backup og meta

လူသိနည်းတဲ့ ဆိတ်နို့ရဲ့ကောင်းကျိုးတွေ


Yun Sandi Nan Mon မှ ရေးသားသည်။ · 05/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆိတ်နို့ကို နွားနို့လောက်သောက်သုံးလေ့မရှိကြပေမယ့် အခုနောက်ပိုင်းမှာ အနောက်နိုင်ငံတွေအထိ လူကြိုက်များမှုတဖြည်းဖြည်းပျံ့နှံ့လာတာ ဘာကြောင့်လို့ထင်ပါသလဲ။ ဆိတ်နို့မှာ အာဟာရဓါတ်တွေနဲ့ ကျန်းမာရေးအကျိုးေကျးဇူးတွေအများကြီးရှိနေလို့ပေါ့။တော်တော်များများက နွားနို့သောက်တာလည်း အရိုးနဲ့သွားကြံ့ခိုင်ကျန်းမာစေမယ့် ကယ်လ်စီယမ်ကြွယ်ဝတယ်ဆိုပြီးတော့လေ။

    ဒါပေမယ့် ဆိတ်နို့က ကလေးငယ်တွေအတွက်တောင် နွားနို့ထက်ပိုပြီး အစာကြေလွယ်တယ်၊ အာဟာရဓါတ်ပါဝင်မှုများတယ်ဆိုတာ လူသိနည်းပါသေးတယ်။ ဆိတ်နို့မှာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်၊ကော့ပါးနဲ့ ဇင့်ဓါတ်တွေအပြင် ဗီတာမင်အေ၊ ဘီ၊ စီ စတာတွေပါ ကြွယ်ဝတာဖြစ်ပါတယ်။ ဆိတ်နို့မှာပါဝင်တဲ့ ပရိုတင်းနဲ့အဆီက နွားနို့မှာထက် ပိုနူးညံ့လို့ အစာခြေဖျက်ရပိုလွယ်ကူပြီး အာဟာရဓါတ်တွေကို စုပ်ယူနိုင်စွမ်းပိုမြန်ပါတယ်။

    သူ့ရဲ့လူသိနည်းတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ ဆက်ပြီးကြည့်ရအောင် –

    အရိုးတွေကြံ့ခိုင်စေတယ်– ကယ်လ်ဆီယမ်ပါဝင်မှုများတာကြောင့် အရိုးတွေကို သန်မာစေနိုင်သလိုအရိုးပွရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ဆိတ်နို့က နွားနို့ထက် ကယ်လ်ဆီယမ်ပါဝင်မှုများပြီးဘေးထွက်ဆိုးကျိုးလုံးဝမရှိတဲ့ အာဟာရပြည့်သောက်စရာပါ။

    ဦးနှောက်ဖွံ့ဖြိုးစေတယ်ဆိတ်နို့မှာပါတဲ့ အာဟာရဓါတ်တွေကြောင့် ဦးနှောက်အာရုံကြောအတွက် အာဟာရဖြစ်စေပြီး မှတ်ဉာဏ်နဲ့ သင်ယူလေ့လာနိုင်စွမ်းကိုပါကောင်းမွန်စေပါတယ်။

    အာဟာရပြည့်ဝစေနိုင်တယ်– ဆိတ်နို့ရဲ့ အားသာချက်တစ်ခုက လူနို့တွေ၊ နွားနို့တွေထက်အာဟာရပါဝင်မှုများတာပါ။ အစာမကြေတာမျိုးမရှိဘဲ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ အာဟာရတွေကို အကောင်းဆုံးဖြည့်တင်းပေးနိုင်မှာပဲဖြစ်ပါတယ်။ ဆိတ်နို့မှာပါတဲ့ Taurineကြောင့် ဦးနှောက်အာရုံကြောအတွက် အာဟာရဖြစ်စေပြီး Choline ပါဝင်မှုကြောင့် ဦးနှောက်မှတ်ဉာဏ်နဲ့ သင်ယူလေ့လာနိုင်စွမ်းကိုပါကောင်းမွန်စေပါတယ်။

    ဇီဝကမ္မဖြစ်စဉ်ကိုတိုးတက်ကောင်းမွန်စေနိုင်တယ်– အာဟာရပြည့်ဝတဲ့ ဆိတ်နို့ကခန္ဓါကိုယ်မှာနေ့စဉ်လိုအပ်တဲ့ဗီတာမင် Bနဲ့ကယ်လ်ဆီယမ်တို့ကို ၄၀ ရာခိုင်နှုန်းအထိဖြည့်တင်းပေးပါတယ်။သံဓါတ်ဖြည့်တင်းပေးတာကြောင့်သွေးအားနည်းရောဂါနဲ့ သံဓါတ်ချို့တဲ့တာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

    နှလုံးကျန်းမာစေနိုင်တယ်– ဆိတ်နို့မှာပါတဲ့ Fatty Acids ကခန္ဓါကိယ်အတွက် အကျိုးပြုပြီး သွေးတွင်းကိုလက်စထရောပမာဏတိုးတာမျိုးလည်း မဖြစ်စေနိုင်ပါဘူး။လေဖြတ်တာ၊ ရုတ်တရက်နှလုံးရပ်တာ နဲ့ အခြားသောနှလုံးသွေးကြောဆိုင်ရာရောဂါတွေမခံစားရအောင် ကာကွယ်ပေးပါတယ်။သွေးကြောတွေကိုပြေလျော့စေပြီးသွေးတိုးကျစေနိုင်ပါတယ်။

    ကိုယ်ခံအားကောင်းစေတယ်– ဆိတ်နို့မှာ ကိုယ်ခံအားကောင်းစေဖို့အတွက် အရေးပါတဲ့ဆီလီနီယမ်ပါဝင်မှုပိုများပါတယ်။ ခန္ဓါကိုယ်ကိုဖျားနာမှုတွေကင်းဝေးအောင်လုပ်ဆောင်ပေးပြီး ကူးစက်ရောဂါပိုးတွေကနေ ကာကွယ်ပေးပါတယ်။

    ကြီးထွားသန်မာစေနိုင်တယ်–ပရိုတင်းကြွယ်ဝတာကြောင့် ဆိတ်နို့က ခန္ဓါကိုယ်ရဲ့ ဆဲလ်တွေ၊ တစ်သျှူးတွေ၊ကြွက်သားတွေနဲ့ အရိုးတွေ ကြီးထွားဖွံ့ဖြိုးဖို့အထောက်အပံ့ပေးပါတယ်။ ဆိတ်နို့သောက်ရင် အဓိကအာဟာရဓါတ်တွေကို ပိုစုပ်ယူနိုင်မှာဖြစ်တဲ့အတွက် ဦးနှောက်နဲ့ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကိုယ်ခံအားစနစ်ကိုပါကောင်းမွန်စေပါတယ်။

    သွေးတွင်းကိုလက်စထရောကျဆင်းစေနိုင်တယ်– ဆိတ်နို့ကသွေးတွင်းက မကောင်းတဲ့ ကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပြီး အကျိုးပြုကိုလက်စထရောပမာဏကိုတိုးစေနိုင်ပါတယ်။

    ဓါတ်မတည့်မှုဖြစ်နိုင်ခြေနည်းတယ် – ဆိတ်နို့က နွားနို့ထက် ဓါတ်မတည့်မှုဖြစ်နိုင်ခြေပိုနည်းပါတယ်။ ဆိတ်နို့မှာ ဓါတ်မတည့်မှုဖြစ်စေတဲ့ Beta Lactoglobulin ပါဝင်မှုနည်းလို့ ဓါတ်မတည့်ခြင်းကြောင့်ဖြစ်ရတဲ့ ဝမ်းလျှောခြင်း၊ဝမ်းမာခြင်း၊ အဖုအပိမ့်အနီကွက်ထခြင်း၊အော့အန်ခြင်းတွေဖြစ်နိုင်ခြေ သုံးဆလျော့နည်းစေပါတယ်။

    အသားအရေအစိုဓါတ်ထိန်းပေးတယ်– ဆိတ်နို့မှာပါတဲ့ အကျိုးပြု ကိုလက်စထရောတွေနဲ့ fatty Acid တို့က အသားအရေကို စိုပြည်လှပစေဖို့ အထောက်အပံ့ပေးပါတယ်။ ဗီတာမင် A ကြွယ်ဝစွာပါဝင်နေတာကြောင့် ဝက်ခြံတွေကို သက်သာစေနိုင်ပြီး အသားအရေကို စိုပြည်လှပစေနိုင်တယ်၊ Latic အက်ဆစ်က အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ဝင်းလက်တောက်ပစေနိုင်ပါတယ်။ ဒီအချက်ကြောင့်ပဲရေချိုးဆပ်ပြာတွေမှာ ဆိတ်နို့ကိုထည့်သွင်းပြုလုပ်ကြတာပါ။

    အစာခြေစနစ်ကျန်းမာစေနိုင်တယ်– ဆိတ်နို့ပရိုတင်းက အစာကြေလွယ်တယ်၊။ အစာခြေစနစ်ကို ကျန်းမာစေလို့ ဝမ်းချုပ်တာ၊လေပွတာလိုမျိုး အစာခြေစနစ်ပြဿနာတွေမဖြစ်စေဘူး။

    ဒီလိုဘက်စုံကောင်းကျိုးပေးနိုင်တဲ့ ဆိတ်နို့ကို အာဟာရအဖြစ်နဲ့ရွေးချယ်သောက်သုံးသင့်ပါတယ်လို့။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 05/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement