ငှက်ပျောသီးမှာပါဝင်တဲ့ ပက်တင် (Pectin) လို့ ခေါ်တဲ့ အမျှင်ဓါတ်ေတွဟာ အစာကို လျင်မြန်စွာ ချေဖျက်နိုင်စေဖို့ ကူညီပေးတဲ့အပြင် သွေးတွင်း သကြားဓါတ်ကိုပါ ထိန်းညှိပေးနိုင်ပါတယ်။ အမျိုးအစား (၂) ဆီးချိုရောဂါရှင်ေတွအနေနဲ့ ငှက်ပျောသီးကို သင့်တင့်ရုံ ပမာဏလောက်သာ စားပေးနိုင်ရင် ပိုကောင်းပါတယ်။ ဒါ့အပြင် စားပြီးတာနဲ့ ဗိုက်ပြည့်သွားစေလို့ အစာမကြာခဏ စားချင်စိတ်ကို မဖြစ်စေတော့ အဝမလွန်စေဖို့ ကာကွယ်ပြီးသား ဖြစ်တာပေါ့။
၃။ အစာခြေစနစ်ကို မြှင့်တင်ပေးနိုင်တယ်။
ငှက်ပျောသီးမှာ ပါဝင်တဲ့ အမျှင်ဓါတ်နဲ့ ကစီဓါတ်ဟာ အူမကြီးထဲရောက်သွားတဲ့အခါမှာ ကိုယ်ခန္ဓါ အကျိုးပြုဘက်တီးရီးယားတွေအတွက် အစာဖြစ်သွားပါတယ်။ ဒီဘက်တီးရီးယားလေးတွေ များလာတာနဲ့ ကိုယ်ခံအားစနစ်ကိုသာမက အစာကောင်းကောင်း ချေဖျက်နိုင်ဖို့ကိုလည်း ကူညီပေးတယ်။ အူမကြီးကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
၄။ ကိုယ်အလေးချိန် ကျစေပါတယ်။
ကိုယ်အလေးချိန် ချဖို့ ရည်မှန်းထားတဲ့ မိန်းကလေးတွေအတွက် စားပေးသင့်တဲ့ အသီးတွေထဲမှာ ပါပါတယ်။ ငှက်ပျောသီးမှာ ကယ်လိုရီပမာဏ နည်းပြီး ပရိုတင်းဓါတ်နဲ့ တခြားအကျိုးပြု အာဟာရဓါတ်တွေ အများအပြား ပါဝင်ပါတယ်။ အမျှင်ဓါတ်ပါဝင်မှု များလို့ ကိုယ်အလေးချိန်ကို ကျစေပြီး အစာမကြာခဏ စားချင်စိတ်ကို ထိန်းချုပ်ပေးလို့ အဝမလွန်စေဖို့ ကူညီပေးနိုင်တာပေါ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။