backup og meta

ဗီတာမင်အားဆေးတွေ ဘာလို့ သောက်ကြတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 24/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗီတာမင်အားဆေးတွေ ဘာလို့ သောက်ကြတာလဲ

    အစားစားပေမယ့် အားမရှိသလိုခံစားနေတယ်ဆိုရင် အားဆေးသောက်ပါလား လို့အကြံပေးတတ်ကြတယ်။ အမှန်တော့ အားဆေးက ဘာအတွက်လိုအပ်တဲ့အားဆေးလဲဆိုပြီး သီးခြားအာနိသင်အမျိုးမျိုးနဲ့ရှိတတ်ပါတယ်။ သောက်မယ့်သူရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီးတော့ပေါ့။ ဥပမာ – အာရုံကြောအားဆေးလား၊ ကိုယ်ဝန်ဆောင် အားဆေးလား စသည်ဖြင့်။

    အားဆေး ဘာလို့သောက်ကြတာလဲ

    အစားအသောက်ထဲကရရှိတဲ့အာဟာရဓါတ်က မလုံလောက်တာကြောင့်ပါ။ အသားငါးနဲ့အသီးအရွက်၊အသီးအနှံတွေနေ့တိုင်းစုံလင်စွာစားသုံးနေရင်းနဲ့တောင် လိုအပ်တဲ့အာဟာရဓါတ်တွေကို အစားအသောက်ကနေအလုံအလောက်မရရှိကြတာများတယ်ဆိုတာ သိရရင် အံ့သြသွားမလား။ အထွက်နှုန်းများဖို့၊အသီးထွားဖို့ ထိရောက်တဲ့ အခုခေတ်စိုက်ပျိုးရေးနည်းလမ်းတွေ၊ပြုပြင်စီမံထားတဲ့အစားအစာတွေများလာတာ၊ ရာသီဥတုဒဏ် စတာတွေကြောင့် သဘာဝအော်ဂင်းနစ်အစားအစာတွေမှာတောင် အရင်ကထက် အာဟာရဓါတ်ပြည့်ဝမှုလျော့နည်းလာပါတယ်။

    ဒါ့ကြောင့် အစားမပျက် ပုံမှန်စားနေလျက်နဲ့ အားမရှိသလိုခံစားနေရတာမျိုးဖြစ်လာတတ်တာပါ။ရောဂါအခံတစ်ခုခုရှိနေလို့လည်းဖြစ်နိုင်ပေမယ့် တစ်ခါတလေကျ ဗီတာမင်ဓါတ်တစ်မျိုးချို့တဲ့နေတာမျိုးလည်းဖြစ်နိုင်ပါတယ်။

    ဗီတာမင်အားဆေးတွေသောက်သုံးခြင်းက

    • ရောဂါတွေကိုခုခံကာကွယ်နိုင်တယ်
    • နေ့စဉ်စားသုံးသင့်တဲ့ အာဟာရဓါတ်တွေကို ထိုက်သင့်တဲ့ပမာဏ ပုံမှန်ရရှိနိုင်တယ်
    • အစားအသောက်ကနေရရှိမှု မလုံလောက်တဲ့ဓါတ်တွေကိုဖြည့်ဆည်းပေးနိုင်တယ်
    • ဆဲလ်တွေရဲ့လုပ်ဆောင်နိုင်စွမ်းကို အားဖြည့်ပေးနိုင်တယ်

    ဘယ်သူတွေ အားဆေးသောက်ဖို့လိုနေပြီလဲ

    လူတစ်ယောက်အတွက် အာဟာရဓါတ်ချို့တဲ့တာက နည်းနည်းလေးပဲဖြစ်စေဦးတော့ အချိန်ကြာလာရင် ပြဿနာဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ သတ်သတ်လွတ်စားသူတွေနဲ့ သက်ကြီးပိုင်းအရွယ်တွေသတိထားသင့်ပါတယ်။

    ဥပမာ အသားစားနည်းတဲ့သူတွေ၊ သတ်သတ်လွတ်စားသူတွေနဲ့ ခန္ဓါကိုယ်က ဗီတာမင်ဓါတ်စုပ်ယူမှုအားနည်းတဲ့သူတွေမှာ ဗီတာမင် B12 ချို့တဲ့တာများပါတယ်။ ဗီတာမင်B12 ချို့တဲ့ရင်အာရုံကြောထိခိုက်မှုနဲ့ ဦးနှောက်လုပ်ဆောင်ချက်ချို့ယွင်းလာတာတွေဖြစ်စေနိုင်ပါတယ်။

    အားဆေးသောက်ကြတဲ့ အကြောင်းရင်းတွေက အမျိုးမျိုးရှိကြပါတယ် –

    ကျန်းမာစွာအသက်ကြီးခြင်း – အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓါကိုယ်က အာဟာရဓါတ်စုပ်ယူနိုင်စွမ်းလျော့နည်းလာတာကြောင့် အာဟာရလိုအပ်ချက်က များလာပါတယ်။ ဒီလိုနဲ့ချို့တဲ့လာတဲ့ဓါတ်တွေကို ဗီတာမင်အားဆေးတွေကဖြည့်တင်းပေးနိုင်ပါတယ်။

    နှလုံးကျန်းမာရေး –အရည်အသွေးကောင်းတဲ့ ဗီတာမင်အားဆေးတွေသောက်သုံးခြင်းက နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေကိုလျော့နည်းစေနိုင်ပါတယ်လို့ သုတေသနတွေကဖော်ပြပါတယ်။ ဗီတာမင်B1၊ B2၊ B6၊ K1၊ Niacin (B3) ၊CoQ10 နဲ့ magnesium တို့အားလုံးက နှလုံးကျန်းမာရေးအတွက် အရေးပါပါတယ်။

    ကိုယ်ခံအားစနစ်- ဗီတာမင် C ဟာ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဗီတာမင် D နဲ့ E တို့ကလည်း ကိုယ်ခံအားကိုကောင်းစေတဲ့အပြင် ဓါတ်မတည့်မှုလက္ခဏာတွေကိုလျော့ပါးစေပါတယ်။

    မျက်စိကျန်းမာရေး – ဗီတာမင်A၊ C၊ E၊ Niacin (B3) နဲ့ selenium တို့က မျက်စိကျန်းမာရေးကို အထောက်အပံ့ပေးပါတယ်။

    ရေမှာပျော်ဝင်လွယ်တဲ့ဗီတာမင်များ – အဆီမှာပျော်ဝင်လွယ်တဲ့ဗီတာမင်တွေ(A၊ D၊ E နဲ့ K) ပိုလျှံရင် ခန္ဓါကိုယ်ထဲမှာ ထိန်းသိမ်းထားနိုင်ပါတယ်။ ရေမှာပျော်ဝင်လွယ်တဲ့ဗီတာမင်တွေကတော့ ခန္ဓါကိုယ်ကစွန့်ထုတ်လိုက်တဲ့အထဲပါသွားတတ်တယ်။ ဒီတော့ အဲဒီဗီတာမင်တွေကိုနေ့စဉ်ရရှိနေစေဖို့ အားဆေးသောက်ဖို့လိုပါလိမ့်မယ်။

    ဆံပင်နဲ့အသားအရေ – ဗီတာမင်B3 (Niacin)၊ biotin နဲ့ ဗီတာမင် C တို့က ဆံသားကျန်းမာရေးအတွက်ကောင်းပြီး ဆံပင်သန်စေပါတယ်။ အသားအရေကျန်းမာလှပဖို့က ဗီတာမင် A ၊C ၊ E နဲ့ CoQ10တို့ကို လိုအပ်ပါတယ်။

    ခွန်အားတိုးစေခြင်း- ဗီတာမင် ဘီအုပ်စုအပါအဝင် ဗီတာမင်အားဆေးတွေက ခွန်အားကိုတိုးစေပြီး စိတ်ဖိစီးမှုလျော့ပါးစေကာ ကျန်းမာသက်ရှည်စေပါတယ်။

    နာလန်ထစ ကျန်းမာရေး – နာမကျန်းဖြစ်ထားပြီး နာလန်ထစ အချိန်မှာ မြန်မြန်ကျန်းမာလာစေဖို့ ဗီတာမင်အားဆေးတွေက ကူညီပေးပါတယ်။ ခန္ဓါကိုယ်မှာ ဆုံးရှုံးသွားတဲ့ခွန်အားတွေကိုမြန်မြန်ပြန်ရရှိနိုင်ဖို့ ဗီတာမင်နဲ့သတ္တုဓါတ်တွေဖြည့်တင်းဖို့လိုအပ်ပါတယ်။

    အစားချင့်ချိန်စားရသူတွေ – အစားချင့်ချိန်စားနေသူတွေ၊ ဥပမာ – ကယ်လိုရီတွက်ပြီးစားနေတဲ့ အားကစားသမား သို့မဟုတ် သတ်သတ်လွတ်စားသူတွေမှာ လိုအပ်တဲ့အာဟာရဓါတ်တွေကို အစားအစာကနေ ရရှိနိုင်ဖို့မသေချာတဲ့အတွက် ဗီတာမင်အားဆေးတွေနဲ့မှပြည့်စုံမှာပါ။ ဥပမာ သတ်သတ်လွတ်သမားတွေမှာ အသားကနေရရှိနိုင်တဲ့ ဗီတာမင်ဘီအုပ်စုဝင်ဓါတ်တစ်ချို့ကို မရရှိနိုင်လို့ အားဆေးကနေပဲ ရရှိနိုင်မှာဖြစ်ပါတယ်။

    ဦးနှောက်ဉာဏ်စွမ်း – လူတွေက အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်စွမ်းရည်တွေကလျော့ကျလာပါတယ်။ သက်ကြီးပိုင်းရောက်လာတဲ့အခါ မှတ်ဉာဏ်စွမ်းရည်ယုတ်လျော့မှုကို ကာကွယ်နိုင်ဖို့၊နှေးကွေးစေဖို့ ဗီတာမင်အားဆေးတွေနဲ့အားဖြည့်ရပါတယ်။

    ကျန်းမာရေးနဲ့ညီညွတ်မျှတစွာစားသုံးပေးဖို့က အဓိကအရေးကြီးသလို အစာအာဟာရနဲ့ကျန်းမာတဲ့လူနေမှုပုံစံကို အားဆေးနဲ့အစားထိုးလို့မရဘူးဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အာဟာရဓါတ်တွေလိုအပ်တဲ့အခါ ဗီတာမင်အားဆေးတွေနဲ့ပြန်ဖြည့်တင်းရပါတယ်။ ဗီတာမင်အားဆေးတွေက တစ်နေ့တစ်လုံးသောက်ရုံနဲ့ လိုအပ်နေတဲ့နေရာကိုပြန်လည်ဖြည့်တင်း ကူညီပေးနိုင်ပါတယ်။ ဥပမာ ကျန်းမာရေးအတွက် အဓိကအရေးပါတဲ့ ဗီတာမင်နဲ့သတ္တုဓါတ် ၂၆ မျိုးပါရှိတဲ့ Renovit အားဆေးဟာ အသက်ကြီးသူများ၊ နာလန်ထစ လူနာများ၊ အစားနည်းသူများလို အာဟာရမပြည့်ဝသူတွေအတွက် အထူးသင့်လျော်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 24/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement