backup og meta

ဝက်ခြံအမာရွတ်တွေကိုထိရောက်စွာဖယ်ရှားပေးနိုင်မယ့်အစားအစာ၅မျိုး


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံအမာရွတ်တွေကိုထိရောက်စွာဖယ်ရှားပေးနိုင်မယ့်အစားအစာ၅မျိုး

    ဝက်ခြံအမာရွတ်တွေကို ထိရောက်စွာ ဖယ်ရှားပေးနိုင်မယ့် အစားအစာ၅မျိုး

    မျက်နှာမှာရှိတဲ့ ဝက်ခြံအမာရွတ်တွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်မယ့် အစားအစာ၅မျိုးရှိပါတယ်။ ဒီအစားအစာ ၅မျိုးကို ပုံမှန် စားပေးခြင်းအားဖြင့် သင့်ရဲ့လှပပြီး ပြစ်မျိုးမှဲ့မထင်တဲ့မျက်နှာလေးကို ပြန်လည် ပိုင်ဆိုင်စေနိုင်မှာပါ။ အဆိုပါအစားအစာ၅မျိုးကတော့

    သံပုရာရည်

    သံပုရာရည်ဆိုတာ သဘာဝတရားက လက်ဆောင်ပေးထားတဲ့ အစွန်းချွတ်ပစ္စည်းတစ်မျိုးပါ။ ဒါကြောင့်မို့သံပုရာရည်ကို သင့်မျက်နှာပေါ်မှာရှိတဲ့ အမဲစက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို ဖယ်ရှားရာမှာ အသုံးပြုနိုင်ပါတယ်။ အသုံးပြုပုံကလည်း ရိုးရှင်းလွယ်ကူပါတယ်။ သံပုရာရည်ကို နေ့စဉ်မနက်တစ်ခါ ၊နေ့ခင်းတစ်ခါ ပုံမှန်သောက်ခြင်းအားဖြင့် သင့်ခန္ဓါကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားရှင်းလင်းပေးနိုင်တဲ့အတွက် သင့်အသားအရေဟာ ဝင်းလက်တောက်ပလာမှာမလွဲပါဘူး။ အမဲစက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကိုလည်း တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားစေပါတယ်။

    ဗာဒံသီး

    ဗာဒံသီးဟာ အသားအရေပျက်စီးမှုကို ပြုပြင်ပေးနိုင်ပြီး အသားအရေကို တင်းတင်းရင်းရင်းရှိစေတာမို့ ထူးခြား အကျိုး များတဲ့ အသီးတမျိုးပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဗာဒံသီးဟာ အရေးအကြောင်းတွေ နည်းသွားအောင်၊ အသားရေနုပျိုလှပ ကျန်းမာနေအောင် ကူညီပေးပါတယ်။ ဗာဒံသီးကိုေ န့စဉ်စားခြင်းအားဖြင့် ဝက်ခြံကြောင့်ဖြစ်တဲ့ အသားအရေပျက်စီးမှုကို ပြန်လည်ကောင်းမွန်စေတဲ့အပြင် ဝက်ခြံအမာရွတ်တွေကိုလည်း ပျောက်ကင်း သက်သာ စေပါတယ်။ ဗာဒံသီးမှာပါဝင်တဲ့ Omega-3-fatty acid ဟာ ရောင်ရမ်းခြင်းတွေကို လျှော့ချပေးတဲ့အပြင် အရေပြားကိုလည်း ပြန်လည်ပြုပြင် ပေးလို့ ဖြစ်ပါတယ်။

    အာလူး

    အာလူးမှာ အသားအရေအတွက် အရေးကြီးတဲ့ ဗီတာမင်စီနဲ့အေတို့ အလျှံပယ် ပါဝင်ပါတယ်။ အားလူးကို ပုံမှန် စားပေး ခြင်းအားဖြင့် ဝက်ခြံအမာရွတ်တွေကို တဖြည်းဖြည်းချင်းေ ပျာက်ကွယ်သွားစေပါတယ် ။ ချွေးပေါက် ကျယ်ခြင်းကို ကာကွယ်ဖို့အတွက်လည်း အာလူးကိုစားပေးနိုင်ပါတယ်။ ဒါ့ကြောင့် အာလူးရဲ့ အကျိုး အာနိသင်တွေ ရရှိနိုင်ဖို့အာလူးကို မှန်မှန်စားပေးသင့်တဲ့အပြင် မျက်နှာမှာလည်း ကပ်ထားလို့ရပါတယ်။

    သခွားသီး

    သခွားသီးမှာ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးတဲ့ဓါတ်တွေ ပါဝင်တာကြောင့် ဝက်ခြံအမာရွတ်တွေကို ဖယ်ရှား ပေးနိုင် ပါတယ်။ သခွားသီးကို ပုံမှန် စားပေးခြင်းအားဖြင့် သန့်ရှင်းတောက်ပလန်းဆန်းတဲ့ အသားအရေကို ပိုင်ဆိုင်နေစေမှာပါ။ ဒါတင် မကသေးပါဘူး။ သခွားသီးဟာ အသားရေကို အတွင်းပိုင်းထဲအထိ နူးညံ့စေပြီး အရေပြားလ ပျက်စီးမှုကို ပြန်လည် ပြုပြင် ပေးတဲ့အတွက် အသားအရေကို ကျန်းမာ လှပစေပါတယ်။ ဒါကြောင့် နေ့စဉ်နေ့တိုင်း သခွားသီးကို စားပေးဖို့ မမေ့နဲ့နော်။

    ဇာတိပ္ဖုလ်သီးနဲ့ပျားရည်

    ဇာတိပ္ဖုလ်သီးနဲ့ ပျားရည်ကို အသုံးပြုခြင်းအားဖြင့် ဝက်ခြံအမာရွတ်တွေကို ဖယ်ရှားပေးပြီး ပင်ကိုယ် မူလအလှတရားကို ပြန်လည် ပိုင်ဆိုင်နိုင်စေမှာ ဖြစ်ပါတယ်။ ဇာဒိဖ္ဖိုလ်သီးနဲ့ ပျားရည်ကိုရောပြီး မျက်နှာမှာလိမ်းပေးရမှာပါ။ သောက်စရာ မလိုဘဲ လိမ်းပေးရုံပဲ ဖြစ်တဲ့အတွက် ဥပါဒ်ဖြစ်မှာလည်း မပူရပါဘူး။ မျက်နှာမှာကပ်တဲ့ mask အနေနဲ့လည်း သုံးလို့ ရပါ သေးတယ်။ အသုံးပြုပုံက လွယ်ကူပါတယ်။ ဇာတိပ္ဖုလ်သီးနဲ့ ပျားရည်ကို အတူတကွရောပြီး မျက်နှာမှာလိမ်းထားကာ မိနစ်၃၀လောက် ထားထားရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် မျက်နှာကို ရေခပ်နွေးနွေးလေးနဲ့သစ်လိုက်ရုံပါပဲ။

    အဲ့ဒါကြောင့် သင့်အနေနဲ့ မျက်နှာမှာရှိတဲ့ ဝက်ခြံအမာရွတ်တွေကို ဖယ်ရှားချင်တယ်ဆိုရင် အထက်မှာဖော်ပြခဲ့တဲ့ ထိရောက်အကျိုးရှိလှသော အစားအစာ၅မျိုးကို မှန်မှန်စားပေး၊ လိမ်းပေးရမှာပဲ ဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement