backup og meta

အင်းလေး ဟင်းထုပ် ကပေးတဲ့ ဘေးကင်းတဲ့အာဟာရ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 19/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အင်းလေး ဟင်းထုပ် ကပေးတဲ့ ဘေးကင်းတဲ့အာဟာရ

    ဟင်းထုပ် ၊ ဟင်းထုပ်ဆိုပြီး ရှမ်းဆိုင်တွေမှာ ဝယ်စားကြပါတယ်။ နာမည်အရသာ ဟင်းထုပ်လို့ ခေါ်တာပါ။ ဆန်မှုန့်ရယ်၊ ကြက်သွန်မြိတ်ရယ် ရောစပ်ပြီး ပြုလုပ်တဲ့ ရှမ်းအစားအစာ တစ်မျိုးပါ။ ရှမ်းပြည်နယ်ရဲ့ နေရာဒေသ အမျိုးမျိုးမှာ ဟင်းထုပ်ပါဝင်ပစ္စည်းတွေ၊ ပြုလုပ်နည်းတွေ နည်းနည်းစီ ကွဲပြားကြပေမယ့် အခြေခံအားဖြင့်တော့ ဒီနှစ်မျိုးကအဓိကပါ။

    ကြက်သွန်မြိတ်နဲ့ ဆန်(ထမင်း) ရဲ့ အာဟာရတန်ဖိုးတွေကြောင့် ရှမ်းပြည်ရဲ့ ဝိသေသဆောင်တဲ့ အင်းလေး ဟင်းထုပ် က အာဟာရလည်းဖြစ်၊ ဆေးဖက်လည်း ဝင်တာ ဖြစ်ပါတယ်။ ဆန်မှုန့်ကနေ ကယ်လိုရီ လုံလောက်စေမှာဖြစ်လို့ ခွန်အားလည်း ပြည့်မယ်၊ ဘေးလည်းမရှိဘူး၊ ကြက်သွန်မြိတ်အစွမ်းနဲ့ အစာကြေလွယ်စေမယ်၊ အသားဓာတ် ထပ်လိုချင်ရင် ငါး သို့မဟုတ် ကြက်/ဝက်တစ်မျိုးမျိုးထည့်ပြီးလည်း စားသုံးနိုင်ပါတယ်။

    အင်းလေး ဟင်းထုပ် ကပေးတဲ့ ဘေးကင်းတဲ့အာဟာရ

    ကြက်သွန်မြိတ်က –

    အင်းလေး ဟင်းထုပ် ကပေးတဲ့ ဘေးကင်းတဲ့အာဟာရ

    ဆန်မှုန့်ကတော့ ခန္ဓာကိုယ်အတွက် စွမ်းအင်ပေးတဲ့ ကာဗိုဟိုက်ဒရိတ်၊ ကိုယ်တွင်း ကယ်လ်ဆီယမ်နဲ့ ဖော့စဖရိတ်ဓာတ်ကိုတွေကို ထိန်းညှိပေးဖို့လိုအပ်တဲ့ ဗီတာမင် D၊ အရိုးတွေ ကြံ့ခိုင်သန်စွမ်းဖို့အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်၊ အစာတွေကို ကြေညက်စေဖို့နဲ့ အူလမ်းကြောင်းက အာဟာရဓာတ်တွေစုပ်ယူမှုကို အားဖြည့်ပေးတဲ့ အမျှင်ဓာတ်၊ ခန္ဓာကိုယ်ရဲ့ သွေးဆဲလ်တွေကို တိုးပွားစေနိုင်တဲ့ သံဓာတ်၊ ခန္ဓာကိုယ်ရဲ့ သွေးပမာဏနဲ့ ရေဓာတ်ပမာဏကို ထိန်းညှိပေးတဲ့ ဆိုဒီယမ်တို့ ပါဝင်ပါတယ်။ ပြီးတော့ –

    အင်းလေး ဟင်းထုပ် ကပေးတဲ့ ဘေးကင်းတဲ့အာဟာရ

    သက်သတ်လွတ် ဟင်းထုပ် ကို လုပ်စားကြတာများပေမယ့် အသားနဲ့လည်း ရပါတယ်။ လွယ်လည်းလွယ်၊ ပါဝင်ပစ္စည်းလည်း ရှာရမခက်ဘဲ၊ အာဟာရဖြစ်စေနိုင်တာပါ။ တချို့က ကြက်သွန်မြိတ်တစ်မျိုးသာအသုံးပြုပြီး တချို့က မုန်လာထုပ်၊ ငှက်ပျောဖူး၊ ကြက်သွန်ဖူး၊ ကြက်သွန်နီတို့ကို အသုံးပြုကြပါတယ်။

    လိုအပ်တာက – ကြက်သွန်မြိတ် ၊ဆန်မှုန့်၊ ငှက်ပျောရွက်၊ ဂျူးမြစ်၊ငရုတ်သီးကြော်၊ ကြက်သွန်ဖြူဆီချက်။

    • ကြက်သွန်မြိတ်ကို ရေစင်အောင်ဆေးပြီး လှီးထားပါ။
    • ဆန်မှုန့်ထည့်ပါ။
    • အရသာ အပေါ့၊အငန်ထည့်ပါ။
    • ရေဆေးထားတဲ့ ငှက်ပျောရွက်ကို လှီးဖြတ်၊ နယ်ထားတဲ့အစာတွေထည့်ပြီး ထုပ်ပါ။
    • သွားကြားထိုးတံလေးနဲ့ ပိတ်လို့ရပါတယ်။
    • ပေါင်းအိုးထဲမှာ မိနစ် ၂၀လောက်ပေါင်းပါ။
    • အသားထည့်လိုတယ်ဆို အသားကို အရသာနဲ့ အနည်းဆုံးနှစ်နာရီလောက် နှပ်ထားပါ။ ပြီးမှ နယ်တဲ့ အထဲ ထည့်ပြီး ထုပ်ပါ။ အသားပါတဲ့ ဟင်းထုပ် ကိုတော့ နာရီဝက် အနည်းဆုံး ထားပေါင်းပေးပါ။
    • ကျက်ပြီဆိုရင်တော့ ကြက်သွန်ဖြူဆီချက်၊ ဂျူးမြစ်၊ ငရုတ်သီးကြော်တို့ဖြင့် တွဲဖက်ပြီး ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီ။

    အစာစားချင်စိတ် နည်းပြီး ခံတွင်းပျက် နေတဲ့ လူကြီးမိဘတွေ အတွက် အထူးအဆန်းလေးလည်း ဖြစ်၊ အာဟာရလည်း ဖြစ်စေမယ့် အစားအစာ ဆိုတော့ အိမ်မှာ လုပ်စားနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 19/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement