backup og meta

နေကြာစေ့တွေရဲ့ ကျန်းမာရေးစွမ်းအင်


Eaindray Kha မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေကြာစေ့တွေရဲ့ ကျန်းမာရေးစွမ်းအင်

    နေကြာစေ့တွေရဲ့ ကျန်းမာရေးစွမ်းအင်

    နေကြာစေ့ဆိုတာနဲ့နေကြာပန်းကနေ ရတဲ့ အစေ့သေးသေးလေးတွေကိုမြင်ယောင်မိကြမှာပါ။နေကြာစေ့ကို ရုပ်ရှင်ရုံထဲမှာလည်းတော်တော်များများ စားကြပြီး ဆားအငန်ပါတာနဲ့ မပါတာနဲ့ဆိုပြီးတော့လည်း ရှိပါသေးတယ်။ ဆားအငံပါတာနဲ့ မပါတာက အရမ်းတော့ မကွာပါဘူး။သွေးတိုးရှိတဲ့သူတွေကတော့ ဆားအငန်ပါတာကိုရှောင်စားကြပါတယ်။

    နေကြာစေ့သေးသေးလေးတွေက နှလုံးကျန်းမာရေးကို အထောက်အကူပြုတဲ့ ရင်းမြစ်ဆိုရင် အံ့သြသွားလောက်ပါတယ်။နေကြာစေ့မှာကောင်းမွန်တဲ့အဆီနဲ့ နှလုံးကျန်းမာရေးကို အကျိုးပြုတဲ့phytosterolsတွေ ပါဝင်ပါတယ်။ ဒီအဆီဓါတ်တွေဟာသွေးတွင်းမှာ ကိုလက်စထရောလျှော့နည်းအောင် ကူညီပေးပါတယ်။ ဒါ့ကြောင့် နှလုံးကျန်းမာရေးကိုကောင်းမွန်အောင် ထိန်းထားချင်တယ်ဆိုရင်တော့နေကြာစေ့လေး စားပေးဖို့ လိုပါတယ်။

    နေကြာစေ့ စားတဲ့အခါမှာ ခွာရတဲ့အရသာ၊ အစေ့လေးတွေခက်ခက်ခဲခဲ ထုတ်ရပြီး စားရတဲ့ ခံစားချက်ကိုတော်တော်လေး နှစ်သက်တဲ့သူတွေ ရှိပါတယ်။နေကြာစေ့ကို ခံစားချက်ကောင်းမွန်ဖို့ စားတဲ့သူတွေလည်း ရှိပါတယ်။နေကြာစေ့မှာ စိတ်ခံစားချက်ကောင်းမွန်စေမယ့် အာဟာရဓါတ်တွေ အများကြီး ပါဝင်ပါတယ်။နေကြာစေ့မှာ ပရိုတင်းနဲ့ အမိုင်နိုအက်ဆစ် ပါဝင်ပါတယ်။ အမိုင်နိုအက်ဆစ်က ခန္ဓါကိုယ်ထဲသွေးလည်ပတ်စီးဆင်းမှုကိုကောင်းမွန်စေတာကြောင့်ပါ။

    လေ့လာသူတွေကတော့နေကြာစေ့မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်ဟာ အမျိုးသမီးတွေ ဓမ္မတာ လာတဲ့အခါမှာ စိတ်တိုလွယ်ခြင်း၊ စိတ်ဆတ်ခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ မဖြစ်အောင် ကူညီပေးတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင်နေကြာစေ့မှာ ကာဗိုလ်ဟိုက်ဒရိတ် ပါဝင်တာကြောင့် ဦးနှောက်စုပ်ယူနိုင်မှု စွမ်းအင်ကို ပိုအားကောင်းစေပါတယ်။ ဘာလို့လဲဆိုတော့ ဦးနှောက်ဆီကို သတင်းအချက်အလက်ပေးပို့မှုမြန်ဆန်စေတာကြောင့်ပါ။

    နေကြာစေ့မှာ ပါဝင်တဲ့ ဇင့်ဓါတ်ကလည်း အမျိုးသားတို့အတွက် မျိုးအောင်ဖို့ အထောက်အကူပြုပါတယ်။လေ့လာချက်တွေအရ ဇင့်ဓါတ်ဟာ သုတ်ပိုးအရေအတွက်၊ အရည်အသွေးနဲ့ စွမ်းဆောင်ရည်တွေကိုမြင့်တက်စေပါတယ်။နေကြာစေ့ (၁၀၀) ဂရမ်မှာ ဇင့်ဓါတ်(၅) မီလီဂရမ် ပါဝင်တာကြောင့် ဇင့်ဓါတ်အများဆုံး ပါဝင်တဲ့ အစားအစာဆိုရင်လည်း မမှားပါဘူး။

    နေကြာစေ့မှာ စိတ်ဖိစီးမှုတွေကိုလျှော့ကျစေမယ့် အာဟာရဓါတ်တွေအပြင် အိပ်ပျော်စေမယ့် သတ္တုဓါတ်တွေလည်း ပါဝင်ပါတယ်။နေကြာစေ့မှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်ဟာ အိပ်ပျော်စေဖို့ အပြည့်အဝ စွမ်းဆောင်နိုင်ပါတယ်။ ဒါကြောင့် ညဘက်အိပ်မပျော်တာတွေဖြစ်တယ်ဆိုရင် အိပ်ခါနီးမှာနေကြာစေ့နည်းနည်းလောက် စားပြီးမှ အိပ်ပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှာပါ။

    နေကြာစေ့သေးသေးလေးတွေရဲ့ စွမ်းအင်တွေကို သိထားပြီးပြီဆိုတော့ အပျင်းပြေလေးလောက်တော့ စားပေးနော်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Eaindray Kha မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement