ကျန်းမာစွာချက်ပြုတ်ခြင်း

ကျန်းမာဖို့ဆိုရင် အစားအသောက်က အဓိကကျပါတယ်။ ဒီစာမျက်နှာမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို နေ့စဉ်ဘယ်လိုချက်ပြုတ်မလဲဆိုတာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာချက်ပြုတ်ခြင်း

စားအုန်းဆီ ကျန်းမာရေးနဲ့ ညီလား၊ မညီဘူးလား!

စာအုန်းဆီလို့ ပြောလိုက်ရင် တော်တော်များများ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ဆီလို့ မြင်လိုက်ကြပါတယ်။ ဒီတော့ စားအုန်းဆီ ကျန်းမာရေးနဲ့ ညီလား၊ မညီဘူးလား! မသိချင်ဘူးလား ……. စားအုန်းဆီက ခဲတယ်။ နှလုံးရောဂါ ရလိမ့်မယ်ဆိုတဲ့ စကားနဲ့ လက်ပွန်းတတီး ကြီးပြင်းလာကြပေမယ့် မနက်ခင်း အိပ်ရာနိုးချိန်ကစလို့ စားမိတဲ့ မနက်စာကနေ နေ့ခင်းနေ့လယ်နဲ့ ညမအိပ်ခင်မှာ စားလေ့ရှိတဲ့ သရေစာတော်တော်များများက စားအုန်းဆီနဲ့ လုပ်ဆောင်ထားတဲ့အရာတွေပါ။ စားသုံးမှု မြင့်တက်နေဆဲ စားအုန်းဆီ  မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှတွင်း နိုင်ငံတော်တော်များများမှာ စားအုန်းဆီ စားသုံးမှုက တော်တော်လေးကို မြင့်တက်လာနေတာပါ။   အခုနောက်ပိုင်းမှာ နေကြာဆီ၊ နှမ်းဆီ၊ ပဲပိစပ်ဆီ၊ ဟင်းသီးဟင်းရွက်ဆီဆိုပြီး ဆီအမျိုးအစားတွေ အမျိုးမျိုး ရှိလာကြပေမယ့် စာအုန်းဆီ စားသုံးမှုကတော့ ကျသွားတာမျိုး မရှိပါဘူး။ ဒီတော့ ကိုယ်တွေ နေ့တိုင်း စားသုံးမိနေတဲ့ အစားအစာတွေထဲမှာ […]

ကျန်းမာစွာချက်ပြုတ်ခြင်း ကို ရှာဖွေမည်။

ကျန်းမာစွာချက်ပြုတ်ခြင်း

ဆူရှီကို မှန်မှန်ကန်ကန် ဘယ်လို စားကြမလဲ

သင်သိပါသလား။ ဆူရှီတွေကို လက်နဲ့ ကိုင်စားတာကမှ မှန်ကန်တဲ့ နည်းလမ်းဆိုတာ။ နောက်တာ မဟုတ်ပါဘူး။ အတည်ပြောတာပါ။ ဆူရှီတွေဟာ ပြုလုပ်သူ စားဖိုမှူးတွေရဲ့ အနုပညာ လက်ရာတစ်ခုလို့ ဂျပန်တွေက သတ်မှတ်ထားတာပါ။ ဒီ အငွေ့အသက်လေးတွေ မပျောက်ပျက်သွားဖို့ ဆူရှီ (Maki နဲ့ Nigiri) စားတော့မယ်ဆိုရင် လက်ချောင်းလေးတွေနဲ့သာ ယူစားတာက ဂျပန်ရဲ့ ရိုးရာပါပဲ။ ဆာရှိမိ နဲ့ ချင်း (ဂျင်း) ကိုတော့ တူနဲ့ ယူစားလို့ ရပါတယ်။ ကဲ.. ဒါဆို ဆူရှီကို မှန်မှန်ကန်ကန် ဘယ်လို စားကြမလဲ ဆိုတာလေးတွေကို အတူတူ လေ့လာကြရအောင်။ ဆူရှီကို မှန်မှန်ကန်ကန် ဘယ်လို စားကြမလဲ ဆူရှီကို မှန်မှန်ကန်ကန် ဘယ်လို စားကြမလဲ ဆိုတော့ ၁။ တူကို မပွတ်ပါနဲ့။ တူနဲ့ စားမယ်ဆိုရင် […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ကျန်းမာရေးအတွက် မနက်စာ “ထောပတ်သီး အသုပ်”

တစ်နေ့တစ်နေ့ ဘာစားရမလဲ၊ ဘာချက်ရမလဲဆိုပြီး စဉ်းစားရတာ အရမ်းအလုပ်ရှုပ်တာနော်။ အထူးသဖြင့် အိမ်ထောင်ရှင်လေဒီလေးတွေ အစားတစ်လုပ် စားရဖို့အရေး ကျန်းမာရေးအတွက် ကြည့်ရတာနဲ့ အိမ်သားတွေ အကြိုက်ကို တွေးပူရတာနဲ့ စိတ်ညစ်စရာကြီးပေါ့။ ဒီတော့ လွယ်ကူရိုးရှင်းပြီး အချိန်လည်း သိပ်မပေးရတဲ့ ဟင်းချက်နည်းတစ်ခုကို ပြောပြပေးချင်ပါတယ်။ ထောပတ်သီး အသုပ် ချက်နည်း ပါဝင်ပစ္စည်း ထောပတ်သီး = ၂လုံး သခွားသီး = ၁လုံး ကြက်သွန်နီ = ၁စိတ် ခရမ်းချဉ်သီး = ၁လုံး (အသေးဆိုရင် ၃လုံး) သံလွင်ဆီ = ထမင်းစားဇွန်း ၂ဇွန်း သံပရာရည် = ထမင်းစားဇွန်း ၂ဇွန်း နံနံပင် = လက်တစ်ဆုပ်စာ ဆား = လက်ဖက်ရည်ဇွန်း ၁ဇွန်း သကြား = လက်ဖက်ရည်ဇွန်း ၁ဇွန်း ငရုတ်ကောင်းမှုန့် = ပါရုံလောက် အနည်းငယ် လိုအပ်ပါတယ်။ ဟင်းချက်နည်း ၁။ အရင်ဆုံး ထောပတ်သီးကို အခွံခွာပြီး အတုံးလေးဖြစ်အောင် […]


ကျန်းမာစွာချက်ပြုတ်ခြင်း

သင့်ကော်ဖီကို ဒီလိုအားဖြည့်ရအောင်

သင်ဟာ ကော်ဖီကြိုက်သူ တစ်ယောက်လား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆက်ဖတ်ကြည့်ပေးပါ။ သင်သောက်နေကျ သင့်ကော်ဖီကို ဒီလိုအားဖြည့်ရအောင် ပါ။ ကော်ဖီတစ်ခွက်ဟာ သင့်ကို လန်းဆန်းတက်ကြွစေနိုင်ပါတယ်။ ဒီကော်ဖီထဲကို သင့်ကျန်းမာရေးအတွက် အကျိုးဖြစ်စေမယ့် ဗီတာမင်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ တခြားအာဟာရဓာတ်တွေ ဖြည့်စွက်လိုက်တဲ့အခါ သင့်ကော်ဖီဟာ ပိုမိုပြီးပြည့်စုံသွားမှာ ဖြစ်ပါတယ်။ ကော်ဖီစွဲနေသူများအတွက်လည်း အာဟာရဓာတ်များ ပေါင်းထည့်ပေးခြင်းအားဖြင့် ပိုမိုအကျိုးရှိစေမှာ ဖြစ်ပါတယ်။ ယခုဖော်ပြပေးမယ့် နည်းလမ်းတွေကတော့ သင့်ရဲ့ကော်ဖီကို ပိုမိုအသက်ဝင် ထူးခြားအောင် ဘယ်လိုအာဟာရပစ္စည်းများနဲ့ အားဖြည့်ရမလဲ ဆိုတာပါပဲ။ သင့်ကော်ဖီကို ဒီလိုအားဖြည့်ရအောင် သင့်ကော်ဖီကို ဒီလိုအားဖြည့်ရအောင် ဆိုတော့ ဘယ်လို အားဖြည့်ရမလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ သစ်ကြံပိုးခေါက်မှုန့် ထည့်ပါ ကော်ဖီထဲကို သစ်ကြံပိုးခေါက်မှုန့်ထည့်ခြင်းဟာ အရသာပိုမိုထူးခြားစေတဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကိုလည်း ပိုမိုအားကောင်းသွားစေပါတယ်။ သစ်ကြံပိုးခေါက်ကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ရော ဆေးဘက်ဝင်ပစ္စည်းအနေနဲ့ပါ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သုံးစွဲခဲ့ကြပါတယ်။ သစ်ကြံပိုးခေါက်ဟာ နှလုံးအတွက်ရော ဦးနှောက်အတွက်ပါ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

သက်သတ်လွတ်စားခြင်းနှင့် ပတ်သက်သော အယူအဆအလွဲအချို့

သင့်တော်မျှတတဲ့ သက်သတ်လွတ်စားသောက်ပုံဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူး ဖြစ်စေပါတယ်။ ကိုယ်အလေးချိန် ထိန်းနိုင်ခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်ခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြေ လျော့နည်းစေခြင်း စတဲ့အကျိုးကျေးဇူးတွေ ပေးပါတယ်။ ဒါပေမယ့် သက်သတ်လွတ်စားခြင်းနဲ့ ပတ်သက်တဲ့ အယူအဆအလွဲတချို့ကို အမှန်အတိုင်းသိရှိမှ စားသင့်မစားသင့်ဆုံးဖြတ်ရာမှာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ သက်သတ်လွတ်စားခြင်းနဲ့ ပတ်သက်တဲ့ အယူအဆအလွဲတချို့ ဖြစ်ပါတယ်။ ၁။ သက်သတ်လွတ်အစားအစာဆိုသည်နှင့် ကျန်းမာရေးနှင့် ညီညွတ်ပြီးသားဟု ယူဆခြင်း သက်သတ်လွတ်စားသူဆိုတာနဲ့ ကျန်းမာရေးကောင်းသူလို့ ယူဆလိုက်တာတွေ ရှိပါတယ်။ အမှန်တော့ ဘာစားသလဲ၊ စားလိုက်တဲ့ အစာမှာ ဘာတွေပါဝင်သလဲဆိုတာကလည်း အရေးကြီးပါတယ်။ ဥပမာ ပဲပိစပ်နဲ့ ပြုလုပ်ထားတဲ့ သက်သတ်လွတ်ဟမ်ဘာဂါမှာ အဆင့်ဆင့်ပြုပြင်ထားတဲ့ ပစ္စည်းတွေပါဝင်ပြီး ကယ်လိုရီလည်း များပါတယ်။ သက်သတ်လွတ်စားတယ်ဆိုပေမယ့် ကယ်လိုရီနည်းပါးပြီး ဗီတာမင်နဲ့ အာဟာရဓာတ်တွေ မျှတအောင် စားသုံးနိုင်မှသာ ကျန်းမာရေးအတွက် အထောက်အကူပြုမှာ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ကန်စွန်းရွက်ကြော် ဟင်းတစ်ခွက် ကနေ ရလာမယ့် အကျိုးကျေးဇူးများ

ကန်စွန်းရွက်ကြော် ဆိုတာနဲ့ ကန်စွန်းပလိန်း ပူပူလေးကို ပြေးမြင်ကြမှာပါပဲ။ ကန်စွန်းရွက်ကို ကြော်စား၊ ချဉ်ရည်ချက်စားကြသလို လူကြိုက်များတဲ့ ကော်ရည်ခေါက်ဆွဲ၊ ဟော့ပေါ့၊ မာလာရှမ်းကော တို့မှာလည်း သူပါတာပဲလေ။ ဒီလို အမြဲစားနေကျ ကန်စွန်းရွက်က ဘယ်လို အာဟာရဓာတ်တွေ ပါတယ်၊ ဘာ ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးနိုင်သလဲ ဆိုတာ မသိချင်ကြဘူးလား။ ဒီဆောင်းပါးလေး ဖတ်ပြီး ကန်စွန်းရွက် မကြာမကြာ စားဖြစ်တယ်ဆို ဘယ်လောက် အကျိုးထူးသွားလိုက်မလဲ။ ကန်စွန်းရွက်ကြော် ဟင်းတစ်ခွက် ကနေ ရလာမယ့် အကျိုးကျေးဇူးများ ကန်စွန်းရွက်ကြော် စားတာက- သွေးတွင်းကိုလက်စထရော ကျစေတယ် ကန်စွန်းရွက် က ကိုလက်စထရော ကျစေခြင်းနဲ့ ကိုယ်အလေးချိန်ကျစေဖို့ အထောက်အကူပြုပါတယ်။ ကန်စွန်းရွက်ကြော် စားပေးတာက Triglycoside လိုမျိုး မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေတာပါ။ အသည်း အတွက် ကောင်းတယ် ကန်စွန်းရွက်မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက အသည်းကို အဆိပ်အတောက် […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ဟော့ပေ့ါကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားလို့ရပါတယ်

အရင်ဆုံး မျက်စိကို မှိတ်ပြီး ပူပူနွေးနွေး ဟော့ပေ့ါဟင်းရည်လေးရယ်၊ ဟင်းရွက်လေးတွေရယ်၊ အသားဖတ်လေးတွေရယ် ကို မြင်ယောင်ကြည့်ကြည့်ပါလား။ ရနံ့လေးတောင် နှာခေါင်းဝမှာ သင်းလာသယောင်ယောင် ခံစားမိလာမယ်ထင်ပါရဲ့နော်။ ဟော့ပေါ့စားတာဟာ ကျန်းမာရေးနဲ့ ညီညွတ်လားဆိုတဲ့ မေးခွန်းမျိုးကို မြန်မာပြည်မှာသာမကပါဘူး၊ ကမ္ဘာ့အနှံ့အပြားမှာပါ မေးမြန်းကြလေ့ရှိပါတယ်။ အဖြေကလည်း အမျိုးမျိုး အဖုံဖုံရယ်ပါ။ တကယ်က ဟော့ပေ့ါကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားလို့ရပါတယ် ။ တချို့ ဟော့ပေါ့ကို နှစ်နှစ်ခြိုက်ခြိုက်ကြိုက်တတ်သူတွေကတော့ ဟော့ပေါ့ဟာ ဘယ်လောက်ကောင်းကြောင်း၊ ဘယ်လောက် ကျန်းမာရေးနဲ့ ညီညွတ်ကြောင်း၊ ဘယ်လောက် ကျန်းမာစေကြောင်း ပြောတတ်ကြပါတယ်။ မကြိုက်တတ်သူတွေကျတော့လည်း ဆန့်ကျင်ဘက်ပေါ့။ တကယ်တော့ ဟော့ပေါ့ဟာ ဆိုဒီယမ်ဓာတ်များတာမို့ ဘေးထွက်ဆိုးကျိုးတွေရှိနေပေမယ့် အကြမ်းဖျဉ်းအားဖြင့် ကျန်းမာရေးနဲ့ ကိုက်ညီမှုရှိလေ့ရှိပါတယ်။ မှန်မှန်ကန်ကန်စားတတ်မယ်ဆိုရင် လူကို အကျိုးပြုနိုင်ပါတယ်။ ဒါပေမယ့် ဟော့ပေါ့ဆိုင်ရောက်သွားလို့ ဟင်းရည်အိုးမျက်စိရှေ့ရောက်လာပြီဆိုတာနဲ့ ခေါင်းထဲမှာ အသားဖတ်တွေ၊ အပ်မှိုတွေ၊ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

Collagen ဟင်းရည် ကြိုက်သူတွေ ရမယ့် အကျိုးကျေးဇူး (၇) ခု

Collagen ဟင်းရည်ဆိုတာ ဟော့ပေါ့ချစ်သူတွေ သိကြပြီးသား နေမှာပါ။ သိပ်အရသာ ရှိတယ် ဆိုပဲ။ အခုပြောပြမှာက ဒီဟင်းရည်မှာ ပါနေတဲ့ Collagen ဓာတ်အကြောင်းကိုပါ။ ဒီဓာတ်ကြောင့် ကိုယ့်မှာ ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မှာမို့လို့ စျေးကြီးပေးရတဲ့ ဖြည့်စွက်အာဟာရပုလင်းလေးတွေ ကိုတောင် တကူးတက ဝယ်သောက်လာကြသလဲ။ ဆက်ပြီး ကြည့်ရအောင်… Collagen (ကော်လာဂျင်) ဆိုတာ ခန္ဓာကိုယ်မှာ အပေါများဆုံးတွေ့ရတဲ့ ပရိုတင်းဖြစ်ပြီး အရွတ်၊ အရွတ်တွဲ၊ အရေပြားနဲ့ ကြွက်သားအပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းတော်တော်များများရဲ့ တွယ်ဆက်တစ်ရှူးတွေမှာ အဓိကပါဝင်နေတာဖြစ်ပါတယ်။ သူ့ရဲ့ အကျိုးကျေးဇူးတွေက - (၁) အသားအရေ လှတယ် ကော်လာဂျင်က အရေပြားမှာ အဓိကပါဝင်ဖွဲ့စည်းထားတဲ့ပရိုတင်းဖြစ်လို့ အသားအရေတင်းရင်းစေပြီး ရေဓာတ်ကို ဖြည့်တင်းနိုင်စွမ်း ရှိပါတယ်။ အသက်အရွယ်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က ကော်လာဂျင်ထုတ်လုပ်နိုင်စွမ်း ကျဆင်းလာတယ်၊ ကြာလာတော့ အသားတွေခြောက်လာတယ်၊ အရေးအကြောင်းတွေ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ကြက်ဟင်းခါးသီးဖျော်ရည်

ကြက်ဟင်းခါးသီးကို ဟင်းအနေနဲ့ချက်စားကြပေမယ့် ဖျော်ရည်အနေနဲ့ သောက်သုံးနိုင်တယ်ဆိုတာကိုတော့ သိရှိသူနည်းပါးတယ်။ နာမည်နဲ့လိုက်အောင်ပဲ ဖျော်ရည်မှာ ခါးတဲ့အရသာတော့ ရှိနေမှာ ဖြစ်ပါတယ်။ အရသာခါးပေမယ့် သွေးတိုးကျစေခြင်း၊ အရေပြားလှပခြင်း စတဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိတာကြောင့် နောက်ပိုင်းမှာ ဖျော်ရည်အဖြစ် သုံးစွဲလာကြပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြသွားမှာကတော့ ကြက်ဟင်းခါးသီးရဲ့ အာဟာရများနဲ့ ကျန်းမာရေးအကျိုးကျေးဇူးများအကြောင်းပဲ ဖြစ်ပါတယ်။ ကြက်ဟင်းခါးသီးကို သိပ္ပံအမည်အရ Momordica charantia လို့ခေါ်ဝေါ်ပါတယ်။ ပြင်ပပုံစံအရ ကြမ်းတမ်းပြီး တရုတ်မျိုးနဲ့ အိန္ဒိယမျိုးဆိုပြီး နှစ်မျိုးရှိပါတယ်။ ပါဝင်သော အာဟာရဓာတ်များ ကြက်ဟင်းခါးသီးဖျော်ရည်မှာ အရေးကြီးတဲ့ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ဥပမာအားဖြင့် ကြက်ဟင်းခါးသီးဖျော်ရည်တခွက် (၁၁၈ မီလီလီတာ) မှာ အာဟာရဓာတ်အားဖြင့် - ကယ်လ်လိုရီ ၁၆ ယူနစ် - ကာဗို ဟိုက်ဒရိတ် ၃.၄ ဂရမ် - အမျှင်ဓာတ် ၂.၆ ဂရမ် - ပရိုတိန်း […]


ကျန်းမာစွာချက်ပြုတ်ခြင်း

နာနတ်သီးဖျော်ရည် သောက်ပေးခြင်းရဲ့ အာဟာရတန်ဖိုး

နာနတ်သီးဆိုတာ အပူပိုင်းဒေသတွေနဲ့ ကမ်းခြေ အများစုမှာ အဓိက စားသုံးတဲ့ ဒေသ အစားအစာပါ။ အသီးအနေနဲ့ရော၊ ဟင်းချက်တဲ့ အခါ၊ ဖျော်ရည် အဖြစ် မျိုးစုံ စားသုံးနိုင်ပါတယ်။ သူ့ရဲ့ အရသာက ချဉ်ချဉ်လေးမို့ ခံတွင်းပျက်နေသူတွေအတွက်လည်း အစာစားချင်စိတ်ကို ဖြစ်စေတယ်။ ခံတွင်းရှင်းစေတယ်။ အစားအစာမှာ ထည့်ချက်ရင်လည်း အညှီနံ့ပျောက်ပြီး မွှေးရနံ့ သင်းပျံ့တာမို့ ကလေးတွေလည်း ကြိုက်ကြတယ်နော်။ ခုဆောင်းပါးကတော့ သဘာဝအတိုင်း ကြိတ်ထားတဲ့ နာနတ်သီးဖျော်ရည်ရဲ့ ကောင်းကျိုးတွေကို ပြောပြပေးမှာဖြစ်လို့ နာနတ်သီး ချစ်သူတွေလည်း စိတ်ဝင်စားနေမယ်လို့ မျှော်လင့်မိပါတယ်။ ၁။ အာဟာရတန်ဖိုး ပေါကြွယ်ဝတယ်။ တခြားသော အရည်ရွှမ်းပြီး အချဉ်ဓာတ် အရသာရှိတဲ့ အသီးတွေလိုပဲ၊ နာနတ်သီးကို ကြိတ်ပြီး ဖျော်ရည်သောက်လို့ အာဟာရဓာတ်တွေ အများအပြား ရနိုင်ပါတယ်။ ဒီအာဟာရဓာတ်တွေထဲမှာ ဗီတာမင် ဘီ စစ်၊ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ချင်း ပြုတ်ရည် နဲ့ ကိုယ်ခံအား

ချင်း ကို ဟင်းထဲ ထည့်ချက်ရတဲ့ အမွှေးအကြိုင်ပစ္စည်း တစ်မျိုးလို့ပဲ မထင်ထားပါနဲ့နော်။ အစားအသောက်တွေကို ရနံ့မွှေးကြိုင် စေနိုင်တဲ့ အစွမ်း အပြင် သူ့မှာ တခြား ဆေးဖက်ဝင် အစွမ်းအာနိသင်တွေ အများကြီးရှိနေလို့ပါပဲ။ ချင်း ပြုတ်ရည် နဲ့ ကိုယ်ခံအား ကိုယ်ခံအားကောင်းဖို့ ချင်းပြုတ်ရည် သောက်ကြပါတယ်တဲ့။ မှန်ပါတယ်။ ချင်း မှာ ပါဝင်တဲ့ ရောင်ရမ်းမှုလျော့ကျစေတဲ့ အာနိသင်နဲ့ ဓာတ်တိုးဆန့်ကျင် အစွမ်းသတ္တိ တို့ကြောင့် ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးနိုင်ပါတယ်။ လေ့လာမှုတွေအရလည်း ချင်းဟာ ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်တယ်လို့ တွေ့ရှိထားပါတယ်။ ပိုထိရောက်ချင်ရင်တော့ ကိုယ်ခံအားကို ကောင်းစေတဲ့ အာနိသင်ပါဝင်ပြီးသားဖြစ်တဲ့ ပျားရည်၊ သံပရိုရည် စတာတွေနဲ့ ချင်းရေနွေးကြမ်းမှာ ရောနှောသောက်သုံးနိုင်ပါတယ်။ ဒီနှစ်မျိုးစလုံးက ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် ပိုးတွေကို သေစေနိုင်စွမ်းရှိတယ်လေ။ ပျားရည်က ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်သလို သံပရိုသီးကလည်း […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)