ပြည့်ဝဆီသည် ရောင်ရမ်းခြင်းကို ပိုဖြစ်စေသည်။ ပြည့်ဝဆီ အဓိကရင်းမြစ်မှာ နီရဲပြီး ပြုပြင်ထားသော အသားများ၊ မွေးမြူရေးကြက်၏ ပေါင်၊ခြေထောက်၊အတောင်ပံများ၊ မွေးမြူရေးကြက်အရေခွံ၊ ကြော်ထားသော စားစရာများ၊ အဆီများသော နို့ထွက်ကုန်များ နှင့် ဥအနှစ် တို့ဖြစ်ပါသည်။ သင်သည် အစားအသောက်များတွင် ပြည့်ဝဆီအစား အိုမီဂါ သရီးဖက်တီးအက်ဆစ်ကို အစားထိုး စားသုံးနိုင်သည်။ ၎င်းသည် စိုင်ယာတီကာ အကြောနာ၊ အကြောညပ်ခြင်းနှင့် ဆိုင်သော နာကျင်မှုနှင့် ရောင်ရမ်းခြင်းကို လျော့နည်းစေသည်။
အသွင်းပြောင်းဆီများသည် ဓါတုနည်းအရထုတ်လုပ်ထားသော အဆီများဖြစ်သည်။ ၎င်းသည် သင့်ခန္ဓါကိုယ်ရှိ မကောင်းသောအဆီ (LDL) ကို မြှင့်တက်စေပြီး ကောင်းသောအဆီ (HDL) ကို လျော့နည်းစေသည်။ သင်ရှောင်ကြဉ်သင့်သော အသွင်ပြောင်းဆီ အစားအစာများမှာ မာဂျရင်း (သို့) ဟိုက်ဒြိုဂျင် ဓါတ်ပေါင်းထားသော အသီးအရွက်ဆီပါဝင်သော အစားအစာများ ဖြစ်ပါသည်။
ယေဘုယျအားဖြင့် အကယ်၍ သင်သည် သင်ခံစားနေရသော စိုင်ယာတီကာ အကြောနာ၊ အကြောညပ်ဝေဒနာ သက်သာစေသော သဘာ၀ အစားအသောက်များကို စားသုံးလိုလျှင် သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။