတဲ့အခါတိုင်း ရေနွေးကြမ်းလေး သောက်ပေးပါ။ ဒီလိုလုပ်ပေးတာက ကော်ဖီစွဲလမ်းမှုကို တဖြည်းဖြည်းဖြေလျှော့ပေးဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါလိမ့်မယ်။

  • ပီကေဝါးပါ

  • ကော်ဖီ သောက်ချင်လာတဲ့အခါ ပီကေဝါးပေးပါ။ ခံတွင်းချဉ်တာကို သိသိသာသာ လျော့ပါးစေမှာပါ။

    • အိပ်လိုက်ပါ

    ကော်ဖီ သောက်ချင်တဲ့စိတ်ကို ဖြေဖျောက်ဖို့အတွက် အသုံးဝင်မယ့် နောက်ထပ် နည်းလမ်း တစ်ခုက နေ့ခင်း ကော်ဖီ သောက်ချင်လာတဲ့ အချိန်မှာ တစ်ရေးလောက် အိပ်လိုက်တာပါ။

    ကော်ဖီ စွဲလမ်းဖို့က အချိန်ယူခဲ့ရသလို ကော်ဖီဖြတ်ဖို့ ကလည်း တစ်ရက်တည်း နဲ့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် စိတ်ရှည်လက်ရှည်နဲ့ ဖြည်းဖြည်းချင်းပဲ သွားပေးပါ။

    ကော်ဖီစွဲလမ်းနေပြီလား

    မနက်ခင်းမှာ ကော်ဖီလေး သောက်တတ်တာ၊ နေ့ခင်းနေ့လယ် ပျင်းတဲ့ အခါမျိုး၊ အိပ်ငိုက်တဲ့ အခါမျိုးမှာလည်း စိတ်လန်းသွားအောင် ဆိုပြီး ကော်ဖီ သောက်တာက ကော်ဖီစွဲတာ မဟုတ်ပါဘူး။ ဒီလို အလေ့အကျင့်က တစ်ရက် နှစ်ရက် မဟုတ်တော့ဘဲ တစ်ပတ် ကနေ နှစ်ပတ်၊ နှစ်ပတ် ကနေ ၁ လလောက် ကြာလာတဲ့အခါ ကော်ဖီကို အချိန်ကျရင် မသောက်ရမနေနိုင် ဖြစ်လာပါမယ်။ ဒီ အခြေအနေကကော်ဖီစွဲလမ်းတဲ့ အခြေအနေပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 12/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement