backup og meta

လက်ဖက်ခြောက်အပြင် သင်ဘာတွေ ထည့်ဖျော်သောက်လို့ရသေးလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်ဖက်ခြောက်အပြင် သင်ဘာတွေ ထည့်ဖျော်သောက်လို့ရသေးလဲ

    ဆိုလိုတာက ရေနွေးထဲမှာ လက်ဖက်ခြောက် ခတ်သောက်တယ်ဆိုတာ ထူးဆန်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒါပေမယ့် ခုခေတ်မှာ ဟိုအရွက်ခြောက်လေးတွေ၊ ဒီအရွက်ခြောက်လေးတွေ ခတ်သောက်တတ်ကြတော့ ဘယ်လိုအရွက်က ဘယ်လို အာနိသင်ရှိလဲ။ တွေ့တဲ့ အရွက်လေးတွေ၊ ခြံထဲမှာ စိုက်ထားတဲ့ အရွက်လေးတွေ သောက်မယ့်အတူတူ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ herbal teaလေးတွေ သောက်တာက ပိုပြီးကျန်းမာရေးနဲ့ ညီညွတ်တာပေါ့။ ဆက်ပြီးတော့ လက်ဖက်ခြောက်အပြင် ဘယ်လို herbal teaလေးတွေက ဘယ်လိုအကျိုးကျေးဇူးပေးနိုင်လဲဆိုတာ ဆက်ကြည့်ရအောင်။

    လက်ဖက်ခြောက်အပြင် သင်ဘာတွေ ထည့်ဖျော်သောက်လို့ရသေးလဲ

    လက်ဖက်ခြောက်အပြင် ဘာတွေ ထည့်ဖျော်သောက်လို့ရသေးလဲ ဆိုတော့

    • ချာမိုမိုင်း လက်ဖက်ရည်ကြမ်း

    ချာမိုမိုင်း လက်ဖက်ရည်က စိတ်ကို တည်ငြိမ်စေတဲ့နေရာမှာ နာမည်ကြီးတဲ့အတွက် အိပ်မပျော်တဲ့သူတွေ လက်စွဲပဲ ဖြစ်ပါတယ်။ လေ့လာချက်တွေမှာ မီးနေသည်၈၀ကို ချာမိုမိုင်းလက်ဖက်ရည်ကြမ်း ၂ပတ်လောက်တိုက်လိုက်တဲ့အခါ ကောင်းကောင်းအိပ်ပျော်ပြီး စိတ်ကျတာတွေလည်း သက်သာပါတယ်တဲ့။

    ချာမိုမိုင်းဟာ အိပ်ပျော်စေရုံသာမက ရောင်ရမ်းသာကို သက်သာစေပြီး ပိုးသေစေတဲ့ သတ္တိရှိတာကို တွေ့ရပါတယ်။ အသည်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်တဲ့။ လေ့လာချက်တစ်ခုမှာ ချာမိုမိုင်း လက်ဖက်ရည်ကြမ်းကို သောက်ပေးတာက ရာသီမလာခင် ခံစားရတာတွေကို သက်သာစေပြီး နောက်ထပ်လေ့လာချက်တွေအရ ဆီးချိုသမားတွေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးပါတယ်။

    နောက်ထပ်လေ့လာမှုတွေ လိုအပ်သေးပေမယ့် ချာမိုမိုင်းက ကျန်းမာရေးအတွက် သင့်တော်တာတော့ အမှန်ပါပဲ။

    • ပင်စိမ်း လက်ဖက်ရည်ကြမ်း

    ပင်စိမ်းရွက်ကို တော်တော်များများက လက်ဖက်ရည်ကြမ်း လုပ်သောက်ကြပါတယ်။ အဓိကကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ သောက်ကြပေမယ့် သူ့မှာ ဓာတ်တိုးဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိတွေ၊ ကင်ဆာကို သက်သာစေတဲ့ အစွမ်းတွေ၊ ပိုးသေစေတဲ့ သတ္တိတွေ အများကြီး ရှိပါတယ်။

    နောက်ဆုံးလေ့လာချက်တွေအရတော့ ပင်စိမ်းရွက်က အူလမ်းကြောင်း မူမမှန်တဲ့ရောဂါ (irritable bowel syndrome)ကို သက်သာစေကြောင်း တွေ့ရှိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် သင့်မှာ အစာမကြေတာ၊ ပျို့အန်တာ၊ ဗိုက်ရစ်တာ ဖြစ်လာပြီဆိုရင် ပင်စိမ်း လက်ဖက်ရည်ကြမ်းလေး စမ်းသောက်ကြည့်နိုင်ပါတယ်။

    • ချင်းလက်ဖက်ရည်ကြမ်း

    ပူရှိန်းရှိန်း စပ်တပ်တပ် ချင်းတက်လေးမှာ ဓာတ်တိုးဆန့်ကျင်သတ္တိအပါအဝင် တခြားသော ကောင်းကျိုးတွေ အများကြီး ရှိနေပါတယ်။ သူဟာ ရောင်ရမ်းမှုကို သက်သာစေပြီး ခုခံအားကို တက်စေပါတယ်။ ပျို့အန်တာကို သက်သာစေတဲ့ နေရာမှာတော့ ဆရာတစ်ဆူပါပဲ။

    ဒါကြောင့် ကားမူးတာက စလို့ ကိုယ်ဝန်လနုချိန်မှာ ပျို့တာအလယ် ကင်ဆာဆေးတွေကြောင့် ပျို့အန်တာာအထိ သုံးလို့ရပါတယ်။ ဒါ့ပြင် အစာအိမ်အနာ၊ ဝမ်းချုပ်တာနဲ့ အစာမကြေတာတွေကို သက်သာစေတဲ့အပြင် အမျိုးသမီးတွေ ရာသီချိန်မှာ ကိုက်ခဲတာကိုလည်း သက်သာစေပါတယ်တဲ့။

    • ခေါင်ရန်း လက်ဖက်ရည်ကြမ်း

    ခေါင်ရန်းပန်းတွေနဲ့ စိမ်ထားတဲ့ ရေနွေးကြမ်းဖြစ်ဖြစ်၊  အအေးဖျော်ထားတာ ဖြစ်ဖြစ် သောက်ပေးတာက စိတ်ကိုကြည်စေပါတယ်။ သူရဲ့ အဓိက ကောင်းကျိုးကတော့ သွေးတိုးကျစေတာပဲ ဖြစ်ပါတယ်။

    လေ့လာချက်တွေကတော့ ဆက်လုပ်ရဦးမှာပါ။ ဒါပေမယ့် သတိထားရမှာက သူ့ကို hydrochlorothiazideလို့ ခေါ်တဲ့ ဆီးဆေးနဲ့ တွဲမသောက်သင့်ပါဘူး။ နှစ်ခုပေါင်းပြီး ဓာတ်ပြုတတ်ပါတယ်။ နောက်ပြီး အက်စပရင်နဲ့ တွဲမသောက်ပါနဲ့။ အနည်းဆုံး ၃-၄နာရီ လောက်တော့ ခြားပြီးသောက်ပေးပါ။

  • ဆေးပြောင်းပန်း လက်ဖက်ရည်ကြမ်း
  • ဆေးပြောင်းပန်းရဲ့ နာမည်ကြီး အစွမ်းကတော့ အအေးမိတာကို ကာကွယ်ပေးပြီး ဖြစ်လာရင်လည်း အချိန်တိုတိုနဲ့ သက်သာစေတာပါပဲ။ လေ့လာချက်တွေအရ ဆေးပြောင်းပန်းပင်က ခုခံအားကို တက်စေတဲ့အတွက် ရောဂါပိုးတွေကို တိုက်ထုတ်ပေးပါတယ်တဲ့။ လေ့လာမှုတွေ ထပ်လုပ်ရဦးမယ်ဆိုပေမယ့် အနည်းဆုံးတော့ ရေနွေးကြမ်း နွေးနွေးလေးက လည်ပင်းနာတာကို သက်သာစေပြီး နှာပွင့်စေတာတော့ အမှန်ပါပဲ။

  • လက်ဖက်နီ ရေနွေးကြမ်း
  • လက်ဖက်နီနဲ့ ပတ်သတ်လို့ သူက အရိုးတွေကို သန်မာစေပြီး နှလုံးရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးတယ်လို့ ဆိုပါတယ်။ နောက်ထပ်လေ့လာမှုတစ်ခုမှာတော့ လက်ဖက်နီကို ၆ပတ် ဆက်တိုက်သောက်ပေးတာက သွေးထဲက မကောင်းတဲ့ LDL ကိုလက်စထရောတွေကို ကျစေပြီး ကောင်းတဲ့ HDL ကိုလက်စထရောတွေကို တက်စေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပိုပြီးသေချာအောင် လေ့လာမှုတွေ ထပ်ပြီး လုပ်ရဦးမှာပါ။

    • ကလျာဏီပင် ရေနွေးကြမ်း

    ကလျာဏီနဲ့ ပတ်သတ်ပြီး ပါးစပ်ပြော ကျန်းမာရေးကောင်းကျိုးတွေ ရှိနေပေမယ့် ခုတော့ သိပ္ပံနည်းကျ လေ့လာချက်တွေ လုပ်လာကြပါပြီ။ ကလျာဏီပင်ဟာ လူကြီးတွေမှာ မှတ်ဉာဏ်ချို့ယွင်းမှုကို သက်သာစေတယ်လို့ ဆိုကြပါတယ်။ ဒါ့ပြင် အူမကြီးကို ကျန်းမာစေခြင်း၊ နှလုံးရောဂါကို ကာကွယ်ပေးခြင်း စတဲ့ ကောင်းကျိုးတွေလည်း ရှိနေပါတယ်။

    • သံပရိုသီး ရေနွေးကြမ်း

    သံပရိုသီးဟာလည်း သံပရာသီးလိုပဲ စိတ်ကိုကြည်လင်စေပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ လေ့လာချက်တွေအရ သံပရိုသီး ရေနွေးကြမ်းသောက်သုံးတဲ့သူတွေဟာ အသားအရေကြည်လင်လာပါတယ်တဲ့။ စိတ်ဖိစီးမှုသက်သာပြီး ဓာတ်တိုးဆန့်ကျင်သတ္တိတွေလည်း ရှိပါတယ်တဲ့။ ထပ်ပြီး လေ့လာရဦးမယ်ဆိုပေမယ့် နှလုံးကိုပါ ကျန်းမာစေတယ်လို့ ဆိုကြပါတယ်။

    • Rose hip ရေနွေးကြမ်း

    Rose hipဆိုတာ နှင်းဆီပင်တစ်မျိုးရဲ့ အသီးပါတဲ့။ ဗီတာမင်စီနဲ့ တခြားကောင်းကျိုးပြု ဒြပ်ပေါင်းတွေ ပါဝင်တဲ့ ဒီအသီးဟာ ရောင်ရမ်းတာကို သက်သာစေပါတယ်။ ဒါကြောင့် အဆစ်အမြစ်နာရောဂါနဲ့ လေးဖက်နာရောဂါတွေ ကုသတဲ့နေရာတဲ့နေရာမှာ သုံးဖို့ ပညာရှင်တွေ လေ့လာနေကြပါတယ်။

    ဒါ့ပြင် လူ၃၂ယောက်ကို Rose hip ရေနွေးကြမ်း ၁၂ပတ်သောက်ပြီး စမ်းသပ်ကြည့်တဲ့အခါ ဝမ်းဗိုက်က အဆီတွေ ကျသွားပါတယ်တဲ့။ နောက်ပြီး ဓာတ်တိုးဆန့်ကျင်သတ္တိရှိတာကြောင့် အရေပြားကို တင်းရင်းစေပြီး အစိုဓာတ်ကို ထိန်းပေးပါတယ်တဲ့။

    • ပင်မှည့်သီးပွင့် ရေနွေးကြမ်း

    ပင်မှည့်သီးပွင့်လေးတွေကို ဟိုးအရင်ကတည်းက အိပ်ပျော်စေဖို့အတွက် ရေနွေးကြမ်းအနေနဲ့ သောက်ခဲ့ကြပါတယ်။ ဒါဟာ တကယ်ပဲလားဆိုတာကို ပညာရှင်တွေ စလေ့လာနေကြပါပြီ။ ဘာပဲဖြစ်ဖြစ် ညဘက် စိတ်တည်တည်ငြိမ်ငြိမ်နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ပင်မှည့်သီးပွင့်လေးတွေကို လက်ဖက်ခြောက် ခပ်သောက်ကြည့်တာ မမှားပါဘူးနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement