backup og meta

ဆိတ်နို့ သောက်ရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးများ


Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆိတ်နို့ သောက်ရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

    နို့လို့ ပြောလိုက်တယ်ဆိုရင် လူတော်တော်များများ ပြေးမြင်ကြတာက နွားနို့ကိုပါ။ ဒါပေမယ့် သောက်လို့ရတာက နွားနို့တစ်ခုတည်း မဟုတ်ပါဘူး။ ဆိတ်နို့ ၊ ကျွဲနို့နဲ့ မြင်းနို့တို့ကလည်း သောက်လို့ရပါတယ်။ ဆိတ်နို့ဆိုရင် နွားနို့ထက် ပိုမွှေးသလို ပိုလည်းဆိမ့်ပါတယ်။ ဒီတစ်ခေါက်တော့ သောက်ရတာဆိမ့်ပြီး အရသာရှိလှတဲ့ ဆိတ်နို့အကြောင်းလေး နည်းနည်းလောက်ပြောပြပါရစေ။

    ဆိတ်နို့ အကြောင်း တစ်စေ့တစောင်း

    ဆိတ်နို့ က အရသာရှိသလို ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း တော်တော်လေးများပါတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အာဟာရဓာတ်တွေ စုံလင်စွာ ပါဝင်နေတဲ့အတွက် သောက်သုံးဖို့ သင့်တော်တဲ့ နို့တစ်မျိုးပါ။ ဆိတ်နို့မှာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ သကြားဓာတ်၊ ဆိုဒီယမ်တို့ ပါဝင်နေသလို ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နဲ့ ဇင့်တို့လိုမျိုး သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ဗီတာမင်တွေအနေနဲ့ကတော့ ဗီတာမင် A၊ ဗီတာမင် B နဲ့ ဗီတာမင် C တို့ပါဝင်နေပါတယ်။

    ဆိတ်နို့ သောက်ရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

    ဆိတ်နို့ကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက

    ကယ်လ်ဆီယမ်ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေနိုင်သလို အရိုးပွရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆိတ်နို့က နွားနို့ထက် ကယ်လ်ဆီယမ်ပါဝင်မှုများပြီး ဘေးထွက်ဆိုးကျိုးလုံးဝမရှိတဲ့ အာဟာရပြည့်သောက်စရာပါ။

    ဆိတ်နို့ က နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်သလို အစာမကြေတာမျိုးဖြစ်မှာကိုလည်း မစိုးရိမ်ရပါဘူး။ အစာအိမ်ဝေဒနာရှိသူတွေအတွက်လည်း သောက်သုံးပေးလို့ရပါတယ်။

    • အာဟာရပြည့်ဝစေနိုင်တယ် 

    ဆိတ်နို့ရဲ့ အားသာချက်တစ်ခုက နွားနို့ထက် အာဟာရပါဝင်မှုများတာပါ။ အစာမကြေတာမျိုးမရှိဘဲ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို အကောင်းဆုံးဖြည့်တင်းပေးနိုင်မှာပဲဖြစ်ပါတယ်။

    အာဟာရပြည့်ဝတဲ့ ဆိတ်နို့က ခန္ဓာကိုယ်မှာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင် B နဲ့ ကယ်လ်ဆီယမ်တို့ကို ၄၀ ရာခိုင်နှုန်းအထိ ဖြည့်တင်းပေးပါတယ်။ သံဓာတ်ဖြည့်တင်းပေးတာကြောင့်သွေးအားနည်းရောဂါနဲ့ သံဓာတ်ချို့တဲ့တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

    ဆိတ်နို့မှာပါတဲ့ Fatty Acids က ခန္ဓာကိုယ်အတွက် အကျိုးပြုပြီး သွေးတွင်းကိုလက်စထရောပမာဏတိုးတာမျိုးလည်း မဖြစ်စေနိုင်ပါဘူး။ လေဖြတ်တာ၊ ရုတ်တရက်နှလုံးရပ်တာနဲ့ အခြားသော နှလုံးသွေးကြောဆိုင်ရာရောဂါတွေ မခံစားရအောင် ကာကွယ်ပေးပါတယ်။ သွေးကြောတွေကို ပြေလျော့စေပြီး သွေးတိုးကျစေနိုင်ပါတယ်။

    ဆိတ်နို့ သောက်ရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

    • ကိုယ်ခံအားကောင်းစေတယ်

    ဆိတ်နို့ မှာ နွားနို့ထက် ဆီလီနီယမ်ပါဝင်မှု ပိုများပါတယ်။ ဒီဓာတ်က ကိုယ်ခံအားကောင်းစေဖို့အတွက် အရေးပါတဲ့ ဓာတ်တစ်ခုပါ။ ခန္ဓာကိုယ်ကို ဖျားနာမှုတွေ ကင်းဝေးအောင် လုပ်ဆောင်ပေးပြီး ကူးစက်ရောဂါပိုးတွေကနေ ကာကွယ်ပေးပါတယ်။

    • ကြီးထွားသန်မာစေနိုင်တယ်

    ပရိုတင်းကြွယ်ဝတာကြောင့် ဆိတ်နို့က ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေ၊ တစ်သျှူးတွေ၊ ကြွက်သားတွေနဲ့ အရိုးတွေ ကြီးထွားဖွံ့ဖြိုးဖို့အထောက်အပံ့ပေးပါတယ်။ ကျန်းမာပြီး ခန္ဓာကိုယ်ကြီးထွားသန်မာစေဖို့ သောက်သုံးပေးသင့်ပါတယ်။

    ဆိတ်နို့က သွေးတွင်းမှာရှိနေတဲ့ အကျိုးမပြုတဲ့ ကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပြီး အကျိုးပြုကိုလက်စထရောပမာဏကို တိုးစေနိုင်ပါတယ်။

    ဇီဝကမ္မဖြစ်စဉ်တွေကို အကောင်းဆုံးလည်ပတ်နိုင်အောင် လုပ်ဆောင်ပေးပါတယ်။ အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းချုပ်တာ၊ လေပွတာလိုမျိုး အစာခြေစနစ်ပြဿနာတွေ ကင်းဝေးစေနိုင်ပါတယ်။

    ဆိတ်နို့ မှာပါတဲ့ အကျိုးပြု ကိုလက်စထရောတွေနဲ့ fatty Acid တို့က အသားအရေကို စိုပြည်လှပစေဖို့ အထောက်အပံ့ပေးပါတယ်။ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဝက်ခြံတွေကို သက်သာစေနိုင်ပြီး အသားအရေကို စိုပြည်လှပစေမှာ အသေအချာပါ။ ဆိတ်နို့မှာပါတဲ့ Latic အက်ဆစ်က အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ဝင်းလက်တောက်ပစေနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement