ဗီတာမင် အေ ပါဝင်မှုကတော့ အသားအရေအတွက် အထူးကောင်းမွန်စေပါတယ်။ ကျွဲကောသီးမှာ ဗီတာမင် အေ များများ ပါဝင်တာကြောင့် အရေပြားအတွက် သွေးလည်ပတ်မှု ရရှိစေပြီး မျက်ကွင်းညိုတာတွေ လျှော့ချပေးပါတယ်။ ဒါ့အပြင် အရေးအကြောင်းနဲ့ အရွယ်မတိုင်ခင် အိုမင်းတာတွေကို လျှော့ချပေးနိုင်တဲ့ collagen လည်း ပါဝင်သေးတာမို့ နုပျိုစေမှာပါ။ ကျွဲကောသီး စားသုံးခြင်းဟာ အစက်အပျောက်တွေကို လျှော့ချပေးနိုင်သလို ဝက်ခြံတွေ မဖြစ်အောင်လည်း ထိန်းသိမ်းပေးပါတယ်။
ကျွဲကောသီးဟာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကိုလည်း ပျောက်ကင်းအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဆီးလမ်းကြောင်း တစ်လျှောက် ပိုးဝင်ခြင်းကြောင့် နာကျင်တာတွေကို လျှော့ချပေးနိုင်ပါတယ်။ ကျွဲကောသီးမှာ ပါဝင်တဲ့ ဗီတာမင်စီဟာ ဆီးလမ်းကြောင်း ကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင် တစ်မျိုးပါပဲ။
ကျွဲကောသီးမှာ ဓါတ်တိုးဆန့်ကျင်မှုတွေ ပါဝင်တာဟာ ရင်သားကင်ဆာနဲ့ အူကင်ဆာတွေ ဖြစ်ခြင်းကို တားဆီးပေးနိုင်ပါတယ်။ Estrogen ပါဝင်တာကြောင့် ကင်ဆာဆဲလ်တွေ ပြန့်ပွားတာကိုလည်း ထိန်းချုပ်ထားပေးပြီး အမျှင်ဓါတ်ကတော့ အူမကြီး ကင်ဆာ မဖြစ်ဖို့ စွမ်းဆောင်ပေးနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။