စွမ်းအားဖြည့်အချိုရည်များရဲ့ ဘေးထွက်ဆိုးကျိုးများ
စွမ်းအားဖြည့်အချိုရည်တွေမှာ အာဟာရဓာတ် သိပ်မပါရုံသာမက သုံးစွဲမှုများရင် စွဲလန်းခြင်းကို ဖြစ်စေပါတယ်။ သြစတြေးလျအဆိပ်ဌာနရဲ့ စာရင်းပြုစုမှုအရ စွမ်းအားဖြည့်အချိုရည်တွေဟာ ရင်တုန်ခြင်း၊ ခြေတုန်လက်တုန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူခြင်းဆိုင်ရာ ပြသနာများ စတဲ့ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပွား စေတယ်လို့ သိရပါတယ်။
သုတေသနအချို့အရ စွမ်းအားဖြည့်အချိုရည် သောက်သုံးသူများဟာ အန္တရာယ်များတဲ့ အမူအကျင့်များဖြစ်တဲ့ ဆေးဝါးသုံးခြင်း၊ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ ရန်ဖြစ်ခြင်း၊ ကားစီးစဉ် ခါးပတ် မပတ်ခြင်း စတဲ့ အန္တရာယ်ဖြစ်စေတဲ့ အမူအကျင့်တွေကို ပိုမိုပြုလုပ်တတ်ကြတယ်လို့ ဆိုပါတယ်။ အရက်နဲ့ နီကိုတင်းဟာလည်း စွမ်းအားဖြည့် အချိုရည် သောက်သုံးသူများနဲ့ ပိုမိုနီးစပ်ပါတယ်။
ဒါ့အပြင် အချိုရည်တွေမှာ သကြားဓာတ်အများအပြား ပါဝင်တာကြောင့် ကလေးများရဲ့ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေပါတယ်။ ကလေးငယ်တွေကို အဝလွန်ပြီး ဆီးချိုရောဂါဖြစ်စေနိုင်မယ့် အချိုဓါတ်တွေ ပါဝင်ပါတယ်။ သကြားစားသုံးမှုဟာ ကလေးငယ်များရဲ့ သွားတွေကို ပျက်စီးစေပါတယ်။ စွမ်းအားဖြည့်အချိုရည် ထုတ်လုပ်သူများက သောက်သုံးခြင်းကြောင့် ဘေးမဖြစ်နိုင်ကြောင်း ကြော်ငြာကြပေမယ့် အလွန်အကျွံသောက်ရင် ကိုယ်ခန္ဓာကို ထိခိုက်စေပါတယ်။
သင့်တော်တဲ့ မျှတခြင်း
လူတဦးရဲ့ နေ့စဉ် ကဖင်းသောက်သုံးသင့်တဲ့နှုန်းဟာ ၂၅၀ မီလီဂရမ် ရှိတယ်လို့ သိရပါတယ်။ အဲဒီနှုန်းဆိုရင် သွေးပေါင်ချိန် မြင့်တက်ခြင်း မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အညွှန်းတံဆိပ်တွေဟာ စိတ်မချရပါဘူး။ သင့်ကလေးတွေကို စွမ်းအားဖြည့်အချိုရည်တွေ အတော်အသင့်ပဲ သောက်စေပြီး လိုတာထက် ပိုသောက်ရင် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ပြောပြထားရပါမယ်။ သောက်သုံးနေကြဆိုရင်လည်း ရုတ်တရက်ရပ်တန့်ရင် ခေါင်းကိုက်တတ်တာမို့ ဖြည်းဖြည်းချင်းပဲ လျှော့ချပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။