backup og meta

စားသောက်ကုန်ပါ အညွှန်းများကို နားလည်အောင်ဖတ်ခြင်း


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စားသောက်ကုန်ပါ အညွှန်းများကို နားလည်အောင်ဖတ်ခြင်း

    အာဟာရပြည့်ပြီး မျှတသည့် အစားအစာပမာဏဖြင့် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် တစ်ချို့သောကင်ဆာများလို ရုပ်ပိုင်းဆိုင်ရာ ပြဿနာများဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပါသည်။ စားသောက်ကုန်ပါအညွှန်းများတွင် အစာနှင့်ပါတ်သတ်သည့် အချက်အလက်များဖြစ်သော အာဟာရတန်ဖိုး၊ ပါဝင်ပစ္စည်းနှင့် ကယ်လိုရီပမာဏတို့ ပါဝင်ပါသည်။

    ထို့ကြောင့် စားသောက်ကုန်များတွင်ပါသော အညွှန်းစာကို မဝယ်ယူခင် သေချာဖတ်ခြင်းက မိသားစုအတွက် လုံလောက်သည့် အာဟာရများရရှိရန် စမတ်ကျကျ ရွေးချယ်နိုင်မည်ဖြစ်သည်။

    အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) နှင့် ယူအက်စ် စိုက်ပျိုးရေးဌာန (USDA) တို့သည် ထုပ်ပိုးရောင်းချသည့်အစားအစာများ၏အညွှန်းများ၌ အစာတွင်ပါသော အာဟာရဆိုင်ရာ အချက်အလက်များကို ဖတ်ရသောပုံစံနှင့် ထည့်ရန် များသောအားဖြင့် အထုပ်၏ နောက်ကျောဖက် သို့မဟုတ် အတွင်းထဲတွင် ထည့်ခိုင်းပါသည်။

    အောက်၌ အစားအစာအညွှန်းများတွင် ပါတတ်သော အချက်အလက်တစ်ချို့ကို ဖော်ပြထားပါသည်။

    နေ့စဉ်လိုအပ်ချက်၏%ဖြင့်ပြခြင်း (%DV)

    ဤအချက်၌ သင်တစ်နေ့တာလိုအပ်မည့် အာဟာရ၏ရည်ညွှန်းပမာဏကို ရာခိုင်နှုန်းဖြင့်ဖော်ပြထားခြင်းဖြစ်သည်။ များသောအားဖြင့် တစ်နေတာလိုအပ်ချက် ၂၀၀၀၀ ကယ်လိုရီကို အခြေခံပြီး တွက်ပါသည်။

    အစာများမှ ကယ်လိုရီသည် အဓိကအားဖြင့် ကာဗိုဟိုက်ဒြိုက်၊ ပရိုတင်း၊ သကြားနှင့် အဆီများမှ လာသည်။ ထို့ကြောင့် သင်ထိုအစာတစ်ထုပ်လုံး စားလိုက်ပါက ရရှိမည့်ကယ်လိုရီကိုသိလိုလျှင် အညွှန်းကို ဖတ်ကြည့်ပါ။

    အစာတွင်ပါသော အာဟာရတစ်ခုစီကို သိနိုင်ရန် အထူးသဖြင့် ပြည့်ဝဆီများ၊ ဆိုဒီယမ်နှင့် အမျှင်ဓါတ်များကို သိနိုင်ရန် လူတိုင်း အညွှန်းကိုဖတ်သင့်ပါသည်။

    ပါဝင်သည့်ပမာဏနှင့် စားသောက်ကုန်တွင် ပါဝင်သည်များ

    စားသောက်ကုန်ပါ အညွှန်းစာများ၏ထိပ်တွင် ပါဝင်သည့် ပမာဏစာရင်းကို တွေ့နိုင်ပါသည်။ ပမာဏများကို စားသောက်ကုန်ထုတ်သူများမှ သတ်မှတ်ပြီး လူများ ယျေဘုယျအားဖြင့် စားသုံးသော ပမာဏကို အခြေခံပါသည်။ ထို့ကြောင့် စားသောက်ကုန်ကို နှစ်ခါစားလျှင် ပါဝင်သည့်အာဟာရများ နှစ်ဆစားကြောင်း ဆိုလိုပါသည်။

    အဆီများမှ ကယ်လိုရီ

    စားသောက်ကုန်တစ်ခုတွင်ပါသော စုစုပေါင်းကယ်လိုရီသည် အဆီမှလာသည်။ အဆီများသည် ကာဗိုဟိုက်ဒြိုက် သို့မဟုတ် ပရိုတင်းများထက် စွမ်းအင်ပိုထုတ်နိုင်သည်။ သို့သော် အဆီစားများခြင်းသည် နှလုံးရောဂါလို ကျန်းမာရေးပြဿနာများ ဖြစ်စေနိုင်ပါသည်။

    အစားအသောက်ပညာရှင်များက အရွယ်ရောက်ပြီးသူများတွင် အဆီမှရသော ကယ်လိုရီကို ၃၀%ထက် ပိုမစားသင့်ကြောင်း အသက် ၁-၃ နှစ်ကလေးများတွင်လည်း အဆီမှရသော ကယ်လိုရီကို ၃၀-၄၀ %ထိ ရသင့်ကြောင်း ဆိုကြပါသည်။

    အညွှန်းတိုင်းတွင် အဆီများကို စားရင်ပြုထားပြီး အထူးသဖြင့် ဆီးချိုသမားအတွက် အဆီပမာဏကို ထိန်းချုပ်နိုင်ရန် ဖော်ပြထားပါသည်။

    ပြည့်ဝဆီနှင့် မပြည့်ဝဆီ

    ပြည့်ဝဆီများကို “မကောင်းသောအဆီ” များဟုခေါ်ပြီး ၎င်းတို့သည် ကိုလက်စ်ထရောကို မြင့်တက်စေကာ နှလုံးရောဂါများကို ဖြစ်စေနိုင်ပါသည်။ တိရိစ္ဆာန်ထွက် စားသောက်ကုန်များဖြစ်သော ထောပတ်၊ ဒိန်ခဲနှင့် အသားများတွင် ပါရှိ၏။ မပြည့်ဝဆီများကိုတော့ “ကောင်းသောအဆီများ” ဟု ခေါ်ပြီး ဟင်းသီးဟင်းရွက်ဆီ၊ ခွံမာသီးနှင့် ငါးတို့တွင်ပါဝင်၏။

    နှလုံးရောဂါရှိသူများသည် ဒီအချက်လက်ကို သေချာဂရုစိုက်သင့်ပါသည်။

    (၁) ကိုလက်စ်ထရော

    ကိုလက်စ်ထရောကို အဆီဖော်ပြချက်အောက်၌ စာရင်းပြုထားတတ်သည်။ ကိုလက်စ်ထရောသည် ဗီတာမင်ဒီနှင့် တစ်ချို့ဟော်မုန်းများ ထုတ်လုပ်ရာတွင် အရေးပါသော်လည်း သွေးတွင်း၌ ပမာဏများလာပါက ရောဂါများကိုဖြစ်စေနိုင်ပါသည်။

    ကိုလက်စ်ထရောများခြင်းသည် သွေးကြောများကို ပိတ်စေနိုင်ပြီး နှလုံးဖောက်ခြင်း သို့မဟုတ် လေဖြတ်ခြင်းများကို ဖြစ်စေနိုင်ပါသည်။

    (၂) ဆိုဒီယမ်

    သွေးတိုးရှိသူများက ဤအချက်ကို သေချာဖတ်ရပါမည်။ ဆိုဒီယမ်များက သွေးပိုတိုးနိုင်ပါသည်။

    ဗီတာမင်များ

    ဗီတာမင်အေသည် မျက်လုံးအာရုံကောင်းရန် အရေးကြီးပြီး အဝါရောင်ဟင်းသီးဟင်းရွက်များဖြစ်သော မုန်လာဥနီနှင့် အစိမ်းရင့်ရောင်အရွက်များတွင် ပါရှိပါသည်။ ခန္ဓါကိုယ်မှ ဗီတာမင်စီကိုသုံးကာ တွယ်စပ်တစ်ရှူးများ တည်ဆောက်ခြင်း၊ အနာကျက်ခြင်းနှင့် ရောဂါပိုးများကို တိုက်ခြင်းတို့ ပြုလုပ်ပါသည်။

    ထိုကဲ့သို့အရေးပါမှုများကြောင့် ဗီတာမင်းများကို စားသောက်ကုန်အညွှန်းများတွင် စားရင်ပြုစုပေးပါသည်။ စားသောက်ကုန်တစ်ထုပ်လျှင် ပါဝင်သည့်ပမာဏကို တစ်ရက် ၂၀၀၀ ကယ်လိုရီနှုန်းပေါ် မူတည်ပြီးတွက်ချက်ပါသည်။

    (၃) အလက်ဂျီများရှိမရှိ

    အစားအသောက်ထုတ်လုပ်သူများသည် စားသောက်ကုန်အညွှန်း၌ ပါဝင်ပစ္စည်းများအားလုံးကို သေသေချာချာဖော်ပြပေးရန် လိုအပ်ပါသည်။ သို့သော် သင်၌ ထိုပါဝင်စ္စည်းတစ်ခုခုနှင့် ဓါတ်မတည့်မှုရှိပါက အမည်ကွဲများအားလုံးကို သိထားသင့်ပါသည်။

    အဘယ်ကြောင့်ဆိုသော် ထိုပါဝင်ပစ္စည်းသည် တစ်ခြားတစ်နေရတွင် ကိုယ်မရင်းနှီးသည့်အမည်ဖြင့် စာရင်းပြုထားကောင်း ပြုထားနိုင်သောကြောင့် ဖြစ်သည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement