backup og meta

အလျင်အမြန်ရနိုင်တဲ့ အစားအစာ (ဥပမာ−ဟမ်ဘာဂါ၊ အာလူးချောင်းကြော်၊ ကိုလာ) အစရှိတဲ့ အရာတွေကို ဘယ်လို စားသုံးကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အလျင်အမြန်ရနိုင်တဲ့ အစားအစာ (ဥပမာ−ဟမ်ဘာဂါ၊ အာလူးချောင်းကြော်၊ ကိုလာ) အစရှိတဲ့ အရာတွေကို ဘယ်လို စားသုံးကြမလဲ

    Fast Food ဆိုတာ မြန်မြန်ဆန်ဆန်ပြင်ဆင်ပြီး လွယ်လွယ်ကူကူစားသုံးနိုင်တဲ့ အစားအစာတွေကို ဆိုလိုတာပါ။ စားသောက်ဆိုင်တွေ၊ စူပါမာ့ကတ်တွေနဲ့ Delivery (အိမ်အရောက်သယ်ယူပို့ဆောင်ပေးတဲ့ Online စားသောက်ဆိုင်) တွေကနေ ဝယ်ယူစားသုံးနိုင်ပါတယ်။ ယနေ့ခေတ်မှာ ဒီလိုအစားအစာတွေဟာ နာမည်ကြီး လူကြိုက်များလာကြပါတယ်။ စျေးနှုန်းသင့်တင့်တယ်၊ အဆင်ပြေလွယ်ကူတယ်၊ အရသာရှိတယ် စတဲ့အကျိုးကျေးဇူးတွေကြောင့်ပါ။ ဒါပေမယ့် ဒီလိုအသင့်စား အစားအစာတွေမှာ စျေးပေါတဲ့ ပါဝင်ပစ္စည်းတွေ ထည့်ထားတတ်ကြပါတယ်။ အဆီများတဲ့အသားတွေ၊ ပြန်လည်သန့်စင်ထားတဲ့ တစ်ပတ်ရစ်ဆီတွေနဲ့ သကြားတွေပါပါတယ်။ လတ်ဆတ်သန့်ရှင်းတဲ့ အသီးအနှံနဲ့ အသား၊ ပဲတွေထည့်ရမယ့်အစား ဒီလိုအရာတွေကို အစားထိုးထည့်ထား တာပါ။ ဆိုဒီယမ်ဆိုတဲ့ဆားဓာတ်လည်း ပိုလျှံစွာပါဝင်ပါတယ်။ အရသာရှိအောင် ပမာဏမြောက်များစွာ ထည့်သွင်း အသုံးပြုထားတာပါ။ ဒီအစားအစာတွေကို စားနေခြင်းဟာ မကောင်းဘူးလား ။

    Fast Food တွေကို မကောင်းတဲ့ အစားအစာထဲတော့မထည့်ထားပါဘူး။ ဒါပေမယ့် အမြဲလိုလို စားနေခြင်းကတော့ မကောင်းပါဘူး။ ဆိုဒီယမ်၊ မကောင်းတဲ့အဆီ၊ တိရစ္ဆာန်အဆီတွေနဲ့ ကိုလက်စထရောပမာဏမြင့်မားစွာပါဝင်ခြင်းကြောင့် ကာလတာရှည် စားလာရင်တော့ သွေးပေါင်ချိန်မြင့်တက်ခြင်းနဲ့ ကိုယ်အလေးချိန်မြင့်တက်ခြင်း၊ နှလုံးရောဂါဖြစ်ပွားခြင်းတို့ ဖြစ်လာမှာပါ။ လူတွေဟာ ဟမ်ဘာဂါ၊ ကြက်ကြော်၊ ပီဇာ၊ အာလူးချောင်းကြော်အစရှိတဲ့ Fast Food တွေကို စားနေချိန်မှာ ဆိုဒါပါတဲ့ အအေးတစ်ခုခုကိုလည်း တွဲဖက်သောက်သုံးကြပါသေးတယ်။ ဒါဟာလည်း မကောင်းတဲ့ အမူအကျင့်တစ်ခုပါပဲ။

    ဒီလိုအစားအစာတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ စားသင့်ပါသလဲ

    ()   Toppings ပါဝင်ပစ္စည်း (မုန့်ပေါ်တွင်ဖြူးထားသောအရာ) တွေဟာ ပေါ့ပေါ့ပါးပါးဖြစ်ပါစေ။

    ဆိုလိုတာကတော့ Toppings  ဆိုတာ အရသာပိုရှိစေဖို့ ဆိုဒီယမ်ဆားနဲ့ အဆီတွေနဲ့ ပြည့်နှက် နေတတ်တာပါ။ ဒါကြောင့် ချိစ်လိုမျိုး၊ အဆီအစိမ့်များတဲ့ အစားအစာတွေအစား အသီးအရွက်ပိုလျှံအောင်သာ မှာပေးပါ။ (ဥပမာ-ချိစ်ဟမ်ဘာဂါအစား Vegetable/Salad အသီးအရွက်ညှပ်ထားတဲ့ဘာဂါ) လိုမျိုးကို သာ ရွေးချယ်စားသောက်သင့်ပါတယ်။)

    • တို့စားရမယ့်အချဉ်/အနှစ်ရည်ကိုတော့ မယောနိစ်/ချိစ်အနှစ်တွေ အစား Mustard (မှို) နဲ့ Ketchup (ခရမ်းချဉ်သီး) ဆော့စ်တွေကိုသာ ရွေးချယ်ပါ။
    • ပီဇာမှာမယ်ဆိုရင်တော့ အသားအစား အသီးအရွက်ကိုသာ များများထည့်မှာပေးနိုင်ပါတယ်။ ဘေးသားကိုတော့ ချိစ်တွေနဲ့ထူနေမယ့်အစား ပါးပါးလေးသာ မှာစားပါ။
    • ဆန်းဒဝစ်လို အသားညှပ်ပေါင်မုန့်မျိုးမှာဆိုရင်တော့ ဝက်ပေါင်ခြောက်နဲ့ ချိစ်နေရာမှာ ကြက်သွန်၊ ခရမ်းချဉ်သီးနဲ့ ဆလပ်ရွက်ကို ထည့်ခိုင်းစေပါ။
    • အရသာရှိအောင် စားပွဲအလယ်မှာချထားတဲ့ ဆားဘူးထဲကဆားကို ထပ်မထည့်ပါနဲ့တော့နော်။ Fast Food မှာကို ဆားကပါပြီးသားမို့ပါ။ ပိုလျှံနေတဲ့ဆားဓာတ်ဟာ သွေးတိုးနဲ့ နှလုံးရောဂါတွေကို ဖြစ်ပွားစေနိုင်လို့ပါ။
    • ကြော်ထားတဲ့ ကြက်သားဆန်းဒဝစ်အစား ကင်ထားတဲ့ကြက်သားဆန်းဒဝစ်ကိုသာ ရွေးချယ်ပါ။ အသီးအရွက်ဆိုရင်လည်း ကြော်ထားတဲ့ဟင်းပွဲအစား ပြုတ်ထားတာမျိုးကိုသာ ရွေးချယ်စားသုံးသင့် ပါတယ်။
    • ဟင်းချိုမှာလည်း ခရင်မ်၊ ချိစ်ကို အခြေခံချက်ပြုတ်ထားတဲ့ ဟင်းချိုအစား အသီးအရွက်နဲ့ ရေညှိဟင်းရည်လို အရာမျိုးကို ရွေးချယ်သင့်ပါတယ်။

    ()    ပမာဏကိုထိန်းချုပ်ပါ။

    ယနေ့ခေတ်စားသောက်ဆိုင်တွေမှာ အစားအသောက်တွေမှာယူရင် ပမာဏ များစွာထည့်ပေးတာမျိုးရှိလာပါတယ်။ ဒီတော့….

    • အစားအသောက်မှာယူရင် မိမိနဲ့သင့်တော်သလောက်သာ မှာပါ။ (ဥပမာ-ပီဇာ Size အကြီးအစား တစ်ယောက်စာ အသေးကိုသာ Size မှာယူစားသုံးပါ။)
    • အပိုရတာမျိုး (Buy one get one) လို အရာမျိုးနဲ့၊ Package တွေ (ဥပမာ-ဟမ်ဘာဂါ set ၊ ကြက်ကြော် set) စတဲ့ အရာတွေဟာ သင့်ကို အစားပိုလျှံစွာ စားမိစေမှာပါ။ ဒီလိုအခြေအနေတွေမှာ ဆိုရင်တော့ တစ်ဝက်ပဲစားပြီး ချန်ထားတာမျိုး၊ သူငယ်ချင်းနဲ့ ဝေမျှစားတာမျိုးကို ပြုလုပ်ပါ။
    • သင်စားလို့မကုန်တော့တာမျိုးဆိုရင်တော့ ကြိတ်မှိတ်ပြီး ပြည့်အင့်အောင်မစားပါနဲ့။ ပိုတာကို ပါဆယ်ယူသွားပါ။ မရှက်ပါနဲ့။ ကိုယ်အလေးချိန်တက်တဲ့ ပြဿနာကို ကြိုတင်ရှောင်ရှားတဲ့သဘောပါ။

    ()   လဲလှယ်ပါ

    • ဆီကြော်တွေအစား ကင်တာ၊ ပြုတ်ထားတဲ့အရာတွေမျိုး
    • ဆိုဒါပါတဲ့အအေးတွေအစား ရေနဲ့အဆီနည်းတဲ့ နို့တွေမျိုးနဲ့
    • အချိုတည်းရတဲ့ ကိတ်၊ ကွတ်ကီးတွေအစား အသီးအနှံနဲ့ ဒိန်ချဉ်လိုမျိုးအရာတွေကို လဲလှယ် လိုက်ပါ။

    ()   အစားအစာကို သေချာစားပါ။

    အသင့်စား အလွယ်တကူ အစားအစာဆိုတဲ့အတိုင်း လူတွေဟာ ကားပေါ်မှာဖြစ်စေ၊ လမ်းသွားရင်းဖြစ်စေ၊ အလုပ်လုပ်ရင်းဖြစ်စေ ပြီးစလွယ်စားတတ်ကြပါတယ်။ ဒီလိုစားတဲ့အခါမျိုးမှာ အာရုံမရတာကြောင့် ကိုယ်ဘယ်လောက်စားမိမှန်းမသိကြတော့ပါဘူး။ ပိုလျှံစွာစားမိသွားတတ်ကြပါတယ်။ ဒါကြောင့် အစားစာတဲ့အခါ ဆိုင်မှာပဲ သေချာထိုင်စားတတ်တဲ့အကျင့်ကို မွေးမြူပါ။ အချိန်မရရင်လည်း ပိုတာကို ပါဆယ်ထုတ်ပြီး အားလပ်ချိန်မှာ ထိုင်စားပေးပါ။

    ရေးသားသူ-ဒေါက်တာမှူးခင်

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement