ဗီတာမင်စီလုံလောက်စွာ မရရှိဘူးဆိုရင် သွေးအားနည်းရောဂါရနိုင်ခြေများပါတယ်။ အကြောင်းအရင်းတွေကတော့ အာဟာရချို့တဲ့ခြင်း၊ သိုင်းရွိုက်ဟော်မုန်းများခြင်း၊ ကင်ဆာရှိခြင်းနဲ့ သံဓါတ်မစုပ်ယူနိုင်ခြင်းတို့ပဲဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းက ဗီတာမင်စီသိမ်းဆည်းမှုကို ၃၀ရာခိုင်နှုန်းလောက်အထိ လျော့ချပေးပါတယ်။ ဗီတာမင်စီကြွယ်ဝတဲ့ အစားအစာတွေနဲ့ သံဓါတ်ကြွယ်ဝတဲ့အစားအစာတွေကို တွဲဖက်စားသောက်တာက အစာအိမ်တွင်းမှာ အက်စစ်ပိုပေါက်တဲ့ ပတ်ဝန်ကျင်းတစ်ခုကို ဖန်တီးပေးနိုင်တာကြောင့် သံဓါတ်စုပ်ယူမှုကို အားကောင်းစေနိုင်မှာပါ။ အရွယ်ရောက်ပြီးသူတွေမှာ စားလိုက်တဲ့ သံဓါတ် ၁၀ရာခိုင်နှုန်းကနေ ၁၅ရာခိုင်နှုန်းလောက်အထိ စုပ်ယူနိုင်ကြပါတယ်။
အသားကနေရရှိသော Heme သံဓါတ်ဟာ အပင်တွေက ရရှိတဲ့ Heme မဟုတ်သော သံဓါတ်ထက်ပိုပြီး စုပ်ယူရလွယ်ကူပါတယ်။ ထိုအချက်ဟာ အခြားအစားအစာတွေပေါ်မှာ မမူတည်ပါဘူး။ Heme မဟုတ်သော သံဓါတ်ရဲ့ စုပ်ယူမှုကတော့ ဗီတာမင်စီလိုမျိုး အခြားအစားအစာတွေပေါ်မှာ မူတည်ပါတယ်။ ပရိုတင်းဓါတ်ကို အပင်တွေကနေ အများစုရရှိကြတဲ့ လူတွေမှာဆိုရင် ဗီတာမင်စီချို့တဲ့နေပြီး သွေးအားနည်းရောဂါဖြစ်နိုင်ခြေများပါတယ်။ သတ်သတ်လွတ်သမား ၄၀ရာခိုင်နှုန်းလောက်ဟာ သံဓါတ်ချို့တဲ့ကြပါတယ်။
ဗီတာမင်စီချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါရှိနေပါက ဖြူဖတ်ဖြူလျော်ဖြစ်ခြင်း၊ အားနည်းခြင်း၊ ကိုယ်လက်လှုပ်ရှားပြုလုပ်နေချိန်တွင် နှလုံးခုန်မြန်ခြင်း၊ အေးသလိုခံစားရခြင်း၊ ပိုးဝင်ဖျားနာလွယ်ခြင်းနှင့် လျာရောင်ရမ်းခြင်းတို့ကို ခံစားရနိုင်ပါတယ်။ အခြားအတွေ့ရများတဲ့ ရောဂါလက္ခဏာတွေက ကိုယ်အလေးချိန်ကျခြင်း၊ ဝမ်းလျောခြင်း၊ စိတ်ရှုတ်လွယ်ခြင်းနှင့် ထုံကျင်ခြင်း ဒါမှမဟုတ် ခြေလက်တို့မှာ ယွစိယွစိဖြစ်နေခြင်း တို့ပါပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။