backup og meta

ဆောင်းတွင်း အအေးဒဏ်ကို ခုခံနိုင်ဖို့ ဘာတွေစားမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆောင်းတွင်း အအေးဒဏ်ကို ခုခံနိုင်ဖို့ ဘာတွေစားမလဲ

    ဆောင်းတွင်း အအေးဒဏ်ကို ခုခံနိုင်ဖို့ ဘာတွေစားမလဲ ….. ရာသီစာလေးတွေ ရှိတာ သိတယ် ဟုတ်၊ နွေရာသီ ဆိုရင်လည်း ရေဓာတ် ပြည့်စေမယ့် အစားအစာတွေ ရွေးချယ်စားသောက် ပေးရသလို မိုးရာသီမှာလည်း ယင်နားစာတွေ မစားဖို့ သတိပြုရ တာပါပဲ။ ဒီတော့ ဆောင်းတွင်းမှာလည်း အအေးဒဏ်ကြောင့် နှာစေး၊ ဖျားနာတာတွေ မရှိစေဖို့ အထောက်အကူပြုတဲ့ အစားအစာတွေကို စားပေးဖို့ လိုပါတယ်။ ဆောင်းတွင်းမှာ စားရမှာလေးတွေ Hello Sayarwon က လမ်းညွှန်ပေးမယ်နော်။

    ဆောင်းတွင်း အအေးဒဏ်ကို ခုခံနိုင်ဖို့ ဘာတွေစားမလဲ

    ဆောင်းတွင်း အအေးဒဏ်ကို ခုခံနိုင်ဖို့ ဘာတွေစားမလဲဆိုတော့

    • အသားစွပ်ပြုတ်

    ပူပူနွေးနွေး အသား စွပ်ပြုတ်လေးတွေ ကြိုက်တယ် မလား။ ပူပူနွေးနွေးလေးတွေက ဆောင်းရာသီမှာ အချမ်းဓာတ်ကို ပြေစေရုံသာမက ခန္ဓာကိုယ်ရဲ့ စွမ်းအင်တွေကို တိုးမြှင့်စေပါတယ်။ ခန္ဓာကိုယ် အတွင်းပိုင်းမှာ နွေးသွားစေတာမို့ ထိုင်းမှိုင်းနေတာတွေ မဖြစ်ဘဲ လန်းဆန်းတက်ကြွ နေစေမှာပါ။ အသားကနေ ရရှိတဲ့ ပရိုတင်းဓာတ်ဟာ ခန္ဓာကိုယ် လှုပ်ရှားနိုင်ဖို့ နဲ့ အားအင်တွေ ပြည့်နေစေတာမို့ ရောဂါတွေ အလွယ်တကူ မဝင်ရောက်စေပါဘူး။ ကိုယ်ခံအား စနစ် ကောင်းနေတာမို့ ဘက်တီးရီးယားတွေကို မဝင်ရောက်နိုင်ပါဘူး။

    • သလဲသီး

    သလဲသီးကိုတော့ အစေ့တိုင်းလဲ စားလို့ရသလို ဖျော်ရည်အဖြစ် ဖျော်သောက်လည်း ရပါတယ်။ သလဲသီး ဖျော်ရည်မှာ ဓာတ်တိုးဆန့်ကျင်မှုတွေ ကြွယ်ဝစွာ ပါဝင်နေပြီး ခန္ဓာကိုယ် အတွက် ဆိုးကျိုးပြုတဲ့ ကိုလက်စထရောတွေကို တိုးစေတဲ့ free radical တွေကို ကန့်သတ်ပေးနိုင်တဲ့ အစွမ်းတွေ ရှိပါတယ်။

  • အစပ်
  • အစပ်ကြိုက်တဲ့ သူတွေ အတွက်တော့ အကောင်းဆုံး ပဲနော်။ အစပ် အရသာကို ပေးစွမ်းနိုင်တဲ့ ငရုတ်ကောင်းတွေမှာ အစပ် အရသာကို ပေးနိုင်တဲ့ Capsaician လို့ ခေါ်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းတွေဟာ ဇီဝဖြစ်စဉ်ကို ကောင်းမွန်စေပြီး အဆီတွေကို တိုက်ထုတ်ပေးပါတယ်။

    နောက်တစ်ခု ကတော့ ဟင်းချိုတွေ ထဲမှာ ငရုတ်ကောင်း ဒါမှမဟုတ် အစပ် တစ်မျိုးမျိုး ထည့်စားမယ် ဆိုရင်တော့ ရှူးရှူးရှဲရှဲ ဖြစ်စေပြီး ချွေးပုပ်တွေ ထွက်ကာ ခန္ဓာကိုယ် လန်းဆန်း နေမှာပါ။ အေးလွန်းလို့ ဆိုပြီး နှာခေါင်း ပိတ်နေတာတွေလည်း ကောင်းသွားမှာ အသေအချာပါပဲ။

  • ချင်း(ဂျင်း) ပြုတ်ရည်
  • ချင်း(ဂျင်း) ပြုတ်ရည် ပူပူလေး ကတော့ ဆောင်းတွင်း အအေးဒဏ်တွေကို ခုခံပေးနိုင်မယ့် အကောင်းဆုံး အစားအစာ ပါပဲ။ ချင်း(ဂျင်း) ပြုတ်ရည်မှာ ပါဝင်တဲ့ Thermogenic က ခန္ဓာကိုယ်ကို နွေးထွေးစေတဲ့ ဂုဏ်သတ္တိတွေ ပေးစွမ်းပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုကို အားကောင်းစေပြီး ကိုယ်ခံအားကိုလည်း ကောင်းမွန်စေပါတယ်။

    ဒါကြောင့် နှာမွှန်ခြင်း နဲ့ ဖျားချင် သလိုလိုလေး ဖြစ်လာပြီ ဆိုရင်တော့ ချင်း(ဂျင်း) ပြုတ်ရည်လေးသာ သောက်ထားလိုက်ပါ။ မနက်ခင်းမှာ သောက်ပေးရင် အကောင်းဆုံးနော်။ ချင်း(ဂျင်း) နှစ် ဂရမ်လောက်ကို ရေနွေးလေးနဲ့ စိမ်ပြီး ဒါမှမဟုတ် ပြုတ်ပြီး မနက်ပိုင်းတွေမှာ သောက်လို့ ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 25/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement