backup og meta

အဆီကျစေမယ့် Detox Waterတွေ ကိုယ်တိုင်လုပ်မယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Yun Sandi Nan Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆီကျစေမယ့် Detox Waterတွေ ကိုယ်တိုင်လုပ်မယ်

    Detox water ကိုတော့တော်တော်များများသိကြမှာပါ။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်ဓာတ်တွေကင်းစင်စေတယ်၊ အလုံးစုံကျန်းမာရေးအတွက်ကောင်းတယ်၊ အဆီကျတယ် စတဲ့ သဘာဝအကျိုးကျေးဇူးတွေကြောင့် လူကြိုက်များကြတာပါ။ ခုခေတ်စားနေတဲ့ အဆီချအစားအသောက်အစီအစဉ်တွေမှာလည်း Detox water မပါလို့မဖြစ်ပါဘူး။

    အဆီကျစေမယ့် Detox Waterတွေ ကိုယ်တိုင်လုပ်မယ်

    သူက ဘာတွေထူးခြားနေလို့များလဲ။ ရေဓာတ်တော့အပြည့်အဝရမှာသေချာတယ်။ ရေနဲ့စိမ်ထားရတာကိုး။ အမှန်တော့ Detox water ဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓာတ်တွေမှန်သမျှကို ကင်းစင်စေတဲ့အပြင် ဝိတ်ချဖို့အစားဆင်ခြင်နေရချိန်မှာ ကျန်းမာဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓါတ်တွေဖြည့်တင်းပေးနိုင်တဲ့သောက်စရာတစ်ခုဖြစ်ပါတယ်။ အဆီကျလို့ ပိုလည်းလှစေ၊ ခွန်အားလည်းပြည့်စေနိုင်စွမ်းရှိပါတယ်။

    Detox water ဘယ်လိုလုပ်ရလဲ

    သူများဆီက ဝယ်သောက်ရတာDetox water ကနည်းနည်းဈေးကြီးပါတယ်။ ပြုပြင်စီမံထားခြင်းမရှိ၊ တာရှည်ခံဓာတုပစ္စည်းမပါဝင်ဘဲ သဘာဝပစ္စည်း၊ အသီးအရွက်တွေနဲ့ပြုလုပ်ထားတာဖြစ်လို့ organic သို့မဟုတ် homemade စသည်ဖြင့် အာမခံပြီးဈေးကောင်းကောင်းနဲ့ရောင်းကြပါတယ်။ အွန်လိုင်းမှာလည်းရောင်းချနေတာဆိုတော့ အိမ်အရောက်ပို့ခနဲ့ဆို ပိုတောင်ကုန်ဦးမယ်။

    ဒါဆို အဆီကျကျစ်လျစ်ချင်လို့ အစားလျှော့ Diet လုပ်နေတဲ့ လေဒီတွေနဲ့ အားကစားလုပ်နေတဲ့သူတွေအတွက် အသုံးတည့်မယ့်Detox water ကို အိမ်မှာကိုယ်တိုင်လုပ်ကြမလား။ အချိန်လည်းမကုန်ဘူး၊ငွေလည်းမကုန်ဘူး၊ လွယ်လွယ်လေးရယ်။

    Detox water လုပ်မယ်ဆိုရင် သိထားရမယ့်အချက်တွေက

  • အသီးစိမ်ဖို့ တစ်လီတာခွဲဆံ့ အဝကျယ်ဘူးကြီးတစ်ခု သို့မဟုတ် ကရားတစ်ခုတော့လိုပါမယ်။
  • အသီးတွေအရင်ထည့်ပြီးမှ ရေ(ရေခဲရေပိုကောင်း) အပြည့်ထည့်၊ ရေခဲသေတ္တာထဲ ထည့်ထားရတာဖြစ်ပါတယ်။
  • အရသာလုံးဝပျောက်မသွားသေးသရွေ့ နှစ်ကြိမ်၊ သုံးကြိမ်အထိ ရေပြန်ဖြည့်ပြီးစိမ်သောက်လို့ရပါတယ်။ရေခဲသေတ္တာထဲမှာမဟုတ်ရင်တော့ အသီးတွေလတ်ဆတ်နေမှာမဟုတ်ဘဲ ပုပ်သွားနိုင်ပါတယ်။
  • တစ်ခါစိမ်ပြီးရင် နေ့ချင်းပြီးသောက်တာ အကောင်းဆုံးပါပဲ။ ပုပ်သွားတတ်လို့ပါ။
  • ခါးသက်သက်အရသာ မပါစေချင်ရင် အချဉ်သီးတွေကို အခွံခွာထည့်ပါ သို့မဟုတ်လေးနာရီကျော်ရင် အခွံပါတဲ့အသီးတွေကို ဖယ်လိုက်ပါ။
  • အလွယ်ဆုံးDetox Water လုပ်နည်း (၆) မျိုး

    (၁) Apple Cinnamon Honey Detox Water (ပန်းသီးပျားရည်၊သစ်ကြံပိုးခေါက် )

    • ပန်းသီးတစ်လုံးကို အူတိုင်နဲ့အစေ့ဖယ်ပြီး ပါးပါးလှီးပါ
    • သစ်ကြံပိုးခေါက် တစ်ချောင်း(အမှုန့်မထည့်ရပါ)။
    • ပျားရည်စစ်စစ် နှစ်ဇွန်း။

    (၂) Slim Down Detox Water (အဆီကျDetox)

    • သံပရာသီးတစ်ခြမ်း
    • သံပရိုသီးတစ်ခြမ်း
    • ဂရိတ်ဖရုသီး တစ်ခြမ်း
    • သခွားသီးတစ်လုံး ကိုအကွင်းလှီးပါ။

    (၃) Watermelon Strawberry Mint Detox Water (ဖရဲသီး၊စတော်ဘယ်ရီ )

    • ဖရဲသီးတစ်စိတ်ကို အတုံးလေးတွေလှီးပါ။
    • စတော်ဘယ်ရီ ငါးကျပ်သားလောက်ကို တစ်ခြမ်းစီခြမ်းထားပါ။
    • ပူစီနံရွက် ၆ ရွက် (အနံ့ထွက်ရုံလောက်လေး လက်နဲ့ဖွဖွချေလိုက်ပါ)

    (၄) Cucumber Lemon Basil Water (သခွားသီး၊သံပရာ၊ပင်စိမ်း)

    • သခွားသီးအရွယ်တော်တစ်လုံးအကွင်းလှီးပါ
    • သံပရိုသီးနှစ်စိတ်
    • ပင်စိမ်းရွက် သုံးရွက်

    (၅) Strawberry Lemon Mint Detox Water (စတော်ဘယ်ရီ၊သံပရို)

    • သံပရိုသီးတစ်လုံးကို ပါးပါးအကွင်းလှီးပါ
    • စတော်ဘယ်ရီ ၁၅ လုံးကိုလေးစိတ်စီစိတ်ပါ
    • ပူစီနံရွက် ၅ ရွက်

    (၆) Citrus Mint Detox Water (ဗီတာမင်စီ အသီးစုံ)

    (အဆီကျမြန်စေနိုင်တဲ့ Detox အချိုးအစား ဖြစ်လို့ အစာအိမ်ရောဂါရှိသူတွေ မသင့်တော်ပါ)

    • ပါးပါးကွင်းလှီးထားတဲ့ သံပရာသီး ၃ လုံး
    • သံပရိုသီး တစ်လုံး
    • ပူစီနံ ၁၅ ရွက်ခန့်

    ပုံမှန်စားသုံးနေကျ အသီးအနှံတွေနဲ့ပဲ ကိုယ်တိုင်ပြုလုပ်တာဖြစ်တဲ့အတွက် သန့်ရှင်းမှုနဲ့လတ်ဆတ်မှုကို ပိုစိတ်ချရပါတယ်။ ဒါကတော့ အလွယ်ဆုံးနည်းလေးတွေဖြစ်လို့ ကိုယ့်နှစ်သက်ရာ အချိုမများတဲ့၊ အမှည့်မလွန်တဲ့ အသီးအနှံတွေလည်း ထပ်ပေါင်းထည့်လို့ရပါတယ်။ စစိမ်တည်းက တစ်ခါတည်းအတူထည့်ဖို့တော့လိုပါတယ်။ ကဲ …. အဆီကျစေမယ့် Detox Waterတွေ  ကိုယ်တိုင် လုပ်ကြည့်လိုက်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Yun Sandi Nan Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement