backup og meta

နွားနို့ မသောက်ခင် ဘာတွေသိထားဖို့လိုမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 27/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နွားနို့ မသောက်ခင် ဘာတွေသိထားဖို့လိုမလဲ

    နွားနို့ မသောက်ခင် ဘာတွေသိထားဖို့လိုမလဲ ….. ကျန်းမာတယ်ဆိုပြီး တစ်နေ့ကို တစ်ခွက်လောက် ပုံမှန်သောက်ဖြစ်နေတဲ့ နွားနို့ ကို သောက်နေပေမယ့် ဒါတွေရောသိပြီးရဲ့လား Hello ဆရာဝန်ပရိသတ်ကြီးရေ…… ကြိုက်လို့ပဲသောက်သောက်၊ ကျန်းမာအောင်ဆိုပြီးပဲသောက်သောက် နွားနို့သောက်မယ်ဆိုရင် ဒီအချက်လေးတွေတော့ သိထားပေးပါ။

    နွားနို့ တစ်ခွက်မှာပါတဲ့ အာဟာရတွေက ဘာတွေများလဲ

    နွားနို့တစ်ခွက် သောက်လိုက်တိုင်း အခုပြောတဲ့ အာဟာရဓာတ်တွေကို အပြည့်အဝရရှိနေမှာပါ။

    • အဆီဓာတ်
    • ကယ်လ်လိုရီ
    • ကာဗိုဟိုက်ဒရိတ်
    • ပရိုတင်း
    • ကယ်လ်ဆီယမ်
    • ဗီတာမင် ဒီ
    • ဖော့စဖောရပ်စ်
    • ရေဓာတ်
    • မဂ္ဂနီဆီယမ်
    • ပိုတက်ဆီယမ်
    • ဗီတာမင် အေ
    • ဗီတာမင် B2
    • နီယာဆင်တို့ပါဝင်နေပါတယ်။

    နွားနို့ မသောက်ခင် ဘာတွေသိထားဖို့လိုမလဲ

    နွားနို့ မသောက်ခင် ဘာတွေသိထားဖို့လိုမလဲ ဆိုတော့

    • နွားနို့ကို ဘယ်အချိန်သောက်တာအကောင်းဆုံးလဲ

    မနက်လား၊နေ့လယ်လား။ ညနေလား ဒါမှမဟုတ် ညအိပ်ခါနီးလား။ မနက်ခင်းအစောပိုင်းကလွဲရင် ကျန်တဲ့အချိန်တိုင်းမှာ နွားနို့သောက်လို့ရပါတယ်။

    မနက်ခင်းသောက်ရင် ….. အစာကြေခဲပြီး အစာခြေစနစ်ကို ဝန်ပိစေနိုင်ပါတယ်။

    နေ့လယ်ခင်းသောက်ရင် ……. ဆီးလမ်းကြောင်း ကျောက်တည်တာကို သက်သာစေပြီး အင်အားပြည့်စေပါတယ်။

    ညနေခင်းသောက်ရင်……..မျက်လုံးကျန်းမာစေနိုင်တယ်။

    ညအိပ်ခါနီးသောက်ရင်….. ပင်ပန်းတာကို သက်သာစေတယ်။ကောင်းကောင်းအိပ်ပျော်စေနိုင်တယ်။

    နွားနို့ မသောက်ခင် ဘာတွေသိထားဖို့လိုမလဲ

    • နွားနို့က လူတိုင်းနဲ့ တည့်လား

    နွားနို့က ကျန်းမာရေးအတွက် ကောင်းကျိုးများပေမယ့် လူတိုင်းနဲ့ မတည့်ပါဘူး။ နို့သကြားဓာတ်မစုပ်ယူနိုင်သူတွေက နွားနို့မသောက်သင့်ပါဘူး။

    • တစ်နေ့ကို နွားနို့တစ်ခွက်ပဲ သောက်သင့်တယ်

    အသက် ၈ နှစ်အထက် ကလေးတွေကနေစလို့ လူကြီးတွေဟာ တစ်နေ့ကို နွားနို့ ၂ ခွက်သောက်သုံးလို့ရသလို အခြားနို့ထွက်ပစ္စည်းတွေလည်း စားသုံးလို့ရပါတယ်။

    • နွားနို့တိုင်းက ဘေးကင်းတယ်

    နွားနို့က အာဟာရပြည့်ဝတဲ့ အစားအစာတစ်ခုမှန်ပေမယ့် ပြင်ဆင်ထုတ်ပိုးချိန်မှာ ရောဂါပိုးတွေ ကပ်ညှိတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် နွားနို့တိုင်းဘေးကင်းတယ်လို့ မဆိုသာပါဘူး။ နွားနို့သောက်တဲ့အခါ သေချာပိုးသတ်ထားတဲ့ နွားနို့ကို ရွေးချယ်ဖို့လိုပါမယ်။

    • ကလေးကို ဘယ်အချိန်မှာ နွားနို့တိုက်လို့ရလဲ

    တစ်နှစ်အောက်ကလေးတွေကို နွားနို့မတိုက်သင့်ပေမယ့် တစ်နှစ်ပြည့်ပြီးရင်တော့ နွားနို့တိုက်လို့ရပါပြီ။

    • နို့ကို အစိမ်းသောက်လို့လည်းရတယ်

    နွားနို့ကိုသေချာကျက်အောင်ကျိုပြီးသောက်တာကဘေးအကင်းဆုံးပါ။ ဒါမှ အာဟာရပြည့်ဝပြီးရောဂါပိုးကင်းတဲ့ နွားနို့တစ်ခွက်ဖြစ်လာမှာပါ။

    နွားနို့ဝယ်ရင် သတိထားရမယ့်အရာတွေက

    ထုပ်ပိုးမှုက ဘေးကင်းစိတ်ချရရဲ့လားဆိုတာကို သေချာကြည့်ဖို့လိုပါမယ်။ ထုပ်ပိုးမှုက ပွင့်နေတာ၊ ပေါက်ပြဲနေတာမျိုးဆိုရင် ရောဂါပိုးတွေ ဝင်နေနိုင်တာကြောင့် မသောက်သင့်ပါဘူး။

  • ကုန်ဆုံးရက်ကို စစ်ဆေးပါ
  • ကုန်ဆုံးရက်ကို သေချာစစ်ဆေးပြီးမှ ဝယ်ယူပါ။ ကုန်ဆုံးရက် အရမ်းနီးနေတာမျိုးကို ဖြစ်နိုင်ရင်မဝယ်ပါနဲ့။

    နွားနို့ မသောက်ခင် ဘာတွေသိထားဖို့လိုမလဲ

    • ပိုးသတ်ထားလား သေချာစစ်ပါ

    နွာနို့ ဝယ်တဲ့အခါ ရောဂါပိုးတွေပါ အဆစ်ပါ မလာစေဖို့ သေချာ ပိုးသတ်ထားတယ် ဆိုတဲ့ နွားနို့မျိုးကို ရွေးချယ်ပါ။

    • သေချာသိမ်းဆည်းပါ

    နွားနို့ကို တစ်ခါတည်းနဲ့ ကုန်အောင် မသောက်ဖြစ်ဘူး ဆိုရင် ဘူးမှာ ရေးထားတဲ့ သိမ်းဆည်းနည်းကို သေချာ ဖတ်ပြီး သိမ်းဆည်းပါ။ ရေခဲသေတ္တာထဲ ထည့်ရမှာကို အခန်း အပူချိန်မှာ ထားရင် အာဟာရ ပျက်ပြီး ခန္ဓာကိုယ်ကို ဆိုးကျိုး ဖြစ်လာစေနိုင်ပါတယ်။

    ဒီအချက်တွေကို ဂရုစိုက်လို့ နွားနို့ သောက်တဲ့အခါ ကျန်းမာပြီး အာဟာရ ပြည့်အောင် ဂရုစိုက်လိုက်ပါ Hello ဆရာဝန် ပရိသတ်ကြီးရေ……………….

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 27/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement