backup og meta

Probiotics က ကောင်းလား၊ မကောင်းဘူးလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Probiotics က ကောင်းလား၊ မကောင်းဘူးလား

    အခုရက်ပိုင်း ကြော်ငြာတွေ မှာ probiotics အကြောင်းတွေ ပြောပြီးကြော်ငြာလာကြတော့ လူတော်တော်များများ ကတော့ probiotics က ကောင်းမှန်းတော့ သတိထားလာမိကြပါတယ်။ ဒါပေမယ့် ဘယ်လို ဘယ်ပုံ ကျန်းမာရေး အတွက် အကျိုးရှိနိုင်သလဲ ဆိုတာကို အသေးစိတ် ဖော်ပြပေးချင်ပါတယ်။

    Probiotics ဆိုတာဘာလဲ

    တကယ်တော့ probioticsဆိုတာ အသက်ရှိသေးတဲ့ ဘက်တီးရီယားတွေပါပဲ။ ဘက်တီးရီးယားလို့ပြောတော့ ကျွန်တော်တို့ စိတ်ထဲ ဝင်လာတာကတော့ လူကို ဒုက္ခပေးစေတတ်တယ် ဆိုတာပါပဲ။ တကယ်တော့ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ မမြင်ရတဲ့ ပိုးမွှား သန်းပေါင်း များစွာရှိနေပါတယ်။ အကုန်လုံးက ဒုက္ခမဖြစ်စေပါဘူး။ တချို့ က ဒုက္ခပေးတာ ရှိသလို၊ တချို့ကျပြန်တော့လည်း လူ့ ခန္ဓာကိုယ် ကို ကောင်းကျိုးပေးနိုင်ပါတယ်။ probioticsဆိုတာ ကောင်းကျိုးပေးတဲ့ bacteria နှင့် yeast တို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ အူလမ်းကြောင်း တလျှောက်မှာ ပိုးမွှားမျိုးစုံ က နေရာအပြည့် ယူထားကြပါတယ်။ ကောင်းတဲ့ ဘက်တီးရီးယားတွေ ပါသလို၊ မကောင်းတဲ့ လူကို ဒုက္ခပေးနိုင်တဲ့ ပိုးမွှားတွေကလည်း နေရာ ယူထားကြပါတယ်။

    အလွယ်ပြောရရင် ကျွန်တော်တို့ ဝမ်းဗိုက်သက်သောင့်သက်သာဖြစ်စေဖို့ အတွက်က ကောင်းတဲ့ဘက်တီးရီးယားတွေ နေရာပိုယူထားပေးဖို့ လိုပါတယ်။

    Probiotics က ကောင်းလား၊ မကောင်းဘူးလား

    ဥပမာ – ကျွန်တော်တို့ နေထိုင်မကောင်းလို့ပဲ ဖြစ်ဖြစ်၊ ချောင်းဆိုးလို့ပဲ ဖြစ်ဖြစ် ပိုးသတ်ဆေး Antibiotics တွေ သောက်လိုက်တော့ မကောင်းတဲ့ ပိုးမွှားတွေ နှင့် အတူ probioticsတွေ ပါ ရောပြီး သေသွားတတ်ပါတယ်။ နောက်ဆက်တွဲ ဘာဖြစ်တတ်လဲ ဆိုတော့ တချို့သော ပိုးသတ်ဆေးတွေ သောက်ရင် ဝမ်းလျှောတတ်ပါတယ်။ ဝမ်းလျှောတတ်တယ် ဆိုပြီး ဒီပိုးသတ်ဆေးတွေ မသောက်လို့ကလည်း မဖြစ်၊ သောက်တော့ သောက်ရမှာပါပဲ။

    ဒါပေမယ့် ဘာလုပ်သင့်လဲ ဆိုတော့ ပိုးသတ်ဆေး သောက်နေတဲ့ ကာလ အတွင်းမှာ သန့်ရှင်းတဲ့ ဒိန်ချဉ်တစ်ခွက်လောက် ပြန်သောက် ပေးလိုက်တာက ဆုံးရှုံးသွားတဲ့ probioticsတွေ ကို ပြန်လည် ဖြည့်တင်းပေးပါတယ်။ တချို့က လန့်ကြပါတယ်။ ဝမ်းလျှောနေတာ ဒိန်ချဉ်ကျွေးရင် ပိုဝမ်းလျှော ကုန်မှာပေါ့ဆိုပြီး။ တကယ်တော့ သန့်ရှင်း လတ်ဆတ်တဲ့ ဒိန်ချဉ်ကတော့ ဝမ်းလျှောတာ ကို သက်သာစေနိုင်ပါတယ်။

    ဘယ်လို ရောဂါတွေ၊ ဘယ်လို အခြေအနေတွေမှာ probiotics ပါတဲ့ အစားအစာတွေ ပိုစားသင့်သလဲ

    • Irritable Bowel Syndrome (ခဏခဏ ဝမ်းသွားခြင်း)
    • Inflammatory Bowel Disease (အူလမ်းကြောင်း ယောင်ခြင်း)
    • ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ သန်ကောင်၊ တုတ်ကောင်ကြောင့် ဖြစ်တတ်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါ
    • ပိုးသတ်ဆေးကြောင့် ဖြစ်တဲ့ ဝမ်းလျှောခြင်းစတဲ့ အခြေအနေမှာ probiotics ကြွယ်ဝတဲ့ အစားအစာတွေ ပိုစားပေးဖို့ လိုအပ်ပါတယ်။

    အခုနောက်ပိုင်း လေ့လာချက် အချို့ မှာတော့ probioticsတွေက

    Probioticsကြွယ်ဝတဲ့ အစားအစာ များ

    • ဒိန်ချဉ်
    • အချဉ်ဖောက်ထားသောစားစရာ (ဥပမာ ကင်မ်ချီ)
    • မီဆို ပါင်းချို
    • Cheese
    • Yeast bread
    • Probioticsထပ်ထည့်ထားသော နို့
    • သန့်ရှင်းသော လက်လုပ်ချဉ် အချို့
    • ပျားရည် စတာတွေ ဖြစ်ပါတယ်။

    Probiotics က ကောင်းလား၊ မကောင်းဘူးလား

    ကျန်းမာရေး အတွက်ကောင်းတယ် ဆိုပြီး အများကြီး စားသင့်သလား

    အခု ကျွန်တော်ပြောထားတာတွေကတော့ ကောင်းကျိုးတွေ ချည်းပါပဲ။ ဒါပေမယ့် တချို့ တချို့သော သူတွေ မှာ ဆိုရင် probiotics နဲ့ မတည့်တာတွေ ရှိတတ်ပါတယ်။ ဥပမာ- ဗိုက်အောင့် ခြင်း၊ လေပွခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ အဲ့လို ဖြစ်ရင်တော့သက်ဆိုင်ရာ ဆရာဝန်နှင့်ပြပြီး ဘယ်လိုမျိုး စားသောက်ရမလဲ ကို အသေးစိတ် တိုင်ပင်သင့်ပါတယ်။ Probiotics က ကောင်းလား၊ မကောင်းဘူးလား ဆိုတာ အဖြေထွက်ပြီဟုတ်။

    လေးစားစွာဖြင့်

    ဒေါက်တာ ညီညီကျော်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement