backup og meta

အေးခဲထားသောအစားအစာများကိုစားသင့်သောအကြောင်းအချက် ၅ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Ye Pyae Hein မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အေးခဲထားသောအစားအစာများကိုစားသင့်သောအကြောင်းအချက် ၅ခု

    လူအများစု၏စိတ်တွင် အေးခဲထားသောအစားအစာများသည် လတ်ဆတ်သောအစားအစာများလောက် မကောင်းဟုထင်နေတတ်သည်။ ထိုသို့ဖြစ်ရခြင်းမှာအေးခဲထားသောအစားအစာများသည် ကြာရှည်ခံထားရသည့်အတွက် အာဟာရတန်ဖိုးနည်းပါးသည်ဟုယုံကြည်နေခြင်းကြောင့်ဖြစ်သည်။

    ထို့ပြင် အာဟာရဓါတ်များ လုံးဝမပါတော့ဟုလည်းထင်တတ်ကြသည်။ အမှန်တော့ ထိုသည်မဟုတ်ပါ။ အေးခဲထားသောအစားအစာများကိုစားသုံးခြင်းဖြင့်လည်းအကျိုးကျေးဇူးများစွာရရှိနိုင်ပါသည်။

    အေးခဲထားသောအစားအစာများသည် အာဟာရဓါတ်ပြည့်ဝသည်

    အေးခဲထားသောအစားအစာများကိုမူလကအာဟာရဓါတ်ပြည့်ဝ၍ အရသာအကောင်းဆုံးသောရင့်မှည့်ချိန်တွင် ရယူစုဆောင်းခူးဆွတ်ရသည်။ ထို့နောက်လယ်ကွင်းပြင်ထဲတွင် အေးခဲအောင်ထားရသည်။ ထို့ကြောင့်အခြားလတ်ဆတ်သောအသီးများနှင့် ကယ်လိုရီပါဝင်မှု ၊ အာဟာရတန်ဖိုးနှင့် ကျန်းမာရေးညီညွတ်မှုအတူတူပင်ဖြစ်သည်။ ငါးများဆိုလျှင် တစ်နေ့တည်းအတူတူဖမ်းမိတာချင်းတူလျှင်တောင် အေးခဲထားသောငါးကပို၍လတ်ဆတ်နေတတ်သည်။

    အေးခဲထားသောအစားအစာများသည်အဆင်ပြေ၍အသုံးပြု၍လွယ်ကူသည်

    အလုပ်တာဝန်များဖြင့်မအားလပ်နိုင်သူတို့အဖို့ အစားအစာပြင်ဆင်ချက်ပြုတ်ရန် အချိန်များစွာမပေးနိုင်ကြပေ။ အိမ်ရှင်မတို့အတွက် ဟင်းလျာများကိုခုတ်ထစ်၍ ငရုတ်ကောင်းနှင့်နယ်ရခြင်းမျိုးသည် အချိန်ကုန်လူပန်းဖြစ်စေတတ်သည်။ ထိုအခြေအနေမျိုးတွင် အေးခဲထားသောအစားအစာများကအတော်အဆင်ပြေသည်။ ကျန်းမာရေးနှင့်ညီညွတ်အောင်ထုတ်ပိုးထားပြီးအသင့်စားသုံးရန်ပြင်ဆင်ထားသောကြောင့်ဖြစ်ပါသည်။

    အေးခဲထားသောအစားအစာများသည်စီးပွားရေးအရတွက်ခြေကိုက်သည်

    အေးခဲထားသောအစားအစာများသည် စားသုံးသူ၏လိုအပ်ချက်အပေါ်မူတည်ပြီးအရည်အသွေးပြည့်မီ အောင်ပြင်ဆင်ထားခြင်းဖြစ်ရာအနည်းငယ်စားပြီးမှမကုန်လျှင် ကျန်တာကိုရေခဲသေတ္တာထဲထည့်၍နောက်တစ်ကြိမ်ပြန်လည်စားသုံး၍ရသည်။

    သို့သော်လတ်လတ်ဆတ်ဆတ်ရသောအစားအစာများကတော့သင့်တော်သောအချိန်တွင် စား၍မကုန်လျှင် စွန့်ပစ်ရမည်ဖြစ်သည်။ ထိုအခြေအနေနှစ်ရပ်တွင်အေးခဲထားသောအစားအစာများကလေလွင့်စွန့်ပစ်ရခြင်းမျိုးမရှိသည့်အတွက် အကုန်အကျများစွာသက်သာစေသည်။

    အေးခဲထားသောအစားအစာများကအရသာရှိသည်

    လူအများစုကအေးခဲထားသောအစားအစာများသည် လတ်ဆတ်သောအစားအစာများလောက် အရသာမရှိဟုထင်တတ်ကြသည်။ သို့သော်လည်းကိုယ်ချင်းစာတရားနှင့် ပေါင်းစပ်ဖန်တီးပါကအေးခဲထားသောအစားအစာများကိုအသုံးပြု၍အရသာရှိသောဟင်းလျာအမယ်များစွာချက်ပြုတ်နိုင်ပါသည်။

    အေးခဲထားသောအစားအစာများကိုအသုံးပြုနည်း

    အေးခဲထားသောအစားအစာများသည် အသုံးပြုရလွယ်ကူအဆင်ပြေသော်လည်းစိတ်ချရသောနည်းလမ်းဖြင့် အသုံးပြုရန်လိုပါသည်။

    အခန်းအပူချိန်ကိုရှောင်ပါ

    အခန်းအပူချိန်သည် ၂၀ မှ ၂၂ ဒီဂရီဆဲလ်ဆီးယပ်စ် ကြားရှိတတ်သဖြင့် ဘတ်တီးရီးယားပိုးမွှားများပေါက်ဖွားရှင်သန်နိုင်သည်။ အေးခဲထားသောအစားအစာများကိုအခန်းအပူချိန်နှင့် ကြာရှည်စွာထိတွေ့မိပါကစားသုံးရန်အန္တရာယ်ရှိနိုင်သည်။

    ရေခဲသေတ္တာကိုအသုံးပြုပါ

    အေးခဲထားသောအစားအစာများကိုအရည်ပျော်အောင်လုပ်ရန် အလွယ်ကူအလျင်မြန်ဆုံးမှာရေခဲသေတ္တာထဲထည့်ခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် အခန်းအပူချိန်တွင်ထားခြင်းထက် များစွာအချိန်ယူရသော်လည်းဘတ်တီးရီးယားပိုးများပေါက်ဖွားမှုကိုမူဟန့်တားပေးသည်။ ထို့ပြင် ရေခဲသေတ္တာထဲထည့်၍ အရည်ပျော်အောင်လုပ်ထားသောအစားအစာသည် ပြန်၍အေးခဲအောင် လုပ်ရာတွင်လည်းပိုမိုလွယ်ကူသည်။

    အေးသောရေကိုသုံးပါ

    အေးခဲထားသောအစားအစာများကိုစားသုံးတော့မည်ဆိုလျှင် ရေအေးထဲတွင်စိမ်၍အသုံးပြုနိုင်သည်။ သို့သော် ဂရုပြုရမည့်အချက်မှာအစားအစာကိုလုံခြုံစွာထုပ်ပိုးရန်ဖြစ်သည်။

    ထိုမှသာအစားအစာကိုရေထဲသို့ စိမ်၍ရေဝသောအခါ အပြင်သို့ယိုစိမ့်မှုမရှိစေရန်ဖြစ်သည်။ စိမ်ထားသောရေသည် အခန်းအပူချိန်ကိုရောက်လျှင် ရေကိုအသစ်လဲပေးရမည်။ ထို့ပြင်ရေအေးထဲထည့်၍ အရည်ပျော်အောင်လုပ်ထားသောအစားအစာသည် ပြန်လည်အေးခဲအောင် လုပ်၍မရတော့ပါ။

    ပူသောရေကိုသုံးပါ

    အေးသောအစားအစာကိုချက်ချင်းစားလိုလျှင် ပူနွေးသောရေကအကောင်းဆုံးဖြစ်သည်။ အသင့်တော်ဆုံးအပူချိန်မှာ ၆၀ ဒီဂရီဆဲဆီးယပ်စ် ဖြစ်သည်။ ယခုနည်းသည် ပါးပါးလှီးထားသောအစားအစာများအတွက် အကောင်းဆုံးဖြစ်သည်။

    လှီးဖြတ်ထားသောအစားအစာအစိတ်အပိုင်းကကြီးလျှင် ရေခဲသေတ္တာကိုသာသုံးပါ။ ရေအေးဖြင့်လုပ်သောနည်းကဲ့သို့ပင် ရေပူနှင့် အရည်ပျော်ထားပြီးသောအစားအစာကို ပြန်လည်အေးခဲအောင်လုပ်၍မရတော့ပါ။

    မိုက်ကရိုဝေ့ဗ်မီးဖိုသုံးပါ

    အေးသောအစားအစာကို မြန်မြန်စားလိုလျှင် မိုက်ကရိုဝေ့ဗ်မီးဖို ကိုလည်းအသုံးပြုနိုင်သည်။ သတိထားရမည့်အချက်မှာအစားအစာကိုထုပ်ပိုးထားသော

    ပလတ်စတစ်ကိုဖယ်ရှားပြီးမှသာမီးဖိုထဲသို့ထည့်ရမည့်အချက်ဖြစ်သည်။

    သတိပြုရန်

    ဟင်းသီးဟင်းရွက်များကိုမူအရည်ပျော်အောင်မလုပ်ရဘဲတိုက်ရိုက်ဆူပွက်အောင်ချက်ပြုတ်နိုင်သည်။ အရည်ပျော်အောင်လုပ်ခြင်းသည် ပါဝင်သောအာဟာရဓါတ်များကို ဆုံးရှံုးစေနိုင်သောကြောင့်ဖြစ်သည်။

    အေးခဲထားသောအစားအစာများသည်လည်းတန်ဖိုးကိုယ်စီရှိသည် ဖြစ်ရာယခုပင်စားသုံး၍ သင်နှင့်သင့်မိသားစုအတွက် အကျိုးကျေးဇူးများရယူလိုက်ပါ။ သတိပြုရမည့်အချက်မှာအရည်ပျော်အောင်လုပ်သည့်နည်းကိုမှန်ကန်စွာသုံးစွဲတတ်ဖို့ဖြစ်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement