backup og meta

ပန်းဂေါ်ဖီစိမ်းရဲ့ ကျန်းမာရေး အကျိုးအာနိသင်များ


Eaindray Kha မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပန်းဂေါ်ဖီစိမ်းရဲ့ ကျန်းမာရေး အကျိုးအာနိသင်များ

    ပန်းဂေါ်ဖီစိမ်းရဲ့ ကျန်းမာရေး အကျိုးအာနိသင်များ

    ခုနောက်ပိုင်းမှာ ပန်းဂေါ်ဖီစိမ်းကို တော်တော်များများလေး စားသုံးလာကြသလို ဈေးထဲမှာလည်း ခပ်များများ တွေ့ရနိုင်ပါတယ်။ အစိမ်းရောင် ပန်းဂေါ်ဖီဟာ အဖြူရောင် ပန်းဂေါ်ဖီလိုပဲ ပုံသဏ္ဍာန်ဆင်တူပြီး အစိမ်းရောင် ပန်းဂေါ်ဖီကတော့ နည်းနည်းလေး ပိုသေးပါတယ်။ အစားအစာတော်တော်များများဟာ ပန်းဂေါ်ဖီစိမ်းကို ထည့်ချက်ကြပြီး ကျန်းမာရေးအတွက်လည်း အထူးသင့်တော်ပါတယ်။ ခန္ဓါကိုယ်ကျန်းမာရေးအတွက် ပန်းဂေါ်ဖီစိမ်းက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေး အကျိုးအာနိသင်တွေကို ဖော်ပြလိုက်ပါတယ်။

    ကင်ဆာရောဂါ

    ပန်းဂေါ်ဖီစိမ်းဟာ ကင်ဆာရောဂါတွေကို သက်သာစေပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ estrogen ပါဝင်ပြီး ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေကို တိုက်ထုတ်ပေးပါတယ်။ သုတေသီတွေက ပန်းဂေါ်ဖီစိမ်းဟာ ရင်သားကင်ဆာနဲ့ သားအိမ်ကင်ဆာ ဖြစ်စေနိုင်မှုကို လျှော့ချပေးနိုင်တယ်လို့ ဆိုထားပါတယ်။

    ကိုလက်စထရော

    ပန်းဂေါ်ဖီစိမ်းဟာ တခြားအစားအစာတွေလိုပဲ ပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်ပါဝင်တာကြောင့် ကိုလက်စထရောတွေကို လျှော့ကျစေပါတယ်။ အမျှင်ဓါတ်တွေကြောင့် အစာခြေလမ်းကြောင်း ကောင်းမွန်ဖို့ကိုလည်း စွမ်းဆောင်ပေးနိုင်ပါတယ်။ Institute of Food Research ကတော့ ပန်းဂေါ်ဖီစိမ်းဟာ မကောင်းတဲ့ကိုလက်စထရောတွေကို (၆) ရာခိုင်နှုန်း လျှော့ကျစေတယ်လို့ ဆိုထားပါတယ်။

    ရောင်ရမ်းခြင်းကို သက်သာစေခြင်း

    ပန်းဂေါ်ဖီစိမ်းမှာ အိုမီဂါ ၃ ပါဝင်တာကြောင့် ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။ ဒါ့အပြင် အဆစ်ရောဂါ ရှိသူတွေခံစားနေရတဲ့ အဆစ်ကိုက်ခဲခြင်းကိုလည်း လျှော့နည်းစေပါတယ်။

    အရိုးကျန်းမာရေး

    ပန်းဂေါ်ဖီစိမ်းမှာ ကယ်လ်စီယမ်နဲ့ ဗီတာမင် ကေ နှစ်မျိုးလုံး လုံလုံလောက်လောက် ပါဝင်တာကြောင့် အရိုးပွရောဂါတွေ မဖြစ်စေဘဲ အရိုးကျန်းမာရေးကောင်းဖို့ ထိန်းသိမ်းပေးပါတယ်။ ပန်းဂေါ်ဖီစိမ်းကို နေ့တိုင်းချက်စားတဲ့ ဟင်းလျာတွေထဲမှာ ထည့်စားပေးပါ။

    နှလုံးကျန်းမာရေး

    နှလုံးရောဂါအခံရှိသူတွေအနေနဲ့ ပန်းဂေါ်ဖီစိမ်း စားပေးဖို့ လိုပါတယ်။ ပန်းဂေါ်ဖီစိမ်းထဲမှာ ITCs ထဲက တစ်ခုဖြစ်တဲ့ Sulforaphane ပါဝင်တာမို့ သွေးတွင်းသကြားဓါတ်ကြောင့် သွေးကြောအနားသတ်တွေ ပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ အမျှင်ဓါတ်၊ fatty acid နဲ့ ဗီတာမင်တွေလည်း ပါဝင်သေးတာကြောင့် ခန္ဓါကိုယ်အတွင်း သွေးဖိအားကိုလည်း ထိန်းထားပေးပါတယ်။ ဒါ့အပြင် ကျန်းမာရေးအတွက် မသင့်တော်တဲ့ ကိုလက်စထရောတွေကို လျှော့ကျစေတာကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

    အသားအရေ

    အသားအရေ ကောင်းမွန်ခြင်းဆိုတာကလည်း ကျန်းမာရေးနဲ့ သက်ဆိုင်ပါတယ်နော်။ ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင်စီ၊ ဇင့်လိုမျိုးပဲ ဓါတ်တိုးဆန့်ကျင်မှုတွေ များများ ပါဝင်တာကြောင့် အသားအရေ ကြည်လင်တောက်ပစေပါတယ်။ အသားအရေ နီမြန်းခြင်းတွေ မဖြစ်ဖို့အတွက်လည်း ပန်းဂေါ်ဖီစိမ်းမှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်က စွမ်းဆောင်ပေးနိုင်ပါသေးတယ်။

    ပန်းဂေါ်ဖီစိမ်းရဲ့ အကျိုးကျေးဇူးတွေ သိရပြီဆိုတော့ များများစားပေးနော်။ ဒါမှ ကျန်းမာရေး ကောင်းမွန်လာမှာဖြစ်ပြီး စိတ်သွားတိုင်း ကိုယ်ပါနိုင်မှာနော်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Eaindray Kha မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement