backup og meta

ပင်ပန်းနွမ်းနယ်ခြင်းအတွက် အစားအစာကောင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပင်ပန်းနွမ်းနယ်ခြင်းအတွက် အစားအစာကောင်းများ

    အကယ်၍ သင်သည် ပင်ပန်းနွမ်းနယ်ခြင်းကို ပြန်လည် တိုက်ထုတ်နိုင်မဲ့ စွမ်းအားရင်းမြစ်ကို ရှာဖွေနေသူဆိုလျှင် အောက်တွင်သင်ရှာဖွေနေသော အရာများ ဖော်ပြထားပါတယ်။ အောက်ဖော်ပြပါ အစားအစာတွေကို သင့်နေ့စဉ်အစားအသောက်ထဲတွင် ထည့်သွင်းစားသုံးခြင်းဖြင့် လွယ်ကူထိရောက်စွာပင် ပင်ပန်းနွမ်းလျခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

    သို့ဖြစ်၍ ထိုနည်းလမ်းကောင်းများကို သင်ဘာကြောင့် မကြိုးစားကြည့်ပါသလဲ။

    ပင်ပန်းနွမ်းနယ်ခြင်းဆိုသည်မှာ အဘယ်နည်း။

    ပင်ပန်းနွမ်းနယ်ခြင်းဆိုသည်မှာ စိတ်ရောကိုယ်ပါ အားအင်ကုန်ခမ်း နုံးချိခြင်းကို ချုံငုံသုံးထားသော အသုံးအနှုန်းတစ်ခု ဖြစ်ပါတယ်။ ၎င်းသည် အိပ်စက်အနားယူဖို့ လိုအပ်သော ငိုက်မျဉ်းခြင်းနှင့် မတူပေ။ ပင်ပန်းနွမ်းနယ်ခြင်းသည် မောပန်းခြင်း၊ အားအင် ကုန်ခမ်းခြင်း နှင့် ထိုင်းမှိုင်းလေးကန်ခြင်းတို့ ပါဝင်ပါသည်။

    ကျန်းမာရေးရှုထောင့်အရ ပင်ပန်းခြင်းသည် အိပ်ငိုက်ခြင်း၊ ငိုက်မျဉ်းခြင်းနဲ့ မတူပေ။ သင်ပင်ပန်းနေသော အခါတွင် သင့်မှာ နောက်ထပ် ခွန်အားနဲ့ လုပ်နိုင်စွမ်းအား မရှိတော့ခြင်း၊ ကုန်ခမ်းသွားခြင်း ဖြစ်သည်။

    ပင်ပန်းနွမ်းနယ်ခြင်းကို တိုက်ထုတ်ဖို့ အကောင်းဆုံး နည်းလမ်းများထဲမှ တစ်ခုကတော့ မရှိမဖြစ်လိုအပ်သော ဗီတာမင် သက်စောင့်ဓါတ်များ၊ ခွန်အားအတွက် ကာဗိုဟိုက်ဒရိတ် နှင့် ခံနိုင်ရည်အားအတွက် အသားဓါတ် တို့ စားသုံးခြင်း ဖြစ်သည်။

    ပင်ပန်းခြင်းကို တိုက်ထုတ်ပေးနိုင်သော အစားအစာများ

    ချီရာ အစေ့ (Chia seeds)

    ၎င်းတို့သည် သေးငယ်သော အစေ့အဆန်များဖြစ်သော်လည်း ခန္ဓါကိုယ်အတွက် များစွာသော ကျန်းမာခြင်း အကျိုးကျေးဇူးများ သယ်ဆောင်လာသည်။ ၎င်းတွင် အသားဓါတ်၊ အဆီဓါတ်နှင့် အမျှင်ဓါတ်တို့ အချိုးမျှတစွာ ပါဝင်သည်။ သင့်စွမ်းအားကို မြှင့်တင်ပေးနိုင်ရုံသာမက ရေကို ဆယ်ဆ ပိုမိုစုပ်ယူနိုင်သောကြောင့် ရေဓါတ်လည်း ဖြည့်တင်းပေးသည်။

    ရှေးယခင်က Azetcs နဲ့ Mayans လူမျိုးများသည် ချီရာအစေ့ (Chia seeds) ကို ခံနိုင်ရည်အားနဲ့ လှုပ်ရှားနိုင်စွမ်း တိုးတက်ဖို့အတွက် အသုံးပြုခဲ့ကြသည်။ ထို့ကြောင့်လည်း ချီရာအစေ့ (Chia seeds)များကို ပြေးနေသော အစေ့လေးများဟုပင် တင်စားခေါ်ဝေါ်ခဲ့ကြသည်။

    ဥအမျိုးမျိုး

    ဥများသည် ကျွန်ုပ်တို့ကို သံဓါတ်၊ ဇင့်ဓါတ် နဲ့ အသားဓါတ်များစွာကို ပေးစွမ်းနိုင်သော စွမ်းအားရင်းမြစ်များဖြစ်သည်။ သင့်နေ့စဉ် အစားအသောက်ထဲတွင် ဥများကို ပုံစံမျိုးစုံနဲ့ ထည့်သွင်းစားသုံးခြင်းက ကြွက်သားတည်ဆောက်ရာမှာ ကူညီရုံသာမက ခွန်အားဆက်လက်ပြည့်ဝနေအောင် ထိန်းသိမ်းရာတွင်လည်း ကူညီပေးပါတယ်။

    ဥတွင် ပါဝင်သော အသားဓါတ် ၆ ဂရမ်သည် သွေးတွင်း သကြားဓါတ် နှင့် လူစင်း (leucine) အမိုင်နိုအက်ဆစ်ဓါတ်ကို ထိန်းသိမ်းပေးပါတယ်။ ဥတွင်ပါဝင်သော ဗီတာမင် ဘီ သည် ခန္ဓါကိုယ်မှ စွမ်းအင်ထုတ်လုပ်မှုကို ထောက်ပံ့ပေးပါတယ်။

    အုတ်ဂျုံ (Oatmeal)

    အကယ်၍ သင်သည်မနက်ပိုင်း အားအင်လျော့နည်းနေတယ်လို့ ခံစားရတယ်ဆိုလျှင် အုတ်ဂျုံ တစ်ခွက်စာ စားသုံးလိုက်ခြင်းက အကြံဉာဏ်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ အုတ်ဂျုံသည် ခန္ဓါကိုယ်တွင် သိုလှောင်ထားသော ကာဗိုဟိုက်ဒရိတ်နဲ့ အရည်အသွေးတူသော ကာဗိုဟိုက်ဒရိတ်များ ပါရှိပြီး ဦးနှောက်နဲ့ ကြွက်သားအတွက် စွမ်းအင်လောင်စာ ဖြည့်တင်းပေးသည်။

    အကယ်၍ သင့်စွမ်းအားကို မြှင့်တင်လိုလျှင် အုတ်ဂျုံကို မနက်စာအဖြစ်သာမက တစ်နေ့တာ၏ မည်သည့် အချိန်တွင်မဆို စားသုံးပေးနိုင်ပါတယ်။

    ပဲအမျိုးမျိုး

    ပဲသည် အစားအစာများထဲတွင် စွမ်းအင်ဖြည့်တင်းပေးသော အဓိက ရင်းမြစ်တစ်ခုပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပဲတွင် အသားဓါတ်၊ အမျှင်ဓါတ်နှင့် ကာဗိုဟိုက်ဒရိတ်ဓါတ်များစွာ ပါဝင်သောကြောင့်ဖြစ်သည်။ အသားဓါတ်သည် သင့်ကို လောင်စာဖြည့်တင်းပေးပြီး ကာဗိုဟိုက်ဒရိတ်က သင့်နေ့စဉ်လုပ်ငန်းဆောင်တာများအတွက် စွမ်းအားကို ထောက်ပံ့ပေးသည်။

    အမျှင်ဓါတ်ကတော့ သင့်သွေးတွင်း သကြားဓါတ်ကို ထိန်းညှိပေးသည်။ စွမ်းအားမြင့်တင်ပေးသော ကိစ္စရပ်နှင့် ပတ်သတ်လာလျှင် ပဲလွန်းသည် သင့်အတွက် အထူး မိတ်ဆွေကောင်းပင်ဖြစ်သည်။

    အခွံမာသီးများ

    အသားဓါတ်နှင့် အမျှင်ဓါတ်ကြွယ်ဝစွာ ပါဝင်သော နောက်ထပ် ရင်းမြစ်တစ်ခုသည် အခွံမာသီး အမျိုးမျိုး ဖြစ်ပါတယ်။ ၎င်းတို့သည် သင့်စွမ်းအား ကို တိုးပွားစေပြီး ဆက်လက်ထိန်းသိမ်းပေးနိုင်စွမ်းရှိပါတယ်။

    အခွံမာသီးများသည် သင် ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးချိန်တွင် စွမ်းအင်ပြန်လည်ဖြည့်တင်းဖို့အတွက် ရွေးချယ်မှုကောင်းတစ်ခုဖြစ်သည်။ အားကစားလုပ်ပြီးချိန် ခန္ဓါကိုယ်မှ ဆုံးရှုံးသွားသော (ပိုတက်ဆီယမ်၊ ဆိုဒီယမ်ကဲ့သို့သော) ဓါတ်များ ပြန်လည်ဖြည့်တင်းဖို့အတွက် အစိမ်းဖျော့ရောင် အခွံမာသီးတစ်မျိုးဖြစ်သည့် ပီစတာချီအို (pistachio) စားသုံးသင့်ပါတယ်။ ၎င်းကို စားသုံးခြင်းသည် ပင်ပန်းနွမ်းနယ်ခြင်းကို သက်သာစေရုံသာမက မဂ္ဂနီဆီယမ်ဓါတ်ကိုလည်း ရရှိစေပါတယ်။

    ပင်ပန်းနွမ်းနယ်ခြင်းကို တိုက်ထုတ်သော နည်းလမ်းများသည် သင်ထင်သလောက် မခက်ခဲပါ။ အထက်တွင် ဖော်ပြထားသော အံ့ဖွယ် အစားအစာများကို သင့်နေ့စဉ် စားသောက်ဖွယ်ရာများတွင် ထည့်သွင်းစားသုံးရုံမျှနှင့်ပင် သင့်အတွက် လုံလောက်သည်ထက်ပိုသော စွမ်းအင် ခွန်အားများရရှိလာမှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement