backup og meta

ဝလာရတာက စားလိုက်တဲ့အစားအစာကြောင့် မဟုတ်ဘဲ စားတဲ့အချိန်ကြောင့် ဆိုတာသိရဲ့လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝလာရတာက စားလိုက်တဲ့အစားအစာကြောင့် မဟုတ်ဘဲ စားတဲ့အချိန်ကြောင့် ဆိုတာသိရဲ့လား
    ဝလာပြီ။ အဝတ်တွေ ဝတ်ရတာ အဆင်မပြေတော့ဘူး။ ငါတော့ ဝိတ်လျှော့တော့မှ ဖြစ်မယ်၊ လို့ စဉ်းစားလိုက်ရင် တော်တော်များများ ပြေးမြင်တာက အစားလျှော့စားဖို့ပါ။ ဒါဆို မေးစရာရှိတာက အစားစားလို့ ဝတာလား။ ဟုတ်တယ်လေ။ စားလို့ဝတာပေါ့၊ ရှင်းနေတာပဲ ဆိုတဲ့သူလေးတွေကို တစ်ခုလောက် ရှင်းပြပါရစေလား။ အစားစားတိုင်း ဝတာမဟုတ်ပါဘူး။ ဝလာရတာက စားလိုက်တဲ့အစားအစာကြောင့် မဟုတ်ဘဲ စားတဲ့အချိန်ကြောင့် ဆိုတာသိရဲ့လား ….. အထောက်အထား ပြမယ်နော်။ တူတူဆက်ကြည့်ရအောင်လား။

    ဝလာရတာက စားလိုက်တဲ့အစားအစာကြောင့် မဟုတ်ဘဲ စားတဲ့အချိန်ကြောင့် ဆိုတာသိရဲ့လား

    ဝလာရတာက စားလိုက်တဲ့အစားအစာကြောင့် မဟုတ်ဘဲ စားတဲ့အချိန်ကြောင့် ပါတဲ့။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့

    အစားစစားတိုင်း ဝလာတာမဟုတ်ဘူးလို့ပြောရတဲ့ အကြောင်းအရင်း

    မကြာသေးခင်က လုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ အစားစားလို့ ဝတယ်ဆိုတာထက် အစားစားချိန် နောက်ကျတာကြောင့် ပိုဝလာရတာပါ၊လို့ တွေ့ရှိခဲ့ရပါတယ်။ သုတေသီတွေက ဒီတွေ့ရှိချက်ကို အသေးစိတ် လေ့လာထားတာ ဖြစ်ပါတယ်။

    အခုနောက်ပိုင်း ကမ္ဘာတလွှားမှာ အဝလွန်သူ အရေအတွက်တွေ တိုးလာနေပါတယ်။ ဒါကြောင့် ဝိတ်ချဖို့အတွက်ဆေးသောက်တာတွေ၊ ခွဲစိတ်ကုသတာတွေ၊ အစားအစာ ချင့်ချိန်စားသုံးတာတွေ လုပ်လာကြပါတယ်။
    ဒါတွေက ငွေကုန်ကြေးကျများသလို ကျန်းမာရေးအပေါ် သက်ရောက်မှုကလည်း ကြီးပါတယ်။ ဒီတော့ မဖြစ်ခင်က ကြိုတင်ကာကွယ်တာက အကောင်းဆုံးဖြစ်မှာပါ။
    ဒီတော့ အဝလွန်တာကို မဖြစ်စေဖို့ နည်းလမ်းကောင်းလေး တစ်ခု ပြောပြပါရစေလား။ ဒါကတော့ အစားစားတဲ့အချိန်ကို သတ်မှတ်တာပါ။ အစားအသောက်က လူတစ်ယောက် ဝလာစေဖို့ အဓိက အခန်းကဏ္ဍမှာ ပါတယ်ဆိုပေမယ့် ဒီအစားအသောက် စားတာကို အချိန်အတိအကျလေး သတ်မှတ်ပြီး စားသုံးမယ်ဆိုရင်တော့ အဝလွန်တာမျိုး မဖြစ်အောင် ကာကွယ်နိုင်မှာပါနော်။
    ဝိတ်လျှော့တော့မယ်ဆိုပြီး အစားအသောက်ပုံစံကို အဓိက ပြောင်းလဲပေမယ့် ဒီလိုပြောင်းလဲမှုက ဝမလာစေဖို့ ၁၀၀ ရာခိုင်နှုန်းမှာ ၂၅ ရာခိုင်နှုန်းကနေ ၄၅ ရာခိုင်နှုန်းလောက်အထိပဲ သက်ရောက်မှု ရှိတာပါ။

    အဝမလွန်ဖို့ အစားစားတဲ့အချိန်ကို ပြောင်းကြစို့!

    ၂၀၁၁ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုအရ ညဘက်နောက်ကျမှ အစားစားတတ်သူတွေက ပုံမှန်ထက် ပိုဝလာနိုင်ခြေ များနေသလို အဝလွန် ဖြစ်နိုင်ခြေလည်း များနေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။
    ဒီလေ့လာမှုမှာ တွေ့ရှိခဲ့တာ တစ်ခုက ည ၈ နာရီနောက်ပိုင်းမှာ ကယ်လ်လိုရီ စားသုံးမှုများတာက အဝလွန် ဖြစ်နိုင်ခြေကို တော်တော်လေး များစေတယ်ဆိုတဲ့ အချက်ပါ။
    နောက်တစ်ချက်ကတော့ အိပ်ရေးပျက်တာ များထားတာပါ။ အိပ်ရေးပျက်ထားသူတွေက ကယ်လ်လိုရီတွေကို ပိုစားမိတာကြောင့် ပုံမှန်အိပ်စက်ချိန် ရှိသူတွေထက် ပိုပြီး အဝလွန် ဖြစ်နိုင်ပါတယ်နော်။
    ရိုးစင်းတဲ့ ပြောင်းလဲမှု တစ်ရပ်အနေနဲ့ မနက်စာစားချိန်နဲ့ ညစာစားချိန်ကို ပြောင်းလဲမှုက အဝလွန်မဖြစ်အောင် ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာမှုအတွင်း သုတေသီတွေက အသက် ၃၆ နှစ်ဝန်းကျင် ပုံမှန် ကိုယ်အလေးချိန်ထက် ပိုနေသူတွေ၊ အဝလွန်နေသူတွေ ၃၁ ဦးကို လေ့လာခဲ့ပါတယ်။
    လေ့လာမှုအတွင်း ပါဝင်သူတွေရဲ့ စားသောက်မှုပုံစံ၊ အိပ်ချိန်နဲ့ ကိုယ်လက်လှုပ်ရှားမှုအတိုင်းအတာတို့ကိုပါ လေ့လာခဲ့ပါတယ်။ အထိုင်များတဲ့ အလုပ်လုပ်နေတာလား ဆိုတဲ့အချက်တွေကိုပါ လေ့လာခဲ့တာပါ။
    သုတေသီတွေက လေ့လာမှုမှာ ပါဝင်သူတွေကို ဖုန်းအက်ပ်တစ်ခု သုံးပြီး စောင့်ကြည့်ခဲ့ပါတယ်။ စားသောက်တဲ့ အစားအစာတွေနဲ့ အစားစားချိန်တွေကို အတိအကျ ရယူခဲ့ပါတယ်။ အိပ်စက်ချိန်တွေပါ မကျန်ပေါ့။ တစ်နေ့ကို ၇ နာရီထက်လျော့ပြီး အိပ်တဲ့သူတွေ၊ ည ၈ နာရီနောက်ပိုင်းမှ အစားစားသူတွေက ပုံမှန်ထက်ပိုပြီး အဝလွန်နိုင်ခြေ ပိုများနေပါတယ်။
    ညကို နောက်ကျပြီး အစားစားလေလေ ဝနိုင်ခြေက ပိုများလေလေပါနော်။ ဒီတော့ အဖြေက လွယ်ပါတယ်။ ညနေစောင်းထဲက စားချင်တာတွေ အပြီးစားပေါ့။ ညစာကို နောက်အကျဆုံး ၈ နာရီမတိုင်ခင် စားတာက အဝလွန်တာ မဖြစ်နိုင်ဖို့ရော ဝိတ်မတက်စေဖို့ရော ကာကွယ်ရာ ရောက်ပါတယ်။
    ဝလာရတာက စားလိုက်တဲ့အစားအစာကြောင့် မဟုတ်ဘဲ စားတဲ့အချိန်ကြောင့်လို့ ပြောရတဲ့ အကြောင်းအရင်းကို သိပြီဟုတ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement