backup og meta

အာဟာရဓါတ်ကြွယ်ဝတဲ့ မျောက်ငိုသီး ရဲ့ကျန်းမာရေးအကျိုးကျေးဇူး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အာဟာရဓါတ်ကြွယ်ဝတဲ့ မျောက်ငိုသီး ရဲ့ကျန်းမာရေးအကျိုးကျေးဇူး

    ဈေးကွက်မှာသိပ်မတွေ့ရပေမယ့် အွန်လိုင်းကတဆင့် တခုတ်တရမှာယူစားသုံးကြတဲ့ သွင်းကုန်အစားအသောက်တွေထဲမျောက်ငိုသီးတွေလည်းပါဝင်ပါတယ်။ တညင်းသီးနဲ့တူတယ်ဆိုတဲ့ သူ့ရဲ့အရသာကို မစားဖူးသေးသူတွေရှိပေမယ့် နှစ်သက်သူတွေကတော့ သူ့အရသာကိုစွဲလမ်းလို့ ထိုင်းစားသောက်ကုန်တင်သွင်းသူတွေဆီအွန်လိုင်းကနေ မှာယူကြရပါတယ်။ သူ့ရဲ့ကျန်းမာရေးကောင်းကျိုးတွေကို သိပ်မသိဘဲနဲ့တောင်မျောက်ငိုသီးကြိုက်တဲ့သူတွေက ဘာကြောင့်မှန်းမသိ ကြိုက်နေကြတာဖြစ်ပါတယ်။

    မျောက်ငိုသီးမှာက ပရိုတင်း၊ အကျိုးပြုအဆီဓါတ်တွေ၊ အမျှင်ဓါတ်၊ သံဓါတ်၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊မဂ္ဂနီဆီယမ်၊ဇင့်၊ကော့ပါးနဲ့ ဗီတာမင်တွေစုံလင်အောင် ပါဝင်လို့ တကယ့်ရတနာသိုက်လို့တောင် တင်စားကြပါတယ်။ ဒီလိုပြောကြတဲ့မျောက်ငိုသီးက ဘယ်လောက်စွမ်းနေလို့လဲဆိုတာလေ့လာကြည့်တော့ ဒီအချက်တွေကို သိလာရပါတယ်။ အိန္ဒိယ၊အင်ဒိုနီးရှား၊မလေးရှားနဲ့ ထိုင်းနိုင်ငံတို့မှာ လူကြိုက်များကြတဲ့မျောက်ငိုသီးက –

    အရိုးကျန်းမာစေတယ်

    မျောက်ငိုသီး ၁၀၀ ဂရမ်မှာဖော့စဖရပ်စ်ပမာဏ ၁၁၅ မီလီဂရမ်ပါဝင်ပြီး ဒါဟာ တစ်နေ့တာလိုအပ်တဲ့ပမာဏရဲ့ ၁၄ ရာခိုင်နှုန်းလောက်ရှိပါတယ်။ဖော့စဖရပ်စ်ဟာ အရိုးပွခြင်းကိုကာကွယ်ပေးပြီး ခန္ဓါကိုယ်ထဲက ပုံမှန်ဆဲလ်လုပ်ဆောင်ချက်တွေကိုထောက်ပံ့ပေးဖို့ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်ပါတယ်။ ဒီသတ္တုဓါတ်က သွားကျန်းမာရေးအတွက်လည်း မရှိမဖြစ်လိုအပ်တဲ့ဓါတ်ဖြစ်ပါတယ်။

    ဦးနှောက်ကျန်းမာစေတယ်

    လူ့ခန္ဓါကိုယ်ရဲ့အာရုံကြောစနစ်နဲ့ ဦးနှောက်လုပ်ဆောင်ချက်တွေကို မှန်ကန်စေဖို့က ပိုတက်စီယမ်လုံလောက်မှဖြစ်မှာပါ။ ပိုတက်စီယမ်ချို့တဲ့ရင်ရေဓါတ်ဆုံးရှုံးခြင်း၊ပြင်းထန်တဲ့ခေါင်းကိုက်ခြင်း၊ ဂလင်းတွေနဲ့တစ်ရှူးတွေရောင်ရမ်းခြင်း၊ ရင်တုန်ပန်းတုန်ဖြစ်ခြင်းစတဲ့ လက္ခဏာတွေဖြစ်လာနိုင်တယ်။မျောက်ငိုသီး ၁၀၀ ဂရမ်မှာ ပိုတက်ဆီယမ် ၃၄၁ မီလီဂရမ်လောက်ပါဝင်နေတာဖြစ်ပါတယ်။

    စိတ်ကြည်စေတယ်

    သူ့မှာပါတဲ့ မဂ္ဂနီဆီယမ်ဟာ ဆဲလ်တွေအားလုံးနီးပါးမှာ ပါရှိတဲ့ မရှိမဖြစ်သတ္တုဓါတ်တစ်မျိုးဖြစ်ပြီး ခန္ဓါကိုယ်အတွင်း ဓါတုဓါတ်ပြုမှု ၅၀၀ကျော်အတွက် အသုံးဝင်တဲ့ဓါတ်ဖြစ်ပါတယ်။မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့အစားအစာတွေပုံမှန်စားသုံးရင် စိတ်ကြည်စေတယ်၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်နိုင်စွမ်းတွေပိုကောင်းစေတယ်။

    သွေးအားကောင်းစေတယ်

    သွေးအားကောင်းဖို့အတွက် သံဓါတ်ကအရေးကြီးပါတယ်။ သံဓါတ်မလုံလောက်တဲ့အခါ ခန္ဓါကိုယ်ကအောက်ဆီဂျင်ပေးပို့ဖို့ခက်ခဲလာပြီး လူကမောပန်းလွယ်၊ စိတ်ရောလူရော အားကုန်စေပါတယ်။မျောက်ငိုသီး ၁၀၀ ဂရမ်မှာ သံဓါတ်က ၂.၇ မီလီဂရမ်ပါဝင်တာကြောင့် တစ်နေ့တာလိုအပ်တဲ့ပမာဏရဲ့ ၁၅ ရာခိုင်နှုန်းလောက်ရရှိနိုင်ပါတယ်။

    ပရိုတင်းကြွယ်ဝတယ်

    ကိုယ်တွင်းအင်္ဂါတွေ၊ ကြွက်သားနဲ့ ကိုယ်ခံအားစနစ်တို့ကို ပရိုတင်းဓါတ်နဲ့ဖွဲ့စည်းထားတာဖြစ်သလို ခန္ဓါကိုယ်အတွင်းက တစ်ရှူးတွေ အစားထိုးဖြစ်ပေါ်ခြင်း၊ ထိန်းသိမ်းခြင်း၊တည်ဆောက်ခြင်းတို့အတွက်လည်း အထောက်အကူပေးပါတယ်။ ပရိုတင်းကြွယ်ဝတာတွေစားရင် မကောင်းတဲ့ကိုလက်စထရောဓါတ်တွေကိုလျော့နည်းစေနိုင်ပါသေးတယ်။မျောက်ငိုသီး ၁၀၀ ဂရမ်မှာ ပရိုတင်းဓါတ်က ၁၆ မီလီဂရမ်ပါဝင်တာကြောင့် တစ်နေ့တာလိုအပ်တဲ့ပမာဏရဲ့ ၁၇ ရာခိုင်နှုန်းလောက်ရရှိနိုင်ပါတယ်။

    ကယ်လ်စီယမ်လည်းရနိုင်တယ်

    ကြွက်သားကျုံ့ဆန့်နိုင်စွမ်း၊ အာရုံကြောနှိုးဆွမှုပေးပို့ခြင်း၊သွေးတိတ်နိုင်စွမ်းတို့လို ခန္ဓါကိုယ်လုပ်ဆောင်ချက်အမျိုးမျိုးအတွက် ကယ်လ်စီယမ်ကို မရှိမဖြစ်လိုအပ်ပါတယ်။မျောက်ငိုသီး ၁၀၀ ဂရမ်မှာ ပရိုတင်းဓါတ်က ၁၈၅ မီလီဂရမ်ပါဝင်တာကြောင့် တစ်နေ့တာလိုအပ်တဲ့ပမာဏရဲ့ ၁၈ ရာခိုင်နှုန်းလောက်ရရှိနိုင်ပါတယ်။

    ဆီးချိုထိန်းတယ်

    မျောက်ငိုသီးရဲ့ အာနိသင်တွေထဲမှာသွေးတွင်းသကြားဓါတ်ကိုထိန်းနိုင်တဲ့အစွမ်းသတ္တိလည်းပါဝင်ပါတယ်။

    ဓါတ်တိုးဆန့်ကျင်အာနိသင်ရှိတယ်

    phenolicဒြပ်ပေါင်းတွေကြွယ်ဝလို့ ဘက်တီးရီးယားသေစေပြီးရောဂါပိုးဝင်ခြင်းကာကွယ်ုနိုင်တဲ့အစွမ်းနဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေပါဝင်တယ်၊ ကင်ဆာကာကွယ်နိုင်ပါတယ်။

    သတိထားစရာရှိတာက –

    ကျန်းမာရေးအကျိုးကျေးဇူးများတယ်ဆိုပြီး တစ်ကြိမ်တည်းအများကြီးတော့ စားဖို့မသင့်ပါဘူး။ တန်ဆေးလွန်ဘေး ဆိုသလို သိပ်များလွန်းရင် သူ့မှာအမိုင်နိုအက်စစ်ပါဝင်မှုများလို့ ကျောက်ကပ်ထိခိုက်နိုင်ပါတယ်။

    တခြားပဲတွေလိုပဲ သူ့မှာpurine ပမာဏ အတော်အသင့်ပါဝင်ပါတယ်။ ဒီပဲကိုရေစိမ်ထားတဲ့အခါ ယူရစ်အက်စစ်တွေတော်တော်လျော့သွားစေနိုင်ပါတယ်။

    ဘေးထွက်ဆိုးကျိုးနည်းအောင် ကြိုတင်ဂရုစိုက်တဲ့အနေနဲ့ သူ့ကိုရေစိမ်ပြီးမှ ချက်ပြုတ်ပါ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 20/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement