backup og meta

မင်းကွတ်သီးစားသုံးခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မင်းကွတ်သီးစားသုံးခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

    အခွံ ညိုညို အရောင်လေး ရှိပြီး နွှာလိုက်ရင် အထဲမှာ အဖြူ အမြွှာလေး ရှိတဲ့ မင်းကွတ်သီးကို အားလုံး ရင်းနှီးပြီးသား ဖြစ်မှာပါ။ မင်းကွတ်သီးဟာ ချိုချိုချဉ်ချဉ် အရသာ ရှိတာကြောင့်တော်တော်များများက အအီပြေစေတဲ့ အသီး အဖြစ် စားကြပါတယ်။ နောက်တစ်ခုကတော့ ဒူးရင်းသီးနဲ့ မင်းကွတ်သီးဟာ ပေါ်တဲ့ ရာသီချင်း တူတာကြောင့် ဒူးရင်းသီး စားပြီး အီတယ် ဆိုရင် မင်းကွတ်သီး ချဉ်ချဉ်လေး တွဲဖက်ပြီး စားသုံးကြပါတယ်။

    ဒီတော့ မင်းကွတ်သီးကို စားဖြစ်ပေမယ့် မင်းကွတ်သီးစားသုံးခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ အကြောင်းကို မသိသေးဘူးဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်တော့နော်။

    မင်းကွတ်သီးစားသုံးခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

    မင်းကွတ်သီးစားသုံးခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ ကတော့

    • ကယ်လိုရီနည်းခြင်း

    မင်းကွတ်သီးမှာ ကယ်လိုရီ ပါဝင်မှုက အရမ်းကိုနည်းပါးပါတယ်။ မင်းကွတ်သီး (၁၀၀)ဂရမ်မှာမှ (၆၃) ကယ်လိုရီပဲ ပါဝင်တာပါ။ ခန္ဓါကိုယ် အလေးချိန် လျော့ကျဖို့ ကြိုးစားနေတယ် ဆိုရင်တော့ မင်းကွတ်သီးလေး စားသုံးပေးနိုင်ပါတယ်။

  • ဗီတာမင်စီ ပါဝင်ခြင်း
  • မင်းကွတ်သီးမှာ ဗီတာမင် စီ ပါဝင်ခြင်းဟာ အအေးမိ ဖျားနာခြင်းလိုမျိုး ပြင်ပကနေ ပိုးမွှားတွေ ဝင်ရောက်ခြင်းကြောင့် ဖျားနာတာမျိုး မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ ဗီတာမင် စီ ပါဝင်တဲ့ အသီးအနှံတွေ စားသုံးခြင်းဟာ ရောဂါတွေကို တားဆီးပေးနိုင်ပြီး ခန္ဓါကိုယ်ထဲမှာ ဆဲလ်အသစ်တွေ ပေါ်ပေါက်လာစေဖို့ အတွက် အထောက်အကူပြု ပါတယ်။ ဒါ့အပြင် ခန္ဓါကိုယ်က လိုအပ်တဲ့ ဗီတာမင် အဖြစ်လည်း တာဝန်ထမ်းဆောင်နိုင်ပါတယ်။

    • သွေးလည်ပတ်မှုကောင်းမွန်စေခြင်း

    မင်းကွတ်သီး ပုံမှန်လေး စားပေးမယ်ဆိုရင် သွေးနီဥဆဲလ်တွေ ကောင်းမွန်စေပြီး သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ရင်ဘတ် အောင့်ခြင်း၊ နှလုံး နာကျင်ခြင်း၊ ကိုလက်စထရော မြင့်မားခြင်းလိုမျိုး သွေးလည်ပတ်မှုနဲ့ ဆိုင်တဲ့ရောဂါတွေ မဖြစ်စေဖို့အတွက် အထောက်အကူပြုပါတယ်။ မျက်လုံးတဝိုက် သွေးလည်ပတ်မှုလည်း ကောင်းမွန်စေတာကြောင့် အမြင်အာရုံလည်း တိုးတက်ကောင်းမွန်စေပါသေးတယ်။

    • ကင်ဆာဖြစ်ပွားမှုကိုလျှော့ချပေးခြင်း

    မင်းကွတ်သီးမှာ ဓါတ်တိုးဆန့်ကျင်မှုတွေ ပါဝင်တာက နှလုံးနဲ့ဆက်စပ်တဲ့ရောဂါအပြင် ကင်ဆာရောဂါဖြစ်ပွားမှုကိုပါလျှော့ကျစေပါတယ်။ ဒီလိုမျိုး ဓါတ်တိုးဆန့်ကျင်မှုတွေ ပါဝင်ခြင်းဟာ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ free radicalsတွေ ခန္ဓါကိုယ်ထဲကနေလျှော့နည်းသွားအောင် အကျိုးပြုပါတယ်။

    • ဓမ္မတာမှန်ခြင်း

    မင်းကွတ်သီး စားသုံးခြင်းဟာ အမျိုးသမီးတွေအတွက် အထူးသင့်တော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဓမ္မတာ ပုံမှန်ဖြစ်ဖို့ ကူညီပေးနိုင်တာကြောင့်ပါ။ မင်းကွတ်သီးဟာ ရာသီမလာခင်မှာဖြစ်တတ်တဲ့ ဗိုက်အောင့်ခြင်း၊ စိတ်တိုလွယ်ခြင်းစတဲ့ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။

    • ဆီးချို

    ဆီးချိုရောဂါဟာ ကမ္ဘာတစ်ဝန်းမှာ နှလုံးရောဂါပြီးနောက် အဖြစ်အများဆုံးရောဂါပါ။ မင်းကွတ်သီးဟာသွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးတာကြောင့် ဆီးချို အရမ်းတက်တာမျိုး မရှိနိုင်ပါဘူး။

    • အသားအရေပြဿနာတွေ ရှင်းပေးခြင်း

    မင်းကွတ်သီးမှာ ဘက်တီးရီးယားတွေကို ဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိတွေ အများကြီး ပါဝင်ပါတယ်။ ဝက်ခြံ၊ အသားအရေ မညီညာခြင်း၊ အဆီပြန်လွန်ခြင်းနဲ့ အသားအရေခြောက်သွေ့ခြင်းစတဲ့ အသားအရေပြဿနာတွေကို မင်းကွတ်သီး စားခြင်းဖြင့် ကုသနိုင်ပါတယ်။

    • ဆဲလ်သေတွေ ဖယ်ရှားခြင်း

    မျက်နှာမှာ ဆဲလ်သေတွေ ရှိနေမယ်ဆိုရင်ချောမွေ့ပြောင်လက်တဲ့ မျက်နှာလေး ပိုင်ဆိုင်ရမှာ မဟုတ်ပါဘူး။ မင်းကွတ်သီးမှာXanthoneဒြပ်ပေါင်းတစ်မျိုး ပါရှိပြီး ဆဲလ်သေတွေ ဖယ်ရှားခြင်းနဲ့ ဆဲလ်အသစ်ပြန်လည်ဖြစ်တည်ဖို့ ကူညီပေးနိုင်ပါတယ်။

    မင်းကွတ်သီးရဲ့ အကျိုးကျေးဇူးလေးတွေ သိရပြီဆိုတော့ ရာသီစာ အသီးအနှံတစ်မျိုးအဖြစ် စားပေးဖို့ မမေ့ပါနဲ့နော်။ အသီးအနှံ၊ အသားငါး မျှမျှတတ စားသုံးပေးမယ်ဆိုရင် ကျန်းမာရေးကောင်းမွန်နေမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement