backup og meta

အခါးစားပေးသင့်တဲ့ အကြောင်းအရင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 08/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အခါးစားပေးသင့်တဲ့ အကြောင်းအရင်း

    အစားအသောက်တွေ ဆိုရင် အနံ့အရသာနဲ့ ပြည့်စုံမှ စားတတ်တယ်၊ ချဉ်၊ငန်၊စပ် ဒါမှမဟုတ် ချိုတဲ့ အရသာလေးကိုမှ ကြိုက်တယ် ဆိုရင်တော့ ဆေးဖြစ်ဝါးဖြစ် အနေနဲ့ အခါးလေး နည်းနည်းလောက် စားပါ၊ လို့ ပြောပါရစေနော်။ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ ဖတ်ကြည့်ဖို့ ပြောပါရစေ အခါးစားပေးသင့်တဲ့ အကြောင်းအရင်း တွေကို ဆက်လေ့လာရအောင်နော် Hello ဆရာဝန်ပရိသတ်ကြီးရေ…….

    အခါးစားပေးသင့်တဲ့ အကြောင်းအရင်း

    အခါးကို နေ့စဉ် မဟုတ်ရင်တောင် တစ်ပတ်မှာ ၃ ရက်လောက်တော့ စားပေးသင့်ပါတယ်။  အခါးစားပေးသင့်တဲ့ အကြောင်းအရင်း ကတော့ အခါးဓါတ်က ခန္ဓါကိုယ် ကျန်းမာဖို့အတွက် လိုအပ်လို့ပါ။ အခါး စားပေးတဲ့အခါ

    အစာခြေစနစ်ကျန်းမာမယ်

    အခါးဓါတ်က အစာခြေစနစ်ထဲမှာ ရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အစာခြေရည်တွေ ဖြစ်တဲ့ တံထွေး အပါအဝင် အစာအိမ်က အက်ဆစ်တွေ ဖြစ်ပေါ်အောင် လှုံ့ဆော်ပေးပါတယ်။ သည်းခြေရည်ကို ဖြစ်ပေါ်စေနိုင်ပြီး အသည်းက အဆီတွေ ချေဖျက်မှုကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ အစာခြေရတာ လွယ်ကူစေပြီး ခန္ဓါကိုယ်ကို လိုအပ်တဲ့ အာဟာရတွေ ပြည့်ပြည့်ဝဝ စုပ်ယူနိုင်အောင် လုပ်ဆောင်ပေးပါတယ်။

    အာဟာရစုပ်ယူမှု အားကောင်းစေမယ်

    အစာခြေအင်ဇိုင်းကို ပိုမို ထုတ်လုပ်နိုင်စေပြီး စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာ ပါတဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေကို အကောင်းဆုံး စုပ်ယူနိုင်စေတာကြောင့် အာဟာရချို့တဲ့တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ခန္ဓါကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓါတ်တွေဖြစ်တဲ့ ကယ်လ်ဆီယမ်၊ သံဓါတ်၊ ဗီတာမင် B12၊ မဂ္ဂနီဆီယမ်၊ အိုင်အိုဒင်းစတာတွေကို ပြည့်ဝစွာ ရရှိအောင် ထောက်ပံ့ပေးနိုင်ပါတယ်။

    အစာခြေစနစ် ပြဿနာကြောင့် အူလမ်းကြောင်း ယိုစိမ့်မှု မဖြစ်အောင် ကာကွယ်ပေးမယ်

    ဒီဝေဒနာကို ခံစားရတဲ့အခါ အစာခြေ စနစ်ထဲက အဆိပ်အတောက်တွေ၊ ဘက်တီးရီးယားတွေ နဲ့ အစား အစအနလေးတွေက အစာခြေလမ်းကြောင်း ကနေတဆင့် သွေးကြောထဲကို ရောက်ရှိ သွားနိုင်ပါတယ်။ ရောဂါလက္ခဏာတွေ အနေနဲ့ကတော့ ပင်ပန်းနွမ်းနယ်တာ၊ ကိုယ်အလေးချိန် တက်လာတာ၊ အရေပြားပြဿနာ ခံစားရတာ၊ အစာခြေစနစ် ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒီပြဿနာကို ဖြစ်စေနိုင်တဲ့အဓိက အကြောင်းအရင်း တစ်ခုက အာဟာရ ချို့တဲ့မှုပါ။ ဒီတော့ အာဟာရ ချို့တဲ့မှုကနေရောအစာခြေစနစ်ပြဿနာကြောင့် အူလမ်းကြောင်းယိုစိမ့်မှုကနေပါ ကာကွယ်ဖို့ဆိုရင် အလွယ်ကူဆုံးနည်းလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ အခါးနည်းနည်းလောက် စားပေးတာပါပဲ။

    အစားစားချင်စိတ်တိုးစေမယ်

    အခါးဓါတ်က အစာခြေစနစ်ကျန်းမာဖို့ မဖြစ်မနေလိုအပ်တဲ့ အာဟာရဓါတ်တစ်ခုပါ။ အစားစားချင်စိတ်မရှိဖြစ်နေသူတွေအတွက် သဘာဝ ဓါတ်စာတစ်ခုပေါ့။ အခါးဓါတ်က အစားစားချင်စိတ်ဖြစ်စေတဲ့ghrelinဟော်မုန်းထွက်ရှိလာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ အခါးဓါတ်ရဲ့နောက်ထပ် အာနိသင်တစ်ခုက ဝမ်းဗိုက်တွင်းမှာရှိတဲ့ ကိုယ်တွင်းအင်္ဂါတွေဆီသွေးစီးဆင်းရောက်ရှိမှု တိုးစေနိုင်ပါတယ်။ အာရုံခံစားမှုကိုလည်းကောင်းမွန်စေနိုင်ပါသေးတယ်။ ဒါကြောင့် အစားစားချင်စိတ်နည်းနေမယ်ဆိုရင် အခါးလေးနည်းနည်းလောက်စားပေးပါ။

    အကျိုးပြုဘက်တီးရီးယားတွေကို တိုးပွားစေမယ်

    အစာခြေစနစ်ထဲမှာ ခန္ဓါကိုယ် ကျန်းမာဖွံ့ထွားဖို့အတွက် တာဝန်ထမ်းဆောင်ပေးနေတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေရှိပါတယ်။ ဒီအကျိုးပြုဘက်တီးရီးယားလေးတွေက လိုအပ်တဲ့ အာဟာရဓါတ်ကို လုံလောက်စွာ ရရှိပြီး တာဝန်ကို အကောင်းဆုံး ထမ်းဆောင်နိုင်မှ ခန္ဓါကိုယ်က ရောဂါ ကင်းပြီး နေ့စဉ် လှုပ်ရှားဖို့ လိုအပ်တဲ့ အင်အားတွေ ပြည့်နေစေမှာပါ။ ဒါကြောင့်နေ့ရက်တိုင်းကို တက်ကြွလန်းဆန်းစွာနဲ့ကျော်ဖြတ်နိုင်စေဖို့ အခါးလေးကို ဆေးဖြစ်ဝါးဖြစ်လောက် နည်းနည်း စားပေးပါ။

    အခါးဓါတ်ရရှိနိုင်မယ့် အစားအသောက်တွေက ဘာတွေလဲ………..

    နေ့စဉ်စားသုံးတဲ့အစားအစာတွေကနေလည်း အခါးဓါတ်ကိုရရှိနိုင်ပါတယ်။

  • ကြက်ဟင်းခါးသီး
  • ကိုက်လန်
  • ဂွေးတောက်ရွက်
  • ကြောင်လျှာသီး
  • ကြက်သွန်မြိတ်
  • ခရင်မ်ဘယ်ရီ
  • ချောကလက်
  • ကော်ဖီ
  • ရေနွေးကြမ်း
  • ဆလတ်ရွက်အနီရောင်စတာတွေပါ။
  • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 08/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement